Looking for something?

Explore the website

Looking for something?

Tuesday, June 10, 2025

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင်...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ...
HomeInternational၂၀၂၂ ခုနှစ်တွင် ကားအစီးရေ...

၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၁ ဒသမ ၂၃ သန်း ရောင်းချနိုင်ခဲ့သော Chery အမှတ်တံဆိပ်

တရုတ်အခြေစိုက် ကားကုမ္ပဏီကြီးဖြစ်သည့် Chery အုပ်စုက ထုတ်ပြန်လိုက်သော ၂၀၂၂ ခုနှစ်အတွင်း ရောင်းချခဲ့ရသည့် ကားအစီးရေ ပမာဏအရ Chery အမှတ်တံဆိပ်ကားများသည် ဒီဇင်ဘာလ တစ်လတည်း၌ပင် ကားအစီးရေ ၁၀၅,၄၈၃ စီး ရောင်းချခဲ့ရပြီး တစ်နှစ်တာလုံး အတိုင်းအတာဖြင့် စုစုပေါင်း ၁,၂၃၂,၇၂၇ စီး စံချိန်တင် ရောင်းချခဲ့ရကြောင်း သိရသည်။ ထိုပမာဏမှာ ပြီးခဲ့သည့်နှစ်နှင့် နှိင်းယှဉ်ပါက ၂၈ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။

အထူးသဖြင့် ပြည်ပသို့ ကားအစီးရေပေါင်း ၄၅၁,၃၃၇ စီး တင့်ရောင်းချနိုင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၆၇ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ထို့ပြင် ပြည်ပသို့ တင်ပို့ရောင်းချခဲ့ရသော ကားအစီးရေ ပမာဏအရ တရုတ်ထုတ် ကားအမှတ်တံဆိပ်များထဲတွင် Cheryသည် အနှစ် ၂၀ ဆက်တိုက် ပထမအဆင့်၌ ရပ်တည်နေကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ မသေချာမရေရာမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း Chery သည် အခြားကုမ္ပဏီများနှင့် မတူဘဲ ဆန့်ကျင်ဘက် တိုးတက်အောင်မြင်မှုများ ရရှိခဲ့ပေသည်။

ပထမအောင်မြင်မှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၁ ဒသမ ၂၃ သန်း စံချိန်တင် ရောင်းချခဲ့ရပြီး နှစ်စဉ် ကားရောင်းချမှုပမာဏတွင် ပထမဆုံးအကြိမ်အဖြစ် ကားအစီးရေ တစ်သန်း ကျော်သွားခြင်းဖြစ်သည်။

ပြည်ပသို့ နှစ်စဉ်တင်ပို့သည့် ကားအစီးရေ ပမာဏသည်လည်း ပထမဆုံးအကြိမ်အဖြစ် လေးသိန်း ငါးသောင်းကျော် ရှိလာပြီး ပြည်ပသို့ ထိုးဖောက်ရောင်းချမည့် တရုတ်ထုတ် ကားအမှတ်တံဆိပ်များထဲတွင် စံချိန်သစ်တစ်ရပ်ကို ချိုးဖောက်နိုင်ခဲ့သည်။

ယခုလက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ Chery ထုတ်ကားများအား အသုံးပြုနေသူ စုစုပေါင်း ၁၁ ဒသမ ၂ သန်း ရှိနေပြီး ထိုထဲမှ ၂ ဒသမ ၄ သန်းမှာ ပြည်ပမှ သုံးစွဲသူများဖြစ်ကြောင်း သိရသည်။

Chery အမှတ်တံဆိပ်သည် သုံးစွဲသူများနှင့် သဟဇာတဖြစ်သော ကားများ သာမက လူကြိုက်များသော ကားများကိုပါ ဆက်လက်ဖန်တီး ထုတ်လုပ်နေသဖြင့် အရောင်းပိုင်းတွင် အရှိန်အဟုန်ကောင်းလျက် ရှိနေပေသည်။

ကမ္ဘာ့မော်တော်ယာဉ် ဈေးကွက်ကို အဓိက ပစ်မှတ်ထား၍ ပြည်ပသို့ ထိုးဖောက်ရန်နှင့် လွန်စွာ ခေတ်မီတိုးတက်သည့် Brand တစ်ခု တည်ဆောက်ရန်အထိ ရည်ရွယ်ထားသော Chery သည် ပြည်ပဈေးကွက်ရှိ နိုင်ငံများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းကာ တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတကာအဆင့်မီ ကားမော်ဒယ်ပုံစံအသစ်များကို ရှာဖွေပေးနိုင်ခဲ့သည်။

၂၀၂၂ ခုနှစ်၌ Chery အုပ်စုသည် လေးလအတွင်း တစ်လလျှင် ကားတင်ပို့မှု အစီးရေ ငါးသောင်း ကျော်ဖြင့် တရုတ်ထုတ် မော်တော်ယာဉ် အမှတ်တံဆိပ်များအတွင်း တစ်လလျှင် ကားအစီးရေ အများဆုံး တင်ပို့နိုင်မှုစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

Chery၏ အကောင်းဆုံး မော်တော်ယာဉ်များဖြစ်သော TIGGO 8 နှင့် TIGGO 7 တို့သည်လည်း ပြည်ပရှိ အသုံးပြုသူများထံမှ ယုံကြည်မှုနှင့် သဘောကျနှစ်သက်မှုတို့ကို လက်ခံရရှိခဲ့သည်။

ထို့ပြင် TIGGO 8 ကို ဘရာဇီးနှင့် အခြားနိုင်ငံများတွင် နိုင်ငံရပ်ခြားမှ ဂုဏ်သရေရှိ ဧည့်သည်တော်များအတွက် ဧည့်ခံယာဉ်အဖြစ် အကြိမ်ကြိမ် အသုံးပြုခဲ့ကြောင်း သိရသည်။

