Monday, June 9, 2025

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့...

Prefabricated Modular House များတွင်...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည်...

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ်...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခြေခံကျသည့်မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခြေခံကျသည့်မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကျင်းပသည့်...
HomeNewsLocal News၂၀၂၄ ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်ကို...

၂၀၂၄ ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်ကို မြန်မာနိုင်ငံက လူငယ်တစ်ဦး ၀င်ရောက်ယှဉ်ပြိုင်နေ

UAE နိုင်ငံတွင် ကျင်းပနေသည့် World Skateboarding Championships 2023 တွင် မြန်မာစကိတ်ဘုတ်အသင်းမှ လူငယ်တစ်ဦး ၀င်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို UAE နိုင်ငံ Aljada Skate Park, Sharaj မြို့တွင် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာစကိတ်စီးအားကစားအသင်းမှ ထက်မြက်နိုင်သည် Qualifier အဆင့်တွင် ဂျပန်၊ တောင်ကိုးရီးယား၊ ပီရူး၊ နီပေါ၊ ကာဇက်စတန်၊ မက်ဆီကို၊ အိုမန်၊ မော်ရကို၊ မိုဇမ်ဘစ် ကစားသမားများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အုပ်စုတစ်ခုတွင်၂၃ ယောက်ကစားရမည်ဖြစ်ပြီး Group ၈ ခုမှ အမှတ်များဆုံး ၃၂ ယောက်သည် quarterfinal သို့တက်ရောက်ခွင့်ရမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲသည် ပြင်သစ်အိုလံပစ်၏ ပွဲစဉ်တစ်ခုဖြစ်ပြီး ပြင်သစ် ၂၀၂၄ အိုလံပစ်၏ ခြေစစ်ပွဲစဉ်အတွက် အမှတ်ရမည့် ပြိုင်ပွဲလည်းဖြစ်ကာ စားစရိတ်အားလုံးကို ကမ္ဘာ့အိုလံပစ်ကောင်စီမှ ကျခံမည်ဖြစ်ပြီး ပြိုင်ပွဲသည် မြန်မာစကိတ်ဘုတ်အသင်းအတွက် ဒုတိယအကြိမ်အိုလံပစ်အတွေ့အကြုံဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်သွားကားလမ်းတိုးချဲ့ရာ၌ မလွတ် ကင်းသော ၁၁ ကေဗွီ မြို့တွင်းလိုင်းဟောင်းဖီဒါနှင့်စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့အား မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်းပြောင်းရွှေ့တည်ဆောက်မည့်လမ်းအူကြောင်းတစ်လျှောက်အခြေအနေ၊ ၃၃ ကေဗွီ လှိုင်သာသာယာ-နဝဒေးဖီဒါနှင့်ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်းရွှေ့ပြောင်းတည်ဆောက်ရန်ရွှေသံလွင်စက်မှုဇုန်နှင့်ရွှေကမ်းသာယာအိမ်ရာအ တွင်းရှိဓာတ်အားလိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာစက်မှုဇုန်(၁၊၂၊၃၊၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁...

Prefabricated Modular House များတွင် ငလျင်ဒဏ်သင့်ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းရုံးနေရာ၌ တည်ဆောက်ပြီးစီးခဲ့သော Prefabricated Modular House များနှင့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဌာနပိုင်မြေနေရာတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနေ ထိုင်ရန် Prefabricated Modular House များကို တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင်လည်း ပြောင်းရွှေ့နေထိုင်လျက်ရှိကာ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနမှ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည် နှစ်နိုင်ငံပြည်သူများအတွက် အခွင့်အလမ်းကောင်းများရရှိစေနိုင်မည်

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင်ရှိနေသဖြင့် ယင်းစီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတူတကွ စဉ်ဆက်မပြတ် သာယာဝပြောဖွံ့ဖြိုးတိုးတက်နိုင်စေမည့် အခွင့်အလမ်းပေါင်းများစွာရရှိစေနိုင်လိမ့်မည်ကို ယုံကြည်သည်ဟု ပြောသည်။ ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်းတစ်လျှောက်ရှိ မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာအကောင်အထည်ဖော်နိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071