Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeInternational၂၀၃၀ ၌ လပေါ်တွင်...

၂၀၃၀ ၌ လပေါ်တွင် နျူကလီးယား ဓာတ်ပေါင်းဖို ထားရှိတော့မည်–နာဆာ

ဩဂုတ် ၁၆

အမေရိကန်အာကာသအေဂျင်စီ (နာဆာ) သည် ၂၀၃၀ ပြည့်နှစ်တွင် လပေါ်၌ နျူကလီးယားဓာတ်ပေါင်းဖိုကိုတည်ဆောက်ရန် အစီအစဉ်များကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းရေးသား ဖော်ပြချက်များအရ သိရသည်။

လမျက်နှာပြင်ပေါ်တွင် လူသားများနေထိုင်နိုင်ရန် အမြဲတမ်းအခြေစိုက်စခန်းတစ်ခုတည်ဆောက်ရန် အမေရိက၏ရည်မှန်းချက်တစ်ခုဖြစ်သည်။

ပေါ်လာတီကို မီဒီယာ၏အဆိုအရ နာဆာယာယီအကြီးအကဲက တရုတ် နှင့် ရုရှားတို့၏ အလားတူအစီအစဉ်များကို ရည်ညွှန်းပြီး အဆိုပါနိုင်ငံနှစ်နိုင်ငံသည် လပေါ်တွင်ဝင်မရ‌သော နယ်မြေကင်းဝေးရေးဇုန်အဖြစ် ကြေညာနိုင်သည်ဟု ပြောကြားခဲ့သည်။

သို့သော် မကြာသေးမီက နာဆာ၏ ဘတ်ဂျက်ဖြတ်တောက်မှုကြောင့် လက်တွေ့ကျသောရည်မှန်းချက်နှင့် အချိန်ကာလသည်မည်ကဲ့သို့ရှိသနည်းဆိုသည့် မေးခွန်းများသည် ကျန်ရှိနေဆဲဖြစ်ပြီး စီမံကိန်းများကို ပထဝီဝင်နိုင်ငံရေး ရည်မှန်းချက်များဖြင့် မောင်းနှင်နေခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်အချို့က စိုးရိမ်နေကြသည်။

အမေရိက၊ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဂျပန်တို့ အပါအဝင်နိုင်ငံများသည် လ၏ မျက်နှာပြင်ကို စူးစမ်းလေ့လာရန် အလျင်စလိုလုပ်ဆောင်နေကြပြီး လူသားများအခြေချနေထိုင်ရန်စီစဉ်မှုအချို့လည်းပြုလုပ်လျက် ရှိကြသည်။

“အနာဂတ် လကမ္ဘာစီးပွားရေးကို ပံ့ပိုးပေးနိုင်ဖို့ ဒီနည်းပညာကို စနစ်တကျမြှင့်တင်ဖို့၊ အင်္ဂါဂြိုဟ်ပေါ်က စွမ်းအင်ထုတ်လုပ်ဖို့နဲ့ အာကာသထဲမှာ ကျွန်ုပ်တို့ရဲ့နိုင်ငံတော်လုံခြုံရေးခိုင်မာအားကောင်းစေဖို့၊ အေဂျင်စီကို မြန်မြန်ဆန်ဆန်ရွှေ့ဖို့က အရေးကြီးပါတယ်” ဟု သမ္မတ ဒေါ်လ်နယ်ထရမ့်ပ်က နာဆာ ၏ ယာယီအကြီးအကဲအဖြစ်ခန့်အပ်ခံရသော အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒတ်ဖ်ဖီက နာဆာသို့ ရေးသားဖော်ပြခဲ့ကြောင်း နူးယော့ခ်တိုင်းမ်စ်သတင်းတွင် ဖော်ပြထားသည်။

မစ္စတာ ဒတ်ဖ်ဖီသည် အနည်းဆုံးဓာတ်အား ၁၀၀ ကီလိုဝပ်ထုတ်လုပ်နိုင်သည့် ဓာတ်ပေါင်းဖိုတစ်ခုကိုတည်ဆောက်ရန် စီးပွားရေးကုမ္ပဏီများထံမှ အဆိုပြုချက်တောင်းခံခဲ့သည်။ လပေါ်၌ နျူကလီယားဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် စိတ်ကူးခြင်းသည် အသစ်အဆန်းမဟုတ်ပါ။

