Monday, May 4, 2026

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန်...

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ...

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို...

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အမြန်လမ်းတွင် ကားပျက်၍ ဆင်းပြင်သော ယာဉ်နောက်...

မန္တလေးမြို့မှ ပြန်လည်မောင်းနှင်လာသော မြတ်မန္တလာထွ န်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၃/၄-၅)ကြားအရော က်တွင် နောက်ယာဘီးပေါက်‌သော‌ကြောင့် ယာဥ်‌နောက်လို...

​ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း သားအမိ (၂) ဦး...

ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၊ ငှက်ပျောခင်းစု၊ ချောင်းသာ သစ်တောကြိုးဝိုင်း၊ အောင်ကောင်းချောင်းဖျား(ဒေသအခေါ်)၊ ယမနေစိုက်ခင်း၊ အကွက် အမှတ်(၄)အ စပ်တွင် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦး...
HomePopular Academy၂၀၂၀ ခုနှစ် အတွက်...

၂၀၂၀ ခုနှစ် အတွက် ဒါရိုက်တာဆုကို “ကမ္မဖလ” ရုပ်ရှင်ကားဖြင့် ထပ်ဆင့်အကယ်ဒမီပန်းချီစိုးမိုး ရရှိမည်ဟု ရေပန်းစားနေ

မေလ (၆) ရက်တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲတွင် ထူးချွန်ဆုရရှိနိုင်ခြေရှိသည့် ရုပ်ရှင်အနုပညာရှင်၊ အတက်ပညာရှင်များအား ခန့်မှန်းနေကြရာတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် ဒါရိုက်တာဆုကို ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး ရရှိမည်ဟု ရေပန်းစားနေသည်။

ထပ်ဆင့်အကယ်ဒမီ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးသည် ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို “ကမ္မဖလ” ဇာတ်ကားဖြင့် ရရှိမည်ဟု ခန့်မှန်းနေကြခြင်းလည်း ဖြစ်သည်။

“ကမ္မဖလ” ဇာတ်ကားသည် စာရေးဆရာ တင့်တယ်၏ စာ ပေဗိမာန်ဆုရ ဂန္တ၀င်၀တ္ထုစာအုပ်ဖြစ်သည့် ” ကမ္မဖလ ” ဝတ္ထုကို ပြန်လည် အသက်သွင်း ရိုက်ကူးထားခြင်းဖြစ်ပြီး ပွဲခင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးထုတ်လုပ်ထားသည့် ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ငြိမ်းမင်း (အညာသားငမိုး)က ဇာတ်ညွှန်းရေးသားပြီး သရုပ်ဆောင်များအဖြစ် ပြေတီဦး၊ မင်းမော်ကွန်း၊ ဇင်ဝိုင်း၊ ရန်ကျော်၊ စိုးရန်အောင်၊ စိုးသီဟ၊ မိုးဟေကို၊ စိုးပြည့်သဇင်၊ အေးမြတ်သူ အပါအဝင် ဝါရင့်အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားသည်ကို တွေ့ရသည်။

အဆိုပါ ရုပ်ရှင်သည် ကံ ကံ၏ အကျိုးကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး အနိမ့်အမြင့် ၊ အတက်အကျများဖြင့် ပရိသတ်ရင်ကို ဖမ်းစားနိုင်ခဲ့သည့် ဇာတ်လမ်းကောင်းတစ်ကားဖြစ်သည့်အတွက် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်များ၏ ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကိုလည်း မြင်တွေ့ရမည့် ကားကောင်း တစ်ကားပင် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန် ပြင်ဆင်နေ

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ ကုမ္ပဏီသည် ခေတ်မီ အီလက်ထရောနစ်ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Main Board တွင် စာရင်းဝင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း YSX မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့ပြင် YSX ၏ စာရင်းဝင်အကြိုဈေးကွက်ဖြစ်သော Pre-listing Board...

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်၊နောက်တစ်ဆင့်တက်ရန် ခက်ခဲလာ

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၁)ဂိုး ဂိုးမရှိဖြင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် ထိုင်းအသင်းသည် ပထမပိုင်း၌ ရရှိခဲ့သည့် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲပြီးဆုံးသည်အထိ ထိန်းကစားသွားနိုင်ခဲ့ခြင်း ဖြစ်သည်ကိူတွေ့ရသည်။ မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအတွက် အနည်း ဆုံး သရေတစ်မှတ်ရရှိရန်ကြိုးစားကစားခဲ့သော်လည်းထိုင်းအသင်းကို ထိရောက်စွာ ဖိအားမပေးနိုင်ဘဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်နှင့် ယခုပွဲစဉ်အပါအဝင် နှစ်ပွဲဆက်...

အမြန်လမ်းတွင် ကားပျက်၍ ဆင်းပြင်သော ယာဉ်နောက် လိုက် ကား‌လေအိတ်ပေါက် ပိမိ၍ အသက်ဆုံး

မန္တလေးမြို့မှ ပြန်လည်မောင်းနှင်လာသော မြတ်မန္တလာထွ န်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၃/၄-၅)ကြားအရော က်တွင် နောက်ယာဘီးပေါက်‌သော‌ကြောင့် ယာဥ်‌နောက်လို က်မှ ကားအောက်သို့ဝင်၍ စပါယ်ယာဘီးလဲလှယ်နေချိန်တွင် ‌ကား‌လေအိတ်ပေါက်ကာမျက်နှာ‌ပေါ်သို့ ပိမိပြီး ပေါက် ပြဲချိုင့်ဝင်ဒဏ်ရာ(သတိမရ/စိုးရိမ်ရဒဏ်ရာများ)ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ပြင်ပ လူနာဌာနသို့ အရောက်တွင် လူနာမှာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။ ထို့အတွက် အမြန်လမ်းပေါ်တွင် မောင်းနှင်စဥ်စက်ချို့ယွင်း သွားသောယာဥ်များအားလုံးအနေဖြင့် အမြန်လမ်း ပေါ်တွင်လုံးဝ(လုံးဝ)ရပ်တန့်ပြုပြင်ခြင်းမပြုရဘဲလမ်းဘေး မြေသားပေါ်သို့မဖြစ်မနေရွှေ့ ပြောင်းရန်နှင့် ယာဥ်ကိုတတ်ကျွ မ်းနားလည်သည့် လေ့ကျင့်ထားသူ/...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071