Cheryသည် ၎င်း၏ အားသာချက်စနစ်များကို ပေါင်းစည်းပြီး ထုတ်လုပ်လာသည့် နှစ်များတစ်လျှောက် အရည်အသွေးမြင့်သော တိုးတက်မှုများ ပြုလုပ်နိုင်ရန်အတွက် တွန်းအားပေးရာတွင် မဟာဗျူဟာကျကျ ပန်းတိုင်များထားကာ စိတ်ရှည်စွာဖြင့် ကြိုးစား အကောင်အထည်ဖော်ခဲ့သောကြောင့် အဓိကကျသော စီးပွားရေးဆိုင်ရာ အညွှန်းများအားလုံးတွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဆန်းသစ်တီထွင်မှုကို အဓိကတွန်းအား အဖြစ်ထားခြင်းဖြင့် Chery သည် နည်းပညာပိုင်းတွင်လည်း ၎င်း၏ ဦးဆောင်မှုကို ဆက်လက်အားကောင်းစေလျက် ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးအဖြစ်သို့ အသွင်ပြောင်းနိုင်ရန်အတွက် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

မော်တော်ယာဉ်အသစ် ထုတ်လုပ်သည့်အခါတိုင်း ခေတ်မီဆန်းပြားသော နည်းပညာအသစ်များ အဆက်မပြတ် ပါဝင်လာစေရန်အတွက် Cheryသည် သိပ္ပံပညာရှင်ကြီးများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ထားပြီး နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပြုလုပ်ရာတွင် ဦးဆောင်စေခဲ့ကြောင်း သိရသည်။

ထိုကြောင့် Cheryသည် ၂၀၂၂ နှစ်ကုန်တွင် နည်းပညာဆိုင်ရာ စုစုပေါင်း မူပိုင်ခွင့် ၂၅,၇၉၅ ခုကို ကြေညာနိုင်ခဲ့ပြီး ထိုထဲမှ ၁၇,၁၇၇ ခုအား ခွင့်ပြုချက်မူပိုင်ခွင့်ရရှိခဲ့ကာ မော်တော်ယာဉ်လုပ်ငန်းထဲတွင် ထိပ်တန်းစာရင်းဝင်ခဲ့သည်။

Cheryသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းကိုလည်း စဉ်ဆက်မပြတ်ချဲ့ထွင်နေပြီး ပူးတွဲ ဆန်းသစ်တီထွင်မှုများ၊ ပေါင်းစပ်တီထွင်မှုများနှင့် လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ပြည်ပမှ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းကာ မဟာမိတ်အဖွဲများ ဖွဲစည်းနေသည်။

Cheryအုပ်စုသည် စက်မှုအင်တာနက်၊ ပါဝါဘက်ထရီ စနစ်များ၊ ဂေဟစနစ်နှင့် ကိုက်ညီစေမည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် မဟာမိတ်အဖွဲများ ဖွဲစည်းရန်အတွက် Haier, Huawei, Luxshare Precision, CATL, iFLYTEK, Horizon Robotics စသည့်ကုမ္ပဏီကြီးများအပြင် အခြားသော စက်မှုလုပ်ငန်းအမျိုးမျိုးရှိ ပထမတန်းစား ကုမ္ပဏီများနှင့်ပါ လက်တွဲခဲ့သည်။

Cheryအုပ်စုသည် ၂၀၂၃ ခုနှစ်တွင်လည်း မနှစ်ကကဲ့သို့ နှစ်စဉ် ကားအရောင်းပမာဏနှင့် အခြားသော အဓိကကျသည့် စီးပွားရေးအညွှန်းများတွင် တဟုန်ထိုး တိုးတက်နေမှုကို ဆက်လက်ထိန်းသိမ်းသွားရန် ရည်မှန်းထားသည်။

ထို့ပြင် ၎င်း၏ ကားအရည်အသွေးများအား စဉ်ဆက်မပြတ် မြှင့်တင်ပေးခြင်းဖြင့် မဝေး‌တော့သည့် အနာဂတ်ကာလအတွင်း ကမ္ဘာ့ထိပ်တန်း မော်တော်ကားလုပ်ငန်းများ အလယ်တွင် အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လက်ချောင်းများ၌ ဒဏ်ရာများရရှိခဲ့သော စစ်သားလေးဦးသည် အိုကီနာဝါစီရင်စုရှိကျွန်းပေါ်တွင် တွေ့ရှိခဲ့သော မပေါ-က်ကွဲသေးသည့် လက်နက်ခဲယမ်းအများစုကို ယာယီသိုလှောင်ထားသည့် အဆောက်အအုံတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပွားခဲ့သော တို-က်ပွဲများထဲမှ တစ်ခုသည် အိုကီနာဝါတွင် ဖြစ်ပွားခဲ့သည်။ ရရှိခဲ့သောဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု စီရင်စုအရာရှိများက ပြောဆိုသော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် မသိရသေးဟု ဆိုသည်။ ကာဒီနာလေတပ်စခန်း၏...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့် နီကိုလိုင် ပါထရူရှက်ဗ်က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် အဆိုပါ မဟာဗျူဟာအစီအစဉ်ကို မေလနှောင်းပိုင်းတွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ArgumentiI Fakti သတင်းစာနှင့် အင်တာဗျူးတွင် ပါထရူရှက်ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကမ္ဘာ့အကြီးကျယ်ဆုံး ရေကြောင်းအင်အားကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားက...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါင်ရေး ဆွေးနွေး

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါဝင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို ယမန်နေ့ ဇွန် (၉) ရက်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သော ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ် (၃)ဦးတို့၏ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြီးနောက် ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071