Saturday, June 27, 2026

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့်...

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊...

မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က...

MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား ဂိုးနည်းပြ လီယိုအိုနာနာ Leo Onana ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ လီယိုအိုနာနာသည် MFF...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...
HomeNewsLocal News(၃၂)ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ...

(၃၂)ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ ရွေတံဆိပ်ဆု ၂၁ ခုအပါအ၀င် ဆုတံဆိပ် ၁၁၄ ခုရရှိ၊ အိမ်ရှင်အဖြစ်ကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းအပြီး ဆုတံဆိပ်အများဆုံးရရှိသည့် နှစ်ဖြစ်လာ

က‌မ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှ ရွေတံဆိပ်ဆု ၂၁ ခုအပါအ၀င် ဆုတံဆိပ် ၁၁၄ ခုရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ (၅) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့သည့် ပြိုင်ပွဲကြီးတွင် အားကစားနည်း (၃၆) နည်း ထည့်သွင်း ကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၁၉) နည်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထိုသို့၀င်ရောက်ယှဉ်ပြိုင်ရာ ဗိုဗီနမ် ကစားနည်းမှ ရွှေ ၄၊ ငွေ ၃၊ ကြေး ၁၇ ဆု၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ကစားနည်းမှ ရွှေ ၁၊ ငွေ ၂၊ ကြေး ၆ ဆု၊ ဗိုဗီနမ် (အားနစ်) ကစားနည်းမှ ရွှေ ၂၊ ငွေ ၂၊ ကြေး ၈ ဆု၊ ပိုက်ကျော်ခြင်း ကစားနည်းမှ ရွှေ ၂၊ ငွေ ၂၊ ကြေး ၁ ဆု၊ ခြင်းလုံး ကစားနည်းမှ ရွှေ ၄၊ ငွေ ၃၊ ကြေး ၁ ဆု၊ ဘိလိယက်/စနူကာ ကစားနည်းမှ ရွှေ ၃၊ ကြေး ၂ ဆု၊ ရိုးရာလှေ ကစားနည်းမှ ရွှေ ၁၊ ငွေ ၅၊ ကြေး ၂ ဆု၊ ဝူရှုးကစားနည်းမှ ရွှေ ၁၊ ငွေ ၃၊ ကြေး ၃ ဆု၊ တိုက်ကွမ်ဒို ကစားနည်းမှ ကစားနည်းမှ ရွှေ ၁၊ ကြေး ၄ ဆု၊ အလေးမ ကစားနည်းမှ ရွှေ ၁၊ ကြေး ၂ ဆု၊ ပီတန်း ကစားနည်းမှ ရွေ ၁ ဆု၊ ခွန်ခမာ ကစားနည်းမှ ငွေ ၂၊ ကြေး ၇ ဆု၊ ဂျူဒို ကစားနည်းမှ ငွေ ၁ ၊ ကြေး ၃ ဆု၊ ဘောလုံး (အမျိုးသမီး) ငွေ ၁၊ ကြက်တောင် ကစားနည်းမှ ငွေ ၁၊ လက်ဝှေ့ ကစားနည်းမှ ကြေး ၆ ဆု၊ စစ်တုရင် ကစားနည်းမှ ကြေး ၂ ဆု၊ ပြေးခုန်ပစ် ကစားနည်းမှ ကြေး ၂ ဆု၊ ခရစ်ကတ် ကစားနည်းမှ ကြေး ၁ ဆု၊ E Sports ကစားနည်းမှ ကြေး ၁ ဆု စုစုပေါင်း ရွှေတံဆိပ်ဆု ၂၁ ဆု၊ ငွေတံဆိပ်ဆု ၂၅ ဆု၊ ကြေးတံဆိပ်ဆု ၆၈ ခု ကို မြန်မာအားကစားအဖွဲ့မှ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် ၂၀၁၃ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲအပြီးတွင် ယခုနှစ်သည် ဆုတံဆိပ်အများဆုံးရရှိသည့် နှစ်ဖြစ်လာခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် ၂၀၁၃ ခုနှစ်တွင် ရွေ ၈၄၊ ငွေ ၆၃၊ ကြေး ၈၄ စုစုပေါင်း ၂၃၁ ဆု၊ ၂၀၁၅ ခုနှစ်တွင် ရွေ ၁၆၊ ငွေ ၂၅၊ ကြေး ၃၂စုစုပေါင်း ၆၈ ဆု၊ ၂၀၁၇ ခုနှစ်တွင် ရွေ ၇၊ ငွေ ၁၀၊ ကြေး ၂၀ စုစုပေါင်း ၃၇ ဆု၊
၂၀၁၉ ခုနှစ်တွင် ရွေ ၄၊ ငွေ ၁၈ ၊ ကြေး ၅၁ စုစုပေါင်း ၇၃ ဆု၊
၂၀၂၁ ခုနှစ်တွင် ရွေ ၉၊ ငွေ ၁၈၊ ကြေး ၃၅ စုစုပေါင်း ၆၂ ဆု၊
၂၀၂၃ ခုနှစ်တွင် ရွေ ၂၁ ၊ ငွေ ၂၅၊ ကြေး ၆၈ စုစုပေါင်း ၁၁၄ ဆု ရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများအား နိုင်ငံတော်အနေဖြင့် တစ်ဦးချင်းပြိုင်ပွဲများအတွက် ရွှေတံဆိပ် ကျပ်သိန်း (၃၀၀)၊ ငွေတံဆိပ် ကျပ်သိန်း(၂၀၀)၊ ကြေးတံဆိပ် ကျပ်သိန်း(၁၀၀)၊ အသင်းလိုက်ပြိုင်ပွဲများအတွက် ရွှေ အသင်းလိုက် တစ်ဦးချင်း ကျပ်သိန်း(၁၀၀)၊ ငွေ အသင်းလိုက် တစ်ဦးချင်း ကျပ်သိန်း(၇၀)၊ ကြေး အသင်းလိုက် တစ်ဦးချင်း ကျပ်(၃၅)သိန်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ယခု (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင်လည်း အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများအား ထိုက်ထိုက်တန်တန် ချီးမြှင့်ငွေများ ထောက်ပံ့ချီးမြှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဝင်ခွင့်လျှောက်ထားနိုင်

