Monday, June 8, 2026

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...

လာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

       ရှာဖွေရေးနယ်မြေသည် မြေသားမတည်ငြိမ်ဖြစ်လာခြင်းနှင့် အသက်ရှင်သန်နိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့ကြောင့် လာအိုနိုင်ငံရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့သော အမျိုးသားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်မှုကို စနေနေ့တွင်...
HomeNewsLocal News၂၀၂၂ ခုနှစ်အတွက် YBS...

၂၀၂၂ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်မောင်းဆုရရှိသူ ၈၃ ဦးအားဆုများချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ၂၀၂၂ ခုနှစ်အတွက် YBS စံပြယာဥ်မောင်းဆုနှင့်တာဝန်သိယာဥ်မောင်းဆုများအား ဇန်နဝါရီ ၂၇ ရက်(ယနေ့) နံနက် ၁၀ နာရီက ချီးမြှင့်ပေးအပ်ခဲ့သည်။

“YRTC ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “Safe Public Transportation to All” အတိုင်း ၂၀၂၂ ခုနှစ်အတွင်းမှာ ခရီးသွားလုပ်သားပြည်သူတွေ လိုရာခရီးကိုဘေးကင်းလုံခြုံအောင် ပို့ဆောင်ရာမှာ တာဝန်ကျေပွန်စွာထမ်းဆောင်ပေးခဲ့ကြတဲ့ စံပြ YBS ယာဥ်မောင်းတွေကိုဆုချီးမြှင့်ပေးတာပါ”ဟု YRTC ၏ ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုကပြောသည်။

စံပြယာဉ်မောင်းဆုရရှိသူ YBS ယာဥ်မောင်း ၅၃ ဦးအား တစ်ဦးလျင်ဆုကြေးငွေကျပ် ၄၀၀၀၀၀ သိန်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ၊ တာဝန်သိ YBS ယာဉ်မောင်း ၃၀ ဦးအား တစ်ဦးလျင်ဆုကြေးငွေကျပ် ၂၀၀၀၀၀ သိန်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့ပြင် စံပြယာဥ်မောင်းဆုနှင့်တာဝန်သိယာဥ်မောင်းဆုများရရှိခဲ့ကြသည့် YBS ယာဥ်မောင်းများအား YBPC Co., Ltd ၊ လူထုမိတ်ဆွေကုမ္ပဏီ၊ Asia Starmar Transport Intelligent Co., Ltd, နှင့် Super One Co., Ltd တို့မှလည်း ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးခဲ့သည်။

“YBS ယာဥ်လိုင်းတွေကနေ နေ့စဥ် ကားစီးရေ ၃၅၀၀ ကျော်လောက်နဲ့ခရီးသည်တွေကို တင်ဆောင်ပြေးဆွဲပေးနေပါတယ် အဲဒီထဲကမှ ခရီးသွားတွေကို စိတ်ချမ်းချမ်းသာသာနဲ့သွားလာနိုင်အောင်ပြေးဆွဲပေးခဲ့တဲ့ ယာဥ်မောင်းကြီးတွေကို ၂၀၂၂ ခုနှစ်အတွက် စံပြယာဥ်မောင်းဆုနဲ့တာဝန်သိယာဥ်မောင်းဆုပေးအပ်ချီးမြှင့်တာပါ”ဟု YRTC ၏တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

စံပြယာဥ်မောင်းဆုနှင့်တာဝန်သိယာဥ်မောင်းဆုများရွေးချယ်ရာ၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအတိုင်းမောင်းနှင်သည့် ယာဥ်မောင်းများအနက် ဒဏ်ကြေး၊သတိပေးခံရခြင်းမရှိသည့် ယာဥ်မောင်းများနှင့်တာဝန်သိသိဖြင့် ဝန်ဆောင်မှုကောင်းသည့် ယာဥ်မောင်းများ၊ခရီးသည်များကျန်ခဲ့သည့်ပစ္စည်းများအား တာဝန်သိစွာဖြင့် ပြန်လည်ပေးအပ်သော ယာဥ်မောင်းများအား ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း YRTC ၏တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ ဗီယက်နမ်သို့ ထွက်ခွာ၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့ တက်ရောက်ရန် ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကို ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အောက်ပါတာဝန်ရှိသူများ လိုက်ပါသွားကြသည် - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မန္တလေးတိုင်းဒေသကြီး...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေးမှုများကို မွန်ပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ် ၈ ခုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဆောင်ရွက်ခဲ့သည့် အသိပညာပေးလုပ်ငန်းများ အဆိုပါမြို့နယ်များအတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်ပါအတိုင်း ထိထိရောက်ရောက်...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များသို့ နှစ် ၃၀ (၂၀+၅+၅) နှစ်ရှည်ငှားရမ်းမည်ဖြစ်သည်။ ငှားရမ်းလိုသောကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံများကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀) ၊ နေပြည်တော်တွင် ဝယ်ယူနိုင်ကြောင်း တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071