Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomeArticles၂၀၁၈ ရုပ်ရှင်ထူးချွန်ဆု ရင်ခုန်သံခန့်မှန်း

၂၀၁၈ ရုပ်ရှင်ထူးချွန်ဆု ရင်ခုန်သံခန့်မှန်း

၂ဝ၁၈ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ နီးလာပြီ။ ရင်ခုန်သံတွေလည်း နီးသထက် နီးလာပြီ။ ပရိသတ်က လည်း သူတို့ကြိုက်ရာကို ရွေးချယ် အားပေးနေပြီ။ အနုပညာရှင်များရဲ့ Fan တွေကလည်း သူတို့ချစ်တဲ့ အနု ပညာရှင်တွေကို ရစေချင်တာပေါ့။

ဒီနှစ်က အရင်နှစ်တွေနဲ့မတူ ဘူး။ ခန့်မှန်းရခက်ပါတယ်။ ဇာတ် ကားအားပြိုင်မှုကလည်း အရမ်း ကောင်းပါတယ်။ အရမ်းကို ပြင်းထန် တယ်။ ဒါကိုကြည့်ခြင်းဖြင့် မြန်မာ့ရုပ် ရှင်တိုးတက်လာတယ်လို့ ပြောလို့ရပါ တယ်။ ပြောမယ်ဆို နည်းပညာတွေ တိုးတက်လာကြပြီ။ ဇာတ်လမ်းဇာတ် အိမ်ဖွဲ့တာတွေ၊ ဇာတ်ကားကောင်း တွေ ထွက်လာတယ်။ အားသာချက် အားနည်းချက်တွေလည်း တွေ့ရှိရ တယ်။

ထူးချွန်ဆုဆိုလို့၊ တကယ်ထူး ချွန်သူတွေရမှာပါ။ ခန့်မှန်းရလည်း အလွန်ခက်ပါတယ်။ ဆန်ကာတင် ၂၅ ကား ရွေးချယ်လိုက်ချိန်မှာ အ ရှိန်က အတော်တက်လာပြီ။ အမှား မခံတော့တဲ့ အချိန်ရောက်လာတယ်။ အကဲဖြတ်တွေအတော့်ကို အာရုံစိုက် နေရတယ်။

ဒီနေရာမယ်၊ အကဲဖြတ်များရဲ့ တာဝန်များ စိတ်ခံစားမှု၊ စိတ်ဖိစီးမှု တွေကိုလည်း ပြောချင်တယ်။ အရင် နှစ်တွေနဲ့မတူ၊ ဒီနှစ်မှာ စံချိန်စံညွှန်း ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် စာအုပ် ပါ အချက်အလက်များနဲ့ တိုင်းတာ မှတ်သားရလို့ပါ။
အကဲဖြတ်အဖွဲ့ဝင် ၄ဝ ဦးနဲ့ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့တာပါ။ အားလုံးတာဝန်ကိုယ်စီနဲ့ပါ။ ၃ လ အချိန်ပေးရမှာပါ။ လူမှုရေး၊ သာရေး၊ နာရေးအားလုံးပျက်ခံပြီး တာဝန်ယူ ရတာပါ။ ၄ဝ ဦးထဲမှာ အသိပညာ ရှင်၊ အတတ်ပညာရှင်တွေပါတယ်။ တာဝန်ထမ်းဆောင်ဖို့ မနက် ၉ နာရီ အရောက် သွားရပါတယ်။ မနက် ၉ နာရီခွဲ ဇာတ်ကား တစ်ကားကြည့်ရ တယ်။ ၁၂ နာရီ ထမင်းစားပြီး ၁၂ နာရီခွဲမှာ နောက်တစ်ကားကြည့်တာ။ ၃ နာရီပြီးတယ် တစ်နေ့တစ်နေ့ပေးရ တဲ့အချိန်မနည်းဘူး။

အဲဒီကာလမှာ လောကသား တစ်ဦးက အကဲဖြတ်အဖွဲ့ဝင်တွေဟာ ၄ တန်းတောင် မအောင်ဘူးလို့ Facebook ကနေ တင်လိုက်ပါတယ်။ ဘယ်လိုစိတ်မျိုးနဲ့ စော်ကားလိုက်တာ လည်း မသိဘူး။ အကဲဖြတ်အဖွဲ့ဝင် တွေမှာ စိတ်မကောင်းဖြစ်ကြ၊ စိတ် ဆိုးကြနဲ့ လုံးဝပြန်မတုံ့ပြန်ကြဘူး။ တာဝန်ရှိတဲ့ အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌ ကိုပဲ တာဝန်ယူဖြေရှင်းပေးပါလို့ ပြောကြတယ်။ တာဝန်ခံကလည်း ရုပ်စည်းဥက္ကဋ္ဌထံ တင်ပြပေးပါ့မယ်ဆို ပြီး ပြီးသွားတယ်။

