၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ရာ၌ လက်ရှိ မြန်မာ ယူ- ၂၂ ကစားသမားများအပါအဝင် (၅)ကြိမ်မြောက် အမျိုးသားအား ကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းနှင့် ပြည်နယ် ၊ ဝန်ကြီး ဌာနအသင်းများမှ ကစားသမားများကိုပါ ထည့်သွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
(၅) ကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အတွင်း ပါဝင်ခဲ့သည့် တိုင်းနှင့် ပြည်နယ်ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ပဲခူး၊ ကချင်၊ မွန်၊ ဧရာဝတီနှင့် နေပြည်တော်တို့ရှိ ကစားသမား (၅၈)ဦးကို ထည့်သွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် (၃၃)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအတွင်း အသက်ကန့်သတ်သွားမည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားပြီး၊ ပြိုင်ပွဲအတွင်း ယူ -၂၂ ကစားသမားများသာ ပါဝင်ယှဥ်ပြိုင်ခွင့်ပြုမည်ဖြစ်ကာ ၂၀၀၃ ခုနှစ်နှင့် နောက်ပိုင်းမွေးဖွားသည့် ကစားသမားများကို ယှဥ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
(၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချောင်ဘူရီ နှင့် ဆောင်ခလာမြို့၌ ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို ခုနစ်ကြိမ်မြောက် ကျင်းပခွင့်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။