Sunday, May 18, 2025

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ်...
HomeCelebrities' News၂၉ ကြိမ်မြောက် ဆီးဂိမ်း...

၂၉ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲဝင် အားကစားသမား များအပေါ် အနုပညာရှင်တို့ မျှော်လင့်ရင်ခုန် စကား

seagame၂၉ ကြိမ်မြောက် ဆီးဂိမ်းအား ကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံ အဖြစ် မလေးရှားနိုင်ငံမှာ သြဂုတ်လ ၄ ရက်နေ့က စတင်ပြီး ကျင်းပနေပြီဖြစ် ပါတယ်။ ဆီးဂိမ်း အားကစားပြိုင်ပွဲ လို့ ခေါ်တွင်နေတဲ့ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကစားနည်း ၂၉ မျိုး ဝင်ရောက် ယှဉ်ပြိုင်ကစားကြမှာဖြစ် ပါတယ်။  မြန်မာ ပရိသတ်တွေ အနေနဲ့ လည်းမလေးရှား နိုင်ငံမှာပြုလုပ်လျှက်ရှိတဲ့ ၂၉ ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲကို နိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်နေကြတဲ့ ပြိုင်ပွဲဝင်အား ကစားသမား များကိုလည်း သောင်း သောင်းဖြဖြ အားပေးနေလျှက်ရှိ ပြီး ပြိုင်ပွဲတိုင်းမှာ ရွှေတံဆိပ် များဆွတ် ခူးရရှိနိုင်ဖို့ အတွက် လည်းမျှော်လင့် အားထား လျှက်ရှိပါတယ်။ ဒါကြောင့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းအား ကစားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေကြတဲ့ပြိုင်ပွဲဝင် အားကစားသမား များအပေါ် အားကစား ခရေဇီ အနုပညာရှင်တို့ရဲ့ ရှုမြင်သုံးသပ် ပြောစကားသံများ စုစည်းဖော်ပြ လိုက်ပါတယ်။

မင်းသွေး

ကျွန်တော် ဆီးဂိမ်းပြိုင်ပွဲတွေကို အားပေးဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးပွဲပေါ့နော်။ ပထမဆုံး စင်ကာပူနဲ့ ကန်ရတဲ့ ပွဲတုန်းကလည်း တော်တော်လေး ကောင်းတယ်။ လာအိုနဲ့ကန်တဲ့ပွဲမှာတော့ အမှားလေးတွေတော့ ရှိတာတွေ့ရတယ်။ ဒါပေမဲ့လည်း တစ်သင်းလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် နိုင်သွားတယ် လို့ထင်ပါတယ်။ ကျွန်တော်လည်း ဆီမီးဖိုင်နယ်မှာ မြန်မာအသင်းကန် တဲ့ပွဲစဉ်တစ်ပွဲကို အားပေးဖို့ Media 7 နဲ့အတူမလေးရှားကို သွားအားပေးကြမှာပါ။ ဒီနှစ်အတွက်တော့ ခြင်းလုံးနဲ့ မြန်မာက ရွှေတံ ဆိပ် ဆုရတယ်။ ဒါကြောင့် ဒီနှစ်ကတော့ မြန်မာတွေ အတွက် အားကစားပိုင်းမှာရော၊ ကျန်တဲ့ဘက်မှာရော နည်းနည်း ကောင်းတဲ့ နှစ်လို့ပြောရမှာပါ။ ပြည်သား တစ်ယောက် အနေနဲ့ပြောရရင် ဘောလုံးကိုတော့ ရွှေရစေချင်ပါတယ်။

