ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ လန်ပန်း၊ လန်ဖွန်း၊ နန်၊ ဖရဲ့၊ ဥဿရာဒစ်၊ ဆူခိုထိုင်း ခရိုင်များနှင့် မဲဆောက်မြို့တို့တွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအား မည်သူမည် ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)ထုတ်ပေးနိုင်ရန် ချင်းမိုင်မြို့၌ CI စခန်းဖွင့်လှစ်ထားသည်။
အဆိုပါ CI စခန်းအား သြဂုတ် ၆ ရက်မှစတင်ဖွင့်လှစ်၍ CI သက်တမ်းတိုးဝန်ဆောင်မှုအား တစ်နေ့လျှင် မြန်မာအလုပ်သမား(၈၀၀)ဦးကျော်ကိုဝန် ဆောင်မှုပေးလျက်ရှိရာ ယနေ့ သြဂုတ် ၂၉ ရက်အ ထိ (၂၄)ရက်တာအတွင်း မြန်မာအလုပ်သမား (၁၂,၀၉၁)ဦးကျော်ကို CI သက်တမ်းတိုးပေးပြီးဖြစ်သည်။
ထိုသို့ မြန်မာအလုပ်သမားများအား CI သက်တမ်းတိုးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းမှ ယ နေ့ သြဂုတ် ၂၉ ရက်ကကြည့်ရှုစစ်ဆေး၍ CI စာ အုပ်ရယူကြသည့် မြန်မာနိုင်ငံသားများ၏ အချက် အလက်များမှန်ကန်မှုရှိရေးနှင့် CI ထုတ်ပေးရေး လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့မြန်ဆန်မှုရှိစေရေးသေချာစွာဆောင်ရွက်ရန် မှာကြားခဲ့သည်။
