Friday, June 5, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီဇယ်ဆီ HSD...

ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း...

မုတ်သုံလေအားကောင်းမှုကြောင့် ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းဒေသများတွင်...

မုတ်သုံလေအားကောင်းနေမှုကြောင့် နိုင်ငံတစ်ဝန်းဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးတိမ်တောင်များဖြစ်ထွန်းနေသည့် ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၅ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။ ဂျက်ကာ-စိန်တောင်...

စစ်ကိုင်းမြို့ရှိ လ.ဝ.က ရုံး၌ ပေါ-က်ကွဲမှုဖြစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ပေါ-က်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ အဆိုပါ...
HomeMovies၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း...

၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း တန်ချိန် ၁.၃ သန်းကျော် ပြည်ပတင်ပို့ရန် မျှော်မှန်း

ရန်ကုန်၊ ဇွန်

၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်အစောပိုင်းကာလအတွင်း ပြောင်းတန်ချိန် ၁ သိန်းခန့်ကို တင်ပို့ပြီးစီးထားကြောင်း အသင်းက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် ယခုအချိန်၌ ပြောင်းတစ်ကီလိုလျှင် ၁၁.၇ ဘတ်အထိ ဈေးကောင်းရရှိနေသော်လည်း ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံမှ ပြောင်းတန်ချိန် ၁ သန်းဝယ်ယူရန် စာချုပ်ချုပ်ဆိုထားသဖြင့် လာမည့်ကာလတွင် ထိုင်းဈေးကွက်အတွင်း ပြောင်းဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်ထားကြသည်။

လက်ရှိအချိန်တွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံက ဈေးအမြင့်ဆုံးဖြင့် အများဆုံးဝယ်ယူနေပြီး ထိုင်းနှင့် ဖိလစ်ပိုင်ဈေးကွက်များသို့ အဓိကတင်ပို့နေရကြောင်း သိရသည်။

ထိုင်းဘက်မှ ဝယ်လိုအား လျော့ကျလာပါက အခြားဝယ်လိုအားရှိသည့် အာဆီယံဒေသတွင်းနိုင်ငံများသို့ တင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်းတွင်လည်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုရေး လွှတ်တော်သို့ ပေးပို့

ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း သိရသည်။ ဇွန် ၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် အဆိုပါကိစ္စကို ပေးပို့ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတထံမှပေးပို့ထားမှုနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဟန်ဝင်းအောင်က ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် အခြားဒေသတွင်းနိုင်ငံများနည်း တူ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံစားသောက် ကုန်၊...

မုတ်သုံလေအားကောင်းမှုကြောင့် ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်နိုင်

မုတ်သုံလေအားကောင်းနေမှုကြောင့် နိုင်ငံတစ်ဝန်းဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးတိမ်တောင်များဖြစ်ထွန်းနေသည့် ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၅ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာနိုင်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းရေတိုက်စား၍ လမ်းပျက်စီးခဲ့

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။ ဂျက်ကာ-စိန်တောင် မော်တင်လမ်း မိုင်တိုင်အမှတ် ၅၆/၀ နှင့် ၅၆/၁ ကြား တံတားအမှတ်(၁/၅၇) အရှည် (၁၀၀)ပေရှိ တင်းချောင်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးဆင်းရာမှ တံတား၏ပုသိမ်ဘက်ခြမ်းချဉ်းကပ်လမ်းမှာ ရေတိုက်စားကာပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာလမ်းဦးစီးဌာနမှ ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071