ဖြိုးပြည့်စုံ

ဆီးဂိမ်း ဆိုကတည်းက ကျွန်တော်တို့နိုင်ငံ ကလည်း အိမ်ရှင် အဖြစ်ကျင်းပခဲ့တဲ့ အတွေ့ အကြုံ တွေရှိတော့ အဲဒီအပေါ်မှာ ပြည်သူ တစ်ယောက် အနေနဲ့ရော၊ အားကစားဝါသနာရှင် တစ်ယောက် အနေနဲ့ရော၊ မြန်မာနိုင်ငံမှာရှိတဲ့ အနု ပညာရှင် တစ်ယောက် အနေနဲ့ရော ကိုယ့်ရဲ့မြန်မာ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်တဲ့ အဖွဲ့အစည်း အသီးသီးကို တစ်ထောင့် တစ်နေရာ ကနေ အားပေးနေတာပေါ့နော်။ အားပေးနေတဲ့ အထဲမှာ ကျွန်တော် တို့က ပါဝင်ရတယ်။ ပါဝင်ရတယ် ဆိုတာ ဥပမာ-မြန်မာနိုင်ငံမှာ ကြည့်ရှု အားပေးနေတဲ့ ပရိသတ်တွေထဲမှာ ကိုယ့်အိမ်မှာပဲ ကြည့်ရှု အားပေးနေတဲ့ ပရိသတ်တွေ ရှိသလို ဘောလုံး ပွဲတွေကို တခြား စပွန်ဆာတွေရဲ့ ပံ့ပိုးမှုတွေကြောင့် ပရိုဂျက်တာကြီးတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ အားလုံးတစ်စု တစ်စည်းတည်း ကြည့်တဲ့ အခါမှာ အနည်းနဲ့အများ နေရာဒေသတော့ ကွာပေမယ့် ကိုယ့်ရဲ့ စည်းလုံးခြင်း ရဲ့ခွန်အား၊ စိတ်အား ထက်သန်မှုတွေကတော့ ပွဲပေါ်မှာ သက်ရောက်စေတာပေါ့။ အဲဒီလိုမျိုး အချိန်တွေပေးပြီးတော့ မြန်မာ ဆိုပြီးတော့ လာရောက်ကြတဲ့ ပရိသတ်တွေကို ကျွန်တော်တို့တွေက အပန်းပြေအောင် ဖျော်ဖြေပေးရတဲ့ သဘောလေးပါပဲ။ ကျွန်တော့် အနေနဲ့ကတော့ မန္တလေးမှာ တစ်ပွဲ၊ ရန်ကုန်မှာ တစ်ပွဲ ဖျော်ဖြေပေး ဖြစ်ပါတယ်။ အဓိကကတော့ ပရိသတ်တွေနဲ့အ တူတူအားပေးခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။

မိုးယံဇွန်

ကျွန်တော် ဆီးဂိမ်းမှာမြန်မာနဲ့ ကန်တဲ့ဘောလုံးပွဲ နှစ်ပွဲလုံး အားပေးဖြစ်တယ်။ တကယ်လို့ မြန်မာဘော လုံးအသင်း ဆီမီးဖိုင်နယ်ကို တက်ရင် တော့ မလေးရှား နိုင်ငံကို သွားပြီး အားပေးမှာပါ။ Media 7 နဲ့အတူတူပေါ့။ ဒီနှစ်ဆီးဂိမ်းကတော့ ကျွန်တော်တို့ နိုင်ငံကနေ သွားပြိုင်မယ့် အားကစားနည်းပေါင်းစုံမှာ ကြိုတင်ပြင်ဆင်မှုတွေ နည်းနည်း အားနည်းတယ်လို့  ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ဒီနှစ်ဆီးဂိမ်းမှာ ပြီးခဲ့တဲ့နှစ်တွေ ထက် ဘက်ပေါင်းစုံမှာ အထိုက်အလျောက် အောင်မြင်မှုတွေ ရစေချင်တယ်။ ဒီနှစ်အတွက် အားကစားနည်းတွေ ယှဉ်ပြိုင်တာ နည်းတာကလည်း အကြောင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ဘယ်လိုပဲ နည်းနည်းပါ၊ သွားပြိုင်တာ အားကစားနည်း ၁ဝ မျိုးဆိုရင် ၇မျိုးလောက်တော့ အောင်မြင်မှုလေးတွေ ရစေချင်တယ်။ ဖြစ်နိုင်ရင် ၁ဝဝ ရာခိုင်နှုန်း အောင်မြင်စေချင်တာပေါ့။ ကျွန်တော် တို့လည်း အားကစားနည်းပေါင်းစုံကို အားပေးတယ်။ အထူးသဖြင့်တော့ ဘောလုံးပွဲပေါ့ဗျာ။

ဒေါ်ရီရီဝင်း (ဒု-ဥက္ကဋ္ဌ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်)

