ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ ဇွန်လအထိ ပုဂ္ဂလိကကဏ္ဍမှတဆင့် ပြည်ပသို့ပျားရည်တင်ပို့မှုမှ
အမေရိကန်ဒေါ်လာ (ဝ.၇၂၁) သန်းရရှိထားကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန
ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောကြားချက်အရ သိရသည်။
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့်
ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် (၄၈၀.၈၂) တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ (ဝ.၇၂ ၁) သန်းရရှိထားကြောင်း သိရသည်။
ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည် မက်ထရစ်တန် (၂၇၉.၈၂) တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ (၄၁၉,၇၃၀) ဒေါ်လာ ရရှိကာ၊ ထိုင်းနိုင်ငံသို့ ပျားရည် မက်ထရစ် တန် (၂၀၁) တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ (၃၀၁,၅၀၀) ဒေါ်လာ ရရှိခဲ့ခြင်း ဖြစ်သည်။
ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နိုင်ငံတို့သို့ တင်ပို့လျက်ရှိရာ ဂျပန်နိုင်ငံသို့ အများဆုံးတင်ပို့ရပြီး ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်နှင့် လိုက်ချီးပျားရည်များ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
