Thursday, June 25, 2026

တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေး

တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ထွေးထွေးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၅၈ /၂၀၂၆ ဖြင့်...

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက...

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ...

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀...

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့ပြီး...

မြန်မာအစိုးရသစ်၏ သဘောထားမှာ ယခင်ကထက် ပိုမိုပွင့်လင်းလာဟု...

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် အကြံပြုချက်များကို ပိုမိုလက်ခံဆောင်ရွက်လိုသည့် သဘောထားရှိလာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ ပါလီမန်တွင်...
HomeNewsLocal News၂၀၂၂ ခုနှစ် AFF...

၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင် ပွဲ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တတိယဆုရရှိ

၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင် ပွဲ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တတိယဆုရရှိ

ဖီလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက်နမ်အမျိုးသမီးအသင်းအား အနိုင်ယူ၍ တတိယဆုရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ သည် ဇူလိုင် ၁၇ ရက်(ယနေ့)တွင် ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ၄ ဂိုး ၃ ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ၌ ပွဲထွက်ကစားသမားများအဖြစ် မေဇင်နွယ်၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ချစ်ချစ်၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မာ လာထွန်း၊ ဇူလိုင်ကျော်၊ နန့်ဇူဇူထက်နှင့်ပုံ့ပုံ့ပြည့်မောင်တို့ဝင်ရောက်ကစားခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ကစား၍ မြန်မာ့လက် ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက် နမ်အမျိုးသမီးဘောလုံးအသင်းနှင့်ပွဲပြီးဆုံးသည်အထိ အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် စန်းသော်သော်မှပွဲကစားချိန် ၁၀ မိနစ်၊ ၅၈ မိနစ်၊ ၈၈ မိနစ်နှင့် လင်းမြင့်မိုရ်မှ ၈၄ မိနစ်တို့တွင် ဂိုးများသွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

တတိယနေရာလုပွဲအဖြစ်ယှဥ်ပြိုင်ကစားခဲ့ရခြင်းမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဆီးမီးဖိုင်နယ်ပွဲစဥ်၌ ထိုင်းအမျိုးသမီးဘောလုံးအသင်းဖြင့်ယှဥ်ပြိုင်ကစားရာတွင် ၂ ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ခြင်းကြောင့်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်ဗီ ယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့သည် အုပ်စုတစ်အုပ်ထဲ၌ကျရောက်ခဲ့ပြီး အုပ်စုတွင်းပြိုင်ပွဲတွင် ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့်မြန်မာ့လက်ရွေး စင်အမျိုးသမီးဘောလုံးအသင်းမှရှုံးနိမ့်ထားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေး

တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ထွေးထွေးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၅၈ /၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၄ နှင့် တိုင်း(သို့)ပြည်နယ်အ စိုးရအဖွဲ့ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဃ)တို့အရ ဒေါ်အေး အေးသန်းအား တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမိန့်အမှတ် ၅၉ / ၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊...

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက ခေတ်မမီသော ဘွဲ့ဒီဂရီအစီအစဉ် ၁၂,၀၀၀ ကျော် ပြုပြင်ပြောင်းလဲ

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ နည်းပညာအခြေပြု ဘာသာရပ်အသစ်များကို တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ တရုတ်ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ရှင်းဟွာသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်တက္ကသိုလ်များသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန်အစီအစဉ် ၁၂,၂၀၀ ခုကို ဆိုင်းငံ့ထားပြီး ဘွဲ့ဒီဂရီအစီအစဉ် ၁၀,၂၀၀ ခုကို ဖျက်သိမ်းခဲ့ရာ တက္ကသိုလ်ဘာသာရပ်များ၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း...

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ မလုံလောက်ဟု ဘင်္ဂလားဒေ့ရှ် ပြော

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုရန်ပုံငွေမှာ လက်တွေ့လိုအပ်ချက်များကို ဖြည့်ဆည်းရန် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြီးအကဲ ပါမောက္ခ မိုဟာမက် ယူနွတ်စ်၏ အထူးကိုယ်စားလှယ် တာရစ် ရာမန်က တရုတ်နိုင်ငံ ဒါလီယန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071