တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် Solar နည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း ဆောင်ရွက်ရန် Swiss Challenge တင်ဒါ တင်သွင်းရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ခေါ်ထားသည်။
အဆိုပါ တင်ဒါလျှောက်လွှာကို စက်တင်ဘာ (၁၁) ရက်တွင် ဌာနခွဲ(၄) ဌာနစု(၁ဝ)၊ လျှပ်စစ်ဌာနစိတ် တနင်္သာရီတိုင်းဒေ သကြီး အစိုးရအဖွဲ့ရုံး၊ ထားဝယ်မြို့တွင် ရောင်းချပေးမည်ဖြစ်ပြီး အောက်တိုဘာ (၁၀) ရက် ၊ ညနေ (၄) နာရီတွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း သိရသည်။
ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များကို ဦးစားပေးမည်ဖြ စ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းအမှတ် ဝ၅၉-၂၃၅၆၄၊ ဝ၅၉-၂၃၆၀၂ သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