အကဲဖြတ်အဖွဲ့ဝင်တွေ ကိုယ့် အလုပ်ကို ဆက်လုပ်ကြတယ်။ ပထမ အဆင့် ၈၃ ကားကြည့်ပြီး နောက် ၂၅ ကား စာရင်းကြေညာလိုက်တော့ စာရင်းထဲပါမလာတဲ့ ဇာတ်ကားနဲ့ ပတ်သက်သူများ အပြောအဆိုကိုခံ ရတယ်။ တစ်ဆင့်တက်ပြီး ၂၅ ကား ကြည့်မယ့်အချိန် စည်းမျဉ်းအရ၊ ပညာရှင် ၅ ဦးထပ်မံဖြည့်တင်းပါ တယ်။ အဲဒီထဲမှာ နာယကတွေ ပါ ဝင်လာပါပြီ။ ၄၅ ဦးအဆုံးအဖြတ် ယူရတော့မှာပါ။

အဲဒီအချိန်မှာ အကဲဖြတ်အဖွဲ့ ဝင်တွေကို ၄ တန်းမအောင်ဖူးလို့ နှိမ့် ချပြောဆိုသူကပဲ အင်တာဗျူးတစ်ခု မှာအကဲဖြတ်အဖွဲ့ဝင်တွေဟာ ဖလင် ခေတ်က လူတွေက Digital ကို ဘယ်လိုဆုံးဖြတ်မှာလဲဆိုပြီး ဒုတိယ အကြိမ် ထပ်မံကဲ့ရဲ့နှိမ့်ချလာပါတယ်။ ဒါကို Fb တင်ပြန်တယ်။ အဖွဲ့ဝင် နာယကလူကြီးတွေနဲ့ ပညာရှင်တွေ စိတ်အနှောက်အယှက်ဖြစ်ရတယ်။ တာဝန်ရှိသူကိုပဲ ဖြေရှင်းပေးဖို့ တင် ပြကြတယ်။ ထိုသူက ရုပ်စည်းဥက္ကဋ္ဌ ကို တင်ပြပေးမယ်လို့ပဲ ပြောလာပြန် တယ်။ ဒါပေမဲ့ ခုချိန်ထိ ဘယ်သူကမှ တာဝန်ခံ၊ တာဝန်ယူဖြေရှင်းပေးခြင်း မျိုးမရှိပါဘူး။ ပြောမယ်ဆို ဘယ်သူမှ အမုန်းမခံကြဘူး။ ဒါဆို ဖြေရှင်းပေး ဖို့ရာ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ မပြောတတ်တော့ဘူး။

ခု …ကိုယ့်အလုပ် ကိုယ်လုပ် ပြီး ကြပါပြီ။ တစ်ခုခုလုပ်ပြီးတိုင်းမှာ အကဲဖြတ်အစည်းအဝေး လုပ်ပါ တယ်။ ဒီတစ်ခါ Final အကဲခတ် ကြည့်ရှုပြီး အစည်းအဝေးလုပ်ပေးဖို့ တောင်းဆိုရာမှာ မလုပ်ပေးနိုင်ခဲ့ဘူး။

ဆုံးဖြတ်ချက်တွေ အားလုံးကို ရေးမှတ် အိတ်ပိတ်ပြီး၊ ရုပ်စည်းတာ ဝန်ခံထံ အပ်နှံလိုက်ပါပြီ။ အကဲဖြတ် တွေ တာဝန်ကျေပါပြီ။

ဒါပေမဲ့ တစ်ခုအသင့်ပြင်ထား ပါ။ ဆုမရသူအချို့ရဲ့ အပြောအဆို ခံရဖို့။ ဆုရရှိသူကလည်း ကျေးဇူး တင်ပါတယ်လို့ ပြောမှာ မဟုတ်ပါ ဘူး။

၂ဝ၁၈ ရုပ်ရှင်ထူးချွန်ဆုနဲ့ နီး စပ်မယ့် ပညာရှင်ဆုများကို ခန့်မှန်း ကြည့်မယ်။ ပရိသတ်