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊ လူမှုစီးပွားတည်တံ့ရေးတီထွင်ဖန်တီးမှုပညာ (MSESI)၊ ဖွံ့ဖြိုးရေးပညာ (MDevS, EMDevS)၊ အသုံးချစာရင်းအင်းပညာ (MAS)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ (MPA, EMPA)၊ စျေးကွက်စီမံခန့်ခွဲမှုပညာ (MMM)၊ ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုပညာ (MHTM) နှင့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ (MBF) တို့ ပါဝင်သည်။ ထို့ပြင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် သုတေသနပညာ (PGDRS)၊ စီမံအုပ်ချုပ်မှုပညာ (PGDMA) နှင့်...

မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့် ရထားစက်ခေါင်း တို-က်မိ၊ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒ-ဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က Hijet ယာဉ်တစ်စီးနှင့် ရန်ကုန်ဘက်သို့ ထွက်ခွာမည့် ရထားစက်ခေါင်းတို့ တို-က်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဈေးကြိုဘက်မှ မော်လမြိုင်တက္ကသိုလ်ဘက်သို့ ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်လာသည့် Hijet ယာဉ်သည် ရထားသံလမ်းဖြတ်ကူးနေစဉ် ရထားစက်ခေါင်းနှင့် တို-က်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒ-ဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒ-ဏ်ရာရရှိသူအား ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ်ရှေးဦးပြုစုကုသမှုများ ပြုလုပ်ပေးကာ...

MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား လီယိုအိုနာနာ ခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား ဂိုးနည်းပြ လီယိုအိုနာနာ Leo Onana ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ လီယိုအိုနာနာသည် MFF အကယ်ဒမီ၏ ဂိုးသမားများကို လေ့ကျင့်ပျိုးထောင်မည့် ဂိုးနည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ယင်းခန့်အပ်မှုနှင့်ပတ်သက်၍ Menzs ports Academy ကလည်း ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ ဂိုးသမားနည်းပြဖြစ်သူ လီယိုအိုနာနာအား MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။ Menzsports Academy က လီယိုအိုနာ နာ၏ ဂိုးသမားများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071