၂၀၂၂ တွင် နာဆာသည် ဓာတ်ပေါင်းဖိုတစ်ခု ဒီဇိုင်းပုံထုတ်ရေးဆွဲရန် ကုမ္ပဏီများသို့ ဒေါ်လာ ၅ သန်း ကန်ထရိုက် ၃ ခု ထုတ်ပေးခဲ့သည်။

ယခုနှစ် မေလတွင် တရုတ်နှင့် ရုရှားတို့သည် ၂၀၃၅ ခုနှစ်တွင် လပေါ်၌ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။သိပ္ပံပညာရှင်များစွာက စဉ်ဆက်မပြတ် စွမ်းအားကိုပေးနိုင်ရန် လသည် အကောင်းဆုံးဖြစ်မည်ဟု လက်ခံထားကြသည်။

လပေါ်၌ တစ်ရက်သည် ကမ္ဘာမြေပေါ်၌ ရက်သတ္တလေးပတ်နှင့်ညီမျှသည်။ “လူတစ်ဦး၊ နှစ်ဦးကိုထားဖို့အဆင်ပြေလောက်တဲ့ အကျယ်အဝန်းနဲ့ပေါ့ပါးတဲ့ လ‌ပေါ်မှာလေ့လာရေးအိမ် တစ်လုံးတည်ဆောက်ဖို့ လျှပ်စစ်ဓာတ်အားစွမ်းအင်ထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ ဆိုလာတွေနဲ့ ဘက်ထရီ တွေက အဲဒီလိုအပ်ချက်တွေကို စိတ်ချယုံကြည်လောက်အောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ဆာရီ တက္ကသိုလ်မှ အကြီးတန်းကထိက အထူးပြု သုတေသနစာတမ်းပြုပညာရှင် ဒေါက်တာဆွန်းဝူလင် က အကြံပြုပြောဆိုထားသည်။

“နျူကလီးယားစွမ်းအင်ဟာ နှစ်လိုဖွယ်ကောင်းရုံတင်မကပါဘူး။ ရှောင်လွှဲလို့လည်းမရပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

လန်ကက်စတာတက္ကသိုလ် မှ ကမ္ဘာမြေနှင့် စကြာဝဠာဂြိုလ်သိပ္ပံပါမောက္ခ လိုင်ယနယ်ဝီလဆန်က ၂၀၃၀ ပြည့်နှစ်၌ လပေါ်တွင် ဓာတ်ပေါင်းဖိုများကိုထားရှိရန် နည်းပညာပိုင်းအရ ဖြစ်နိုင်ကြောင်းယုံကြည်ပြီး သေးငယ်သော ဓာတ်ပေါင်းဖိုများအတွက် ဒီဇိုင်းများပါရှိနေပြီ ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

“အဲဒီအချိန်ရောက်မှ လပေါ်မှာ အခြေခံအဆောက်အဦးတည်ဆောက်ဖို့ လွှတ်တင်ဖို့ ငွေအလုံအလောက်ရှိဖို့ကိစ္စပဲ” ဟု ၎င်းက ထပ်လောင်းပြောကြားပြီး လပေါ်သို့ လူနှင့် ပစ္စည်းကိရိယာများ စေလွှတ်ရန်ရည်ရွယ်သည့် နာဆာ ၏ အာတီမစ်စ် အာကာသပျံသန်းမှုအစီအစဉ်ကို ရည်ညွှန်းသည်။ ထို့အပြင် လုံခြုံရေးနှင့် ပတ်သက်၍ စောဒက တက်စရာ မေးခွန်းများလည်း ရှိနေဆဲဖြစ်သည်။

“ကမ္ဘာ့လေထုအတွင်း သို့ ရေဒီယိုသတ္တိကြွပစ္စည်းများကို လွှတ်တင်ခြင်းသည် ဘေးကင်းရေးကို စိုးရိမ်စေသည်။ ထိုသို့လုပ်ဆောင်ရန် သင့်တွင် အထူးလိုင်စင်ရှိရန်လိုအပ်သည်” ဟု အိုပင်း တက္ကသိုလ်မှ ဂြိုဟ်သိပ္ပံဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဆိုင်မွန်ဘာဘာက ပြောကြားခဲ့သည်။

ထရမ့် ၏အုပ်ချုပ်ရေးယန္တရားသည် ၂၀၂၆ ခုနှစ်တွင် နာဆာ၏ဘတ်ဂျက်များကို ၂၄% ဖြတ်တောက်ကြောင်းကြေငြာပြီးနောက် နာဆာတွင်မကြာသေးမီကမတည်ငြိမ်မှုများဖြစ်ပေါ်လာရာ မစ္စတာ ဒတ်ဖ်ဖီ၏ညွှန်ကြားချက်သည် အံ့သြစရာဖြစ်လာခဲ့သည်။

၎င်းတွင် ဂြိုလ်မျက်နှာပြင်မှနမူနာများကို ကမ္ဘာသို့ပြန်ပို့ရန် ရည်ရွယ်သည့် အင်္ဂါဂြိုဟ်မှနမူနာများကို ပြန်လည်သယ်ဆောင်ခြင်းကဲ့သို့သော သိသာထင်ရှားသော သိပ္ပံပရိုဂရမ်များစွာကို ဖြတ်တောက်ခြင်းများ ပါဝင်သည်။

ဤကြေငြာချက်သည် လကမ္ဘာသို့ နိုင်ငံတကာနှင့်ယှဉ်ပြိုင်မှုအသစ်များတွင် နိုင်ငံရေးအရလှုံ့ဆော်မှုတစ်ခုဖြစ်ကြောင်း သိပ္ပံပညာရှင်များက စိုးရိမ်နေကြသည်။

“သိပ္ပံနည်းကျရှုထောင့်ကနေကြည့်ရင် နည်းနည်းစိတ်ပျက်စရာကောင်းပြီး စိုးရိမ်စရာကောင်းတဲ့ ပထမဆုံးအာကာသပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုနေ့ရက်ဟောင်းထဲကို ကျွန်တော်တို့ ပြန်သွားနေပုံရတယ်” ဟု ဒေါက်တာ ဘာဘာက ပြောကြားခဲ့သည်။

လတွင် တရုတ်နှင့် ရုရှားတို့ အတွက် “ဘေးရန်ကင်းရေးဇုန်” ကို ကြေညာနိုင်သည့် အလားအလာနှင့် ပတ်သက်၍ မစ္စတာဒတ်ဖ်ဖီ ၏ မှတ်ချက်များသည် အာတီမစ်စ် Artemis accords ဟုခေါ်သော သဘောတူညီချက်ကို ရည်ညွှန်းနေပုံရသည်။

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခုနစ်နိုင်ငံသည် လမျက်နှာပြင်ပေါ်တွင် နိုင်ငံများနှင့် မည်သို့ပူးပေါင်းဆောင်ရွက်သင့်သည်ဆိုသည့် အခြေခံမူများကို ချမှတ်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်များတွင်နိုင်ငံများက လုံခြုံရေးဇုန်ဟုခေါ်သည့် ဘေးကင်းရေးဇုန်များ ပါဝင်သည်။

“အကယ်၍ သင်သည် နျူကလီးယား ဓာတ်ပေါင်းဖို သို့မဟုတ် လပေါ်တွင် အခြေစိုက်စခန်း တစ်ခုခုကို တည်ဆောက်ပါက သင့်တွင်စက်ကိရိယာများ ရှိနေသောကြောင့် ၎င်းအနီးတစ်ဝိုက်တွင် ဘေးကင်းရေး ဇုန်တစ်ခုရှိသည်ဟု ဆိုနိုင်သည်” ဟု ဒေါက်တာ ဘာဘာက ပြောကြားခဲ့သည်။

လူသားများအသုံးပြုရန်အတွက် လပေါ်တွင် နျူကလီးယားဓာတ်ပေါင်းဖိုမထားရှိမီ ကျော်လွှားရမည့်အခက်အခဲများရှိကြောင်း ဒေါက်တာ ဘာဘာက ထောက်ပြသည်။

နာဆာ ၏ အာတီမစ်စ် ၃ သည် ၂၀၂၇ ခုနှစ်တွင် လူသားများအား လမျက်နှာပြင်သို့ ပို့ဆောင်ရန် ရည်ရွယ်ထားသော်လည်း ရန်ပုံငွေနှင့် ပတ်သက်၍ မသေချာမရေရာမှုများ ဆက်တိုက်ကြုံတွေ့နေရသည်။

“မင်းမှာ နျူကလီးယားစွမ်းအင် အရင်းအနှီးရှိတယ်ဆိုပေမယ့် လူနဲ့ ပစ္စည်း ကိရိယာတွေ အဲဒီမှာရဖို့ နည်းလမ်းမရှိဘူးဆိုရင်တော့ သိပ်အသုံးမဝင်ပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

“လောလောဆယ်တော့ အစီအစဉ်တွေကသိပ်ပြီး မပီပြင်သေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: ဘီဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071