၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ကောက်ယူခဲ့ပြီးဖြစ်သည့်အတွက်အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
ထို့ကြောင့် စာရင်းအချက်လက်များရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ရယူနိုင်ကြောင်းလည်း အဆိုပါဦးစီးဌာနမှ အသိပေးထားသည်။
အဆိုပါ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားခဲ့ပြီးဖြစ်သလို ယခုလထဲ ထပ်မံထုတ်ပြန်မည့် ပြည်ထောင်စုအစီရင်ခံစာတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ ေ-သဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် ေ-သဆုံးခြင်း စသည့်အကြောင်းအရာများ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