ကျွန်မပထမဆုံး အနေနဲ့ ဘောလုံးပွဲကို အရင်ပြောချင်ပါတယ်။ အုပ်စုပွဲမှာဆိုရင် မလေးရှား ကိုပဲ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။ လက်ရှိ အခြေအနေမှာ ဆိုရင် မြန်မာဘောလုံး အသင်းက အခြေအနေကောင်းတယ်။ အလားအလာ ကောင်းတာတွေကို တွေ့ရတယ်။ အုပ်စု ထဲ မှာ ဆိုရင် တစ်နဲ့နှစ်ပြေးမလွတ်ဘူး။ ဒီနှစ်မြန်မာဘောလုံးကို ကြည့်မယ်ဆိုရင် တစ်နေရာကတော့ ပြေး မလွတ် ဘူး။ ချိတ်မယ်ပေါ့။ အရင်ဆို မြန်မာဘောလုံး အသင်းက အစောကြီး ထွက်ထွက်သွားရတာများတယ်။ နောက်တခြား အားကစား နည်းတွေလည်း ကြိုးစားထားပါ တယ်။ သွားပြိုင်တဲ့ ကစားနည်းလည်း နည်းတယ်။ နောက်ပြီး လေ့ကျင့်ချိန် က ထင်သလောက် အားမရခဲ့ဘူး။ ဒါပေမဲ့ အရမ်းကြိုးစားပြီး ပင်ကိုယ် ကလည်း ထူးချွန်သူတွေဆိုတော့ ဆုရကြမှာပါ။

မေခလာ

ကလေးတွေက ရေခြားမြေ ခြားမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက်ပြီးယှဉ်ပြိုင် နေကြတာပါ။ ချစ်ငယ်တို့ကတော့ အားလုံးကို အနိုင်ရစေချင်တာပေါ့။ အခုဆိုရင်လည်း မြန်မာတွေလည်း တစ်အားကောင်းလာပါပြီ။ ချစ်ငယ်တို့ နိုင်ငံအနေနဲ့က အစစအရာရာမှာ နောက်ကျခဲ့တယ် ဆိုပေမယ့် ကြိုးစားတယ်။ ဘာပဲဖြစ်ဖြစ် မခံချင်စိတ်ရှိကြတယ်။ အဲဒါလေးက တအားချစ်ဖို့ ကောင်းတယ်။ အခု ဆိုရင်လည်း တစ်ဆင့်ပြီး တစ်ဆင့်တက်လာပါပြီ။ ချစ်ငယ်တို့က ရွှေခေတ်ရောက်လာ ပါပြီ။ အတိတ်နဲ့ နိမိတ် နဲ့ပေါ့လေ။  ချစ်ငယ်ရဲ့ သီချင်းလေးလည်း တအားဆိုချင်ပါတယ်။ “ဂိုးသွင်း ကောင်းတဲ့ ကိုကို” ဆိုတဲ့သီချင်း လေးက သူတို့ကို အားပေးထားတာပါ။ အဲဒီသီချင်းကို အမြဲတမ်း ဆိုချင်ပါတယ်။ ပြီးတော့ ရွှေဖလား ပဲလိုချင်တယ်ဆိုတဲ့ ချစ်ငယ်ရဲ့ သီချင်း လေးတစ်ပုဒ် ရှိသေးတယ်။ အဲဒီသီချင်း ကိုလည်း ချစ်ငယ်အများ ကြီးဆိုချင်တယ်။ အမြဲဆိုနေချင်ပါတယ်။

Sophia Everest

မြန်မာနဲ့လာအိုကန်တဲ့ ပွဲနေ့မှာ ညီမက မန္တလေးမှာ ဆိုဖြစ်တယ်။ ပထမပိုင်းမတိုင်ခင်နဲ့ ပထမပိုင်း ပြီးသွားတဲ့ အချိန်ပေါ့။ ပရိသတ် တွေက ကိုယ့်မြန်မာ အသင်းကို အရမ်းအားပေးကြပါတယ်။ အရင် တုန်းကထက်ကို ပိုပြီးအားပေးကြပါတယ်။ ညီမလည်း အမှန်အတိုင်း ပြောရရင် ဘောလုံးပွဲကို မကြိုက်တဲ့ အထဲ မှာပါတယ်။ ဒါပေမဲ့ ကိုယ်သီချင်း ဆိုပြီးသွားတဲ့ အချိန်မှာ ပထမပိုင်းကန်တော့ မြန်မာတစ်ဂိုး ဂိုးသွားတော့ အရမ်းပျော်သွားတယ်။ ကိုယ့်မြန်မာ အသင်းကိုး။ ကိုယ့် မြန်မာ အသင်း အခုလို နိုင်ပွဲတွေ ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ အခုလိုဖျော်ဖြေရတဲ့ အတွက်လည်း ပီတိဖြစ်မိပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071