မတ်လတွင် ဖြေဆိုခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်မည့်ရက် မကြေညာသေးကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဇွန်လ (၁၃) ရက်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စာစစ်ဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက် မကြေညာသေးကြောင်း အသိပေးထားသည်။
ယခင်နှစ်များနည်းတူ အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်းကြေညာရန်အသင့်ဖြစ်သည့် အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင်ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website တို့မှတစ်ဆင့် တရားဝင် အချိန်မီ အသိပေးကြေညာမည်ဖြစ်သည်။
ထိုသို့ တရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုသေးကြောင်း ယမန်နှစ်က ကြေညာချက်အဟောင်းများကို ဖြ-တ်ညှပ်ကပ်ပြုလုပ်၍ သတင်းမှားများထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြရန်နှင့် အောင်စာရင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိ-မ်လ-ည်မှုများကို သတိပြုကြရန် အသိပေးနှိုးဆော်ထားသည်။
မတ်(၂၈)ရက် မွန်းလွဲပိုင်းအချိန်က ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသို လ်၌ ထားရှိသည့် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်တိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ အဖြေလွှာများ မီးလေ-ာင်ဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြန်လည်ဖြေဆိုသွားကြရမည်ဖြစ်ကာ အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန် (၁၆) ရက်မှ (၂၁)ရက်အထိ ပြန်လည်ဖြေဆိုသွားကြရမည်ဖြစ်ကြောင်း သိရသည်။