Saturday, June 6, 2026

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃)...

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့်...

ယဉ်ကျေးမှုများအကြား နားလည်မှုတံတား တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍ...

နိုင်ငံနှင့်ဒေသပေါင်း ၅၀ ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များ တရုတ်နိုင်ငံ၌ ကျင်းပသည့် Global Journalists Salon သို့ တက်ရောက် တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသော China...
HomeMovies၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို...

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဟု နိုင်ငံတော်သမ္မတပြော၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကတွင် အပင်ပေါင်း(၂)သန်းကျော်စိုက်ပျိုးပြီးဖြစ်

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကတွင် အပင်ပေါင်း(၂) သန်းကျော်စိုက်ပျိုးပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၅ ရက်တွင်ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ် သည်။

” ကမ်းရိုးတန်းဒေသတွေမှာ ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကမှာ အပင်ပေါင်း(၂)သန်းကျော်စိုက်ပျိုးခဲ့ပြီးဖြစ်တဒ့အတွက် ၂၀၃၀ ပြည့်နှစ်အထိ ရေ ရှည်စီမံချက်တွေရေးဆွဲပြီး နှစ်စဉ် ဒီရေတောစိုက်ခင်းတွေတည်ထောင်သွားပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် ယခုနှစ် မိုးရာသီ၌ နေပြည်တော်၊ တိုင်း၊ ပြည် နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် နိုင်ငံတော်အဆင့်သစ် ပင်စိုက်ပျိုးပွဲနှင့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲများကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အ ပင်ပေါင်း(၅၄,၁၈၀)ပင်စိုက်ပျိုးရန်စီစဉ်ထားကာ ယင်းနေရာများတွင် စိုက်ပျိုးထားသည့်သစ်ပင်များရှင်သန်ရန် တစ်ပင်စိုက်တစ်ပင်ရှင်ဖြစ်ရန် ဆက်လက်လုပ် ဆောင်ရမည့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကိုအ လေးထားဆောင်ရွက်ရမည်ဟု မှာကြားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံပိုင်စိုက်ခင်း၊ စီး ပွားရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ရေဝေရေ လဲစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက် ခင်းစသည့် စိုက်ခင်းဧကပေါင်း(၁၆၀,၀၀၀)ကျော်တွင် အပင်ပေါင်း(၁၂၂)သန်းကျော်စိုက်ပျိုးခဲ့ကာ ယခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံပိုင်သစ်တော စိုက်ခင်းများအပါအဝင် ဧကပေါင်း (၃၀,၀၀၀)၌ အပင်ပေါင်း(၂၁)သန်းကျော်စိုက်ပျိုးသွားမည်ဟု ပြောသည်။

” အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းတွေကို အပူပိုင်းဒေသ(၁၃)ခရိုင်၊ မီးရထားလမ်းတွေ၊ အာဆီယံလမ်းမကြီးနဲ့ ကားလမ်းတွေ ဘေးဝဲ/ယာ၊ ပုဂံရှေးဟောင်း ယဉ် ကျေးမှုနယ်မြေ၊ အင်းလေးကန်တစ်ဝိုက်ဧရိယာတွေမှာ ဆက်စပ်ဌာနတွေနဲ့အတူပူးပေါင်းစိုက်ပျိုးနေပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်းဟာ အလွန်အရေးကြီးပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ကြောင့် သစ်တောပြုန်းတီးမှုလျော့ကျစေရေးနှင့် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံ့ဧရိယာ၏ (၅၀)ရာခိုင်နှုန်း ပြည့်မီစေရေးအတွက် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို နိုင်ငံ့ဧရိယာ၏ (၂၆ ဒသမ ၁၁)ရာခိုင်နှုန်းနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန်အတွက် သဘာဝနယ်မြေ(၆၂)ခု၊ နိုင်ငံ့ဧရိယာ၏ (၆ ဒသမ ၅၉) ရာခိုင် နှုန်းအထိတိုးမြှင့်တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ကာ ယင်း သစ်တောနယ်မြေ၊ သစ်တောနယ်မြေပြင်ပနေရာများနှင့် ကုန်းတွင်းဒေသသများတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကာကွယ်နိုင်ရေး၊ ရေကြီးရေလျှံမှု၊ မြေတိုက်စားမှုများမှ ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် သစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး စီမံဆောင်ရွက်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅ ရက်တွင် ထုတ်ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ရုပ်အလောင်းတင်ယာဉ်နှင့် လူနာတင်ယာဉ်များကို အခမဲ့ သို့မဟုတ် သင့်တင့်မျှတသောနှုန်းထားဖြင့် ပို့ဆောင်ပေးနိုင်မည့် ပရဟိတအသင်းများ၏...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တရုတ်က ဆက်လက်ထောက်ခံမည်ဟု ဝမ်ယိ ပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ “အေးအတူ ပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေး၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃) ပါးအား နိုင်ငံတော်သမ္မတ မိသားစုက ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒေလီတက္ကသိုလ်၊ ဂေါတမဗုဒ္ဓတက္ကသိုလ်နှင့် သုဘာတီတက္ကသိုလ်တို့တွင် ပညာသင်ကြားနေသော သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၆၃) ပါးအား ရည်စူးဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လှူဒါန်းရာတွင် နေ့ဆွမ်းအပြင် ဗုဒ္ဓရုပ်ပွားတော်၊ သင်္ကန်းပရိက္ခရာများ၊ နဝကမ္မဝတ္ထုအလှူတော်ငွေများနှင့် ဒါတဗ္ဗဝတ္ထုပစ္စည်းအစုစုတို့ကိုပါ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071