၂၀၂၅ ခုနှစ် မြွေနှစ်တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁) တွင်ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က လျှပ်စစ်ဘောလုံးနှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် ဧည့်သည်တော်များကို တရုတ်ရိုးရာ ဖျော်ဖြေရေးအဖွဲ့များ၊ ဘင်ခရာတီးဝိုင်းများက ကပြဖျော်ဖြေခဲ့ကာ အဖွဲ့လိုက်အန်ပေါင်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ထိန်ချုံးအမျိုးသားယဉ်ကျေးမှုအဖွဲ့၏ ဗုံအက၊ ချုံချင့်ယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့၏ တေးသီချင်း၊ တယ်ဟုန်စာပေနှင့် အနုပညာယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများ မြန်မာနိုင်ငံမှ တေးသံရှင်များနှင့် မြဝတီယဉ်ကျေးမှုအဖွဲ့၏ သီဆိုဖျော်ဖြေမှုများဖြင့် အခမ်းအနား ညပိုင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။