Wednesday, May 13, 2026

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ကို ရန်ကုန်စီးတီးအသင်း...

ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း...

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို...

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန်...

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက်...

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း...
HomeNewsLocal News၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ်...

၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ် လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်း (FLY Project 2025) လျှောက်လွှာခေါ်ယူ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်း (FLY Project 2025) အတွက်လျှောက်လွှာခေါ်ယူထားကြောင်း သိရသည်။

အာဆီယံနိုင်ငံများနှင့်Asian Film Commission Network (AFCNet) အဖွဲ့ဝင်နိုင်ငံများမှ ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ် လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်း (ASEAN-ROK Film Leader Incubator; FLY Project 2025) ကို ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့တွင် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ (၄) ရက်မှ ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၁၉) ရက်အထိ ဇာတ်လမ်းတို၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်းသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ (၂)ဦး ရွေးချယ်စေလွှတ်သွားမည် ဖြစ်သည်။

အဆိုပါ FLY Project 2025 သို့ တက်ရောက်ရန် လျှောက်ထားလိုသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊ ၂၀၀၁ ခုနှစ်မှ၂၀၀၆ ခုနှစ်အတွင်း မွေးဖွားသူဖြစ်ရမည်၊ အနည်းဆုံး ဇာတ်လမ်းတို သို့မဟုတ် မှတ်တမ်း ဇာတ်လမ်း သို့မဟုတ် ဗီဒီယိုဇာတ်ကား (၂) ကား ရိုက်ကူးဖူးသူ ဖြစ်ရမည်၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်ရမည်၊ နိုင်ငံခြားခရီးသွားလာမှုအတွက် ပိတ်ပင်ခြင်းခံထားရသူ မဖြစ်စေရ၊ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် Asian Film Academy (BAFA) တို့တွင် ပြုလုပ်သည့် အစီအစဉ် တစ်ခုခု၌ ပါဝင်ဖူးသူ မဖြစ်စေရဟူ၍ သတ်မှတ်ထားသည်။

ထို့ပြင် လျှောက်လွှာတွင်ပါရှိရမည့်အချက်များမှာသတ်မှတ်ထားသည့်လျှောက်လွှာပုံစံများတွင် ပြည့်စုံစွာဖြည့်စွက်ခြ င်း၊လျှောက်ထားသူ၏ စိတ်ပါဝင်စားမှု၊ ကိုယ်ရေးအကျဉ်း၊ အနာဂတ်အစီအစဉ်များ ရေးသားဖော်ပြထားသည့် မိတ်ဆက်စကား ပါရှိရမည်ဖြစ်သည်။

အဆိုပါ လျှောက်လွှာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြင့်တင်ရေးဌာနခွဲ၊ အမှတ်(၂၈) ကုက္ကိုင်းရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရယူလျှောက်ထားနိုင်ပြီး လျှောက်ထားသူများအနေဖြင့် လျှောက်လွှာများကို ပြည့်စုံစွာ ဖြည့်စွက်ပြီး လိုအပ်သည့် အချက်အလက်(၆)စုံ၊ ရိုက်ကူးထားသည့် Project Video File (၂)ခုနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြင့်တင်ရေးဌာနခွဲသို့ ၂ဝ၂၅ ခုနှစ် ၊ ဧပြီလ (၄) ရက်၊ (သောကြာနေ့) ရုံးချိန်အတွင်း အရောက်ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်း လူတွေ့ဖြေဆိုရမည်ဖြစ်သည်။

အသေးစိတ်သိလိုပါက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ရုပ်ရှင်မြင့်တင်ရေး ဌာနခွဲ(ရန်ကုန်)၊ နိုင်ငံတကာဌာနစု တယ်လီဖုန်းအမှတ် ၀၁-၇၅၃၇၉၃၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ကို ရန်ကုန်စီးတီးအသင်း (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း အသင်းက အတည်ပြုထုတ်ပြန်လိုက်သည်။ အသက် (၂၆) နှစ်အရွယ် အရပ် (၅) ပေ (၇) လက်မရှိ မြတ်ကောင်းခန့်သည် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ဇာတိဖြစ်ပြီး ပုသိမ်အကယ်ဒမီနှင့် မန္တလေးအကယ်ဒမီတို့တွင် (၄) နှစ်ကြာ ဘောလုံးအခြေခံပညာများကို စနစ်တကျ သင်ယူခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ရတနာပုံအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သည်။ မြတ်ကောင်းခန့်သည် မြန်မာ့လက်ရွေး စင် သက်တမ်းအလိုက်အသင်းများတွင်...

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို တရုတ်နိုင်ငံ Unitree ကုမ္ပဏီက ထုတ်ဖော်ပြသ

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သိပ္ပံစိတ်ကူးယဉ် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အင်ဂျင်နီယာလောကအကြား နယ်နိမိတ်မျဉ်းမှာ လျင်မြန်စွာ ပျောက်ကွယ်လာနေပြီ ဖြစ်သည်။ အနာဂတ်နောက်ခံ ရုပ်ရှင်နမူနာတစ်ခုအတွင်းမှ မြင်ကွင်းကဲ့သို့ပင် Unitree Robotics ကုမ္ပဏီ၏ စီအီးအို ဝမ်ရှင်းရှင်း(Wang Xingxing) သည် အမြောက်အမြား ထုတ်လုပ်ရန် အသင့်ဖြစ်နေသည့် ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်သော စက်ရုပ်အဖြစ်...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာနေသည်။ ဤခရီးစဉ်သည် လွန်ခဲ့သော ကိုးနှစ်နီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။ အပြောင်းအလဲမြန်သည့် အခြေအနေများရှိသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သော နှစ်နိုင်ငံဆက်ဆံရေး ကို ပြန်လည်သုံးသပ်ချက်များအရ ထိပ်သီးခေါင်းဆောင်များ၏ သံတမန်ရေးရာ ဆောင်ရွက်မှုများသည် အမြဲတစေ အကျိုးပြုခဲ့သည်။ ၎င်းသည် အစားထိုးမရနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071