နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁ ၅) ရက်တွင် လေရှီးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီကသိရသည်။
၂၀၂၆ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက် ကော်မတီ (၁၇)ခု၊ ဆပ်ကော်မတီ (၁၀) ခု ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသညဦးစီးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် လေရှီးမြို့နယ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီဝင်များ၊ မြို့နယ်နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စုပေါင်းအားဖြင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်
ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်မှ (၁၆) ရက်အထိ (၃)ရက်တိုင်တိုင် စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။
၂၀၂၆ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို လေရှီးမြို့နယ်တွင် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ(၂၂)ရက် ၊ နံနက် (၁၀) နာရီက လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက်လုပ်ငန်း ဆပ်ကော်မတီများဖွဲ့စည်းထားပြီးဖြစ်ရာလုပ်ငန်း ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များခွဲဝေသတ်မှတ်ခြင်း၊ အချိန်မီပြီးစီးရေးအတွက်လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့် Schedule များ ရေးဆွဲဆောင်ရွက်ရေးနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
