Thursday, July 10, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeCelebrities' News၃၄နှစ်ပြည့် မွေးနေ့မှာ ပရိသတ်တွေနဲ့...

၃၄နှစ်ပြည့် မွေးနေ့မှာ ပရိသတ်တွေနဲ့ အတူအလှူအတန်းပြုလုပ်တဲ့ ချစ်သုဝေ

သရုပ်ဆောင်အဆိုတော် ချစ်သုဝေရဲ့ ၃၄နှစ်ပြည့်မွေးနေ့ အလှူအဖြစ် ရေဘေးသင့်ပြည်သူများအတွက် ဩဂုတ်လ ၁၀ ရက်နေ့ နေ့ လယ် ၁၂ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အလှူငွေ ကျပ် ၁၀ သိန်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ချစ်သုဝေနဲ့အတူ Ferrovit မိသားစုကလည်း အလှူငွေ ကျပ် ၁၀သိန်း လှူဒါန်းခဲ့ ပါတယ်။ ချစ်သုဝေက အရင်တုန်းကဆိုရင် မွေးနေ့မရောက်ခင် တစ်လအလိုလောက်ကတည်းက မွေးနေ့အတွက် ရင်ခုန်ပြီး ကြိုတင်စီစဉ်တတ်သူပါ။ မိခင်တစ်ယောက် ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်မွေးနေ့ဆိုတာကိုလည်း ခေါင်းထဲ သိပ်မရှိတော့ဘဲ သမီးလေးနှစ်ယောက်အတွက်ပဲ အမြဲခေါင်းထဲ ရှိနေတယ်လို့ ဆိုပါတယ်။ မွေးနေ့မှာ ခင်ပွန်းဖြစ်သူဆီက စန္ဒရားအဖြူလေး လက်ဆောင်ရရှိခဲ့တဲ့ ချစ်သုဝေက –

“မွေးနေ့ မတိုင်ခင်ကတည်းက သဲသဲကို ဘာပေးမှာလဲဆိုတော့ ကိုလင်းက တန်ဖိုးဖြတ်မရတာတစ်ခုပေးမယ်။ ဒါပေမဲ့ တန်ဖိုးထားတတ်မှ ရမယ်တဲ့။ နှစ်တိုင်းသူက စကားကတိတွေ ပေးတာကိုး။ ဒါပေမဲ့ မွေးနေ့ မတိုင်မီညကတော့ စန္ဒရားအဖြူလေး လက်ဆောင်ပေးတယ်။ အစ်မက စန္ဒရားလည်း မတီးတတ် ဘူး။ စငညေသ ဆိုလို့ ရောင်စုံဘောလုံးတစ်ပုဒ်ပဲ တီးတတ်တယ်။ သမီးလေးတွေ လည်း သင်ရမယ်။ အစ်မလည်း စသင်ရမယ်ဆိုပြီး စန္ဒရား လက်ဆောင်ပေး တယ်။ ပျော်တာ တစ်ဝက်တာဝန်ကြီးတာတစ်ဝက်ပေါ့” လို့ ပြောပါတယ်။

We Love Chit Thu Waiအဖွဲ့ က ဩဂုတ်လ ၁၀ရက်နေ့မှာ ကျရောက် တဲ့ ချစ်သုဝေရဲ့မွေးနေ့ အလှူအဖြစ် သုခရိပ်မြုံဂေဟာမှာရှိတဲ့ ကလေးများ အတွက် မုန့်များ၊ အချိုရည်များနဲ့ လိုအပ်တဲ့ပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။ ချစ်သုဝေက ပရိသတ်တွေ ပြုလုပ်ပေးတဲ့ ပရဟိတ အလှူလေးကို လာရောက်ခဲ့ ပြီး ကလေးများအတွက် လိုအပ်တဲ့ ပစ္စည်းများလည်း လှူဒါန်းကာ မွေးနေ့ကိတ် ခွဲခဲ့ပါတယ်။We Love အဖွဲ့က သူ့ရဲ့မိသားစုလေးလိုဖြစ်နေပြီး ပရိသတ်တွေနဲ့ အတူ လှူဒါန်းရတဲ့အတွက်လည်း ပီတိဖြစ်ရတယ်လို့ ချစ်သုဝေက ဆိုပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို ခဏနား ထားတဲ့ ချစ်သုဝေက ဒီလထဲမှာတော့ ပြန်လည်ကျန်းမာလာပြီဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လည် လုပ်ဆောင်နေပါပြီ။

“ဇာတ်ကားတွေပဲ ဆက်ရိုက်ကူးနေမယ်ဆိုရင်တော့ မျှပြီးလုပ်နိုင်မှာမဟုတ် ဘူး။ ဇာတ်ကားရိုက်ကူးမှုတွေက အချိန်ပေးရတယ်။ စိတ်တွေလည်း နှစ်ထား ရတာကိုး။ သရုပ်ဆောင်အလုပ်တွေကို ခဏစွန့်လွှတ်လိုက်တော့ ကြော်ငြာရိုက် ကူးမှုတွေရှိတယ်။ သီချင်းဆိုတာလေးတွေ ရှိ တယ်။ အားတဲ့အချိန်ကို ညှိနှိုင်း လို့ရတယ်။ သိပ်ပြီး ညှိနှိုင်းစရာမလိုဘူး။ အဖွဲ့လိုက်တွေ လှုပ်ရှားရတာ နည်း တော့လေ။ ရှေ့လက ကျန်းမာရေးမကောင်းတော့ ခဏနားလိုက်တော့ ဒီလမှာ အလုပ်တွေ ပုံသွားတယ်။ အလုပ်ထွက်လုပ်တဲ့ အချိန်ကျရင် အိမ်က အမေ၊ အစ်မနဲ့ ကိုလင်းတို့ ပိုပင်ပန်းတာပေါ့” လို့ မိသားစုတာဝန်တစ်ဖက်၊ အနုပညာ အလုပ်တွေတစ်ဖက်မျှပြီး လုပ်ဆောင်နေတဲ့အကြောင်း ချစ်သုဝေက ပြောပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071