Wednesday, June 3, 2026

Gateway of India, Mumbai...

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့်...

ရုရှားနိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစော...

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားတွင်ပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်မည် ဖြစ်သည်။ ယင်းနိုင်ငံတကာစီးပွါးရေးဖိုရမ်သည် ၂၉ ကြိမ်မြောက်ဖြစ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ...

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စျေးကောင်းရနေ

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် တစ်လသာကျန်ရှိတော့သည့် အချိန်တွင် ပြည်တွင်းပြောင်းတင်ပို့မှု စျေးကောင်းရနေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုမှာ ဇွန်လကုန်တွင် ပြီးဆုံးမည်ဖြစ်သဖြင့် လက်ရှိကာလတွင်...

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ခြောက်လတစ်ကြိမ် စဉ်ဆက်မပြတ်...

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသန်းစိုးက...
HomeMovies(၃)နှစ်ကျော်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် ပြည်ပနိုင်ငံသားများနှင့်...

(၃)နှစ်ကျော်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၃,၄၃၃)ဦးကို ဥပဒေနှင့်အညီအရေးယူခဲ့

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက်အထိ (၃)နှစ်ကျော်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် အမှုပေါင်း(၁၄၅)မှုမှ ဖမ်းဆီးရမိခဲ့သော ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၃,၄၃၃)ဦးကို ဥပဒေနှင့်အညီအရေးယူခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၁၅)မှုမှ မြန်မာနိုင်ငံသား အမျိုးသား (၄၉)ဦး၊ အမျိုးသမီး(၆၃)ဦးနှင့် ပြည်ပနိုင်ငံသား(၇)ဦး၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၆၆)မှုမှ မြန်မာနိုင်ငံသား အမျိုးသား(၄၃၁)ဦး၊ အမျိုးသမီး(၃၂၇)ဦး၊ ပြည်ပနိုင်ငံသား အမျိုးသား (၇၆၁)ဦး၊ အမျိုးသမီး(၂၆)ဦးတို့ကို ဥပဒေနှင့်အညီအ ရေးယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၄၁)မှုမှ မြန်မာနိုင်ငံသား အမျိုးသား(၂၃၂)ဦး၊ အမျိုးသမီး(၁၈၀)ဦး၊ ပြည်ပနိုင် ငံသား အမျိုးသား(၃၇၀)ဦး၊ အမျိုးသမီး(၂၀)ဦး၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မေ ၂၈ ရက်အထိ မန္တ လေးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်း ပြည် နယ်တို့၌ အမှုပေါင်း(၂၃)မှုမှ မြန်မာနိုင်ငံသား အမျိုး သား(၂၁၄)ဦး၊ အမျိုးသမီး(၂၄၄)ဦး၊ ပြည်ပနိုင်ငံသား အမျိုးသား(၄၄၇)ဦး၊ အမျိုးသမီး(၆၂)ဦးတို့ကို ဥပဒေနှင့်အညီအရေးယူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် မေ ၂၈ ရက်အထိ အမှုပေါင်း(၁၄၅)မှုမှ မြန်မာနိုင်ငံသား အမျိုးသား(၉၂၆)ဦး၊ အမျိုးသမီး(၈၁၄)ဦး စုစု ပေါင်း(၁၇၄၀)ဦး၊ ပြည်ပနိုင်ငံသား အမျိုးသား(၁၅၈၅) ဦး၊ အမျိုးသမီး(၁၀၈)ဦး စုစုပေါင်း(၁၆၉၃)ဦးတို့ကိုဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီအရေး ယူခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Gateway of India, Mumbai အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် Gateway of India အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထိုသို့ ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ Gateway of India သည်...

ရုရှားနိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်မည်

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားတွင်ပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်မည် ဖြစ်သည်။ ယင်းနိုင်ငံတကာစီးပွါးရေးဖိုရမ်သည် ၂၉ ကြိမ်မြောက်ဖြစ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ စီးပွားရေးဖိုရမ်တက်ရောက်ရန် ရုရှားနိုင်ငံသို့ ဇွန် ၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွါသွားခဲ့ပြီလည်း ဖြစ်သည်။ ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ တာဝန်ရှိသူများက...

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စျေးကောင်းရနေ

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် တစ်လသာကျန်ရှိတော့သည့် အချိန်တွင် ပြည်တွင်းပြောင်းတင်ပို့မှု စျေးကောင်းရနေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုမှာ ဇွန်လကုန်တွင် ပြီးဆုံးမည်ဖြစ်သဖြင့် လက်ရှိကာလတွင် ပြောင်းတင်သင်္ဘောများဖြင့် အလုအယက် တင်ပို့နေကြကြောင်း သိရသည်။ လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ပြောင်းတစ်ပိဿာလျှင် ကျပ် ၁၉၅၀ ခန့်ပေါက်ဈေးရှိနေပြီး ရန်ကုန်မြို့တွင်း ဆိပ်ကမ်းများတွင် တစ်ပိဿာလျှင် ကျပ် ၁၉၂၀ မှ ၁၉၃၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ “ရန်ကုန်ဈေးကွက်မှာတော့ ဈေးကောင်းနေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ပုံမှန်ဈေးတန်းပဲရှိပါတယ်” ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071