Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeNewsLocal News၂၀၃၀ ၌ မြန်မာနိုင်ငံတွင်...

၂၀၃၀ ၌ မြန်မာနိုင်ငံတွင် ငှက်ဖျားပိုးကင်းရမည်

ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်ဖြင့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းကူးစက်ခံရသော ဖယ်စီပါရမ် ငှက်ဖျားပိုးတွေ့သူလုံးဝမရှိစေရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်၂၀၃၀ ပြည့်နှစ်တွင် ခြင်ကိုက်ခံရခြင်းမှတဆင့် လူအချင်းချင်းကူးစက်သော ငှက်ဖျားပိုးတွေ့လူနာလုံးဝမရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ငှက်ဖျားရောဂါကာကွယ်ထိန်းချုပ်ရေးမဟာဗျူဟာ(၂၀၁၆-၂၀၃၀)(Global Technical Strategy for Malaria 2016-2030)ပါ လုပ်ငန်းစဉ်များအတိုင်းလုပ်လျက်ရှိ​နေသည်။

“ငှက်ဖျားရောဂါကိုရှာဖွေကုသရာမှာ ငှက်ဖျားပိုးတွေ့ရှိရင် ငှက်ဖျားရောဂါကူးစက်မှုကို ဖြတ်တောက်ဖို့အတွက် ပိုးတွေ့ရှိပြီးချိန်ကနေ ၂၄ နာရီအတွင်း သက်ဆိုင်ရာဒေသမှာရှိတဲ့ ကျန်းမာရေးဌာနကို မဖြစ်မနေသတင်းပေးဖို့လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါပိုးလုံးဝကင်းရှင်းစေရန်ဆောင်ရွက်လျက်ရှိနေခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည့် ငှက်ဖျားရောဂါရှာဖွေခြင်း၊ကုသခြင်းတို့အတွက် မဖြစ်မနေသတင်းပေးပို့ရေးထုတ်ပြန်ကြေညာခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများအနေဖြင့် ငှက်ဖျားပိုးတွေ့လူနာတွေ့ရှိပါက လူနာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တယ်လီဖုန်း၊စာတိုသတင်းပို့ခြင်း(SMS)တို့ဖြင့် ၂၄ နာရီအတွင်း မဖြစ်မနေသတင်းပေးပို့ရမည်ကို ပြည်သူများကျယ်ပြန့်စွာသိရှိရန် အသိပေးရမည်ဟုလည်း မှာကြားခဲ့သည်။

ငှက်ဖျားကူးစက်မှုပပျောက်ရေး နည်းဗျူဟာများအား အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အသိပေးဆွေးနွေးခြင်းနှင့်သင်တန်းများပို့ချခြင်း၊လုပ်ငန်းအထောက်အကူပြုအဖွဲ့များဖွဲ့စည်းခြင်း၊စီမံချက်နည်းဗျူဟာချမှတ်ခြင်း၊သတင်းအချက်အလက်စီမံခန့်ခွဲခြင်းတို့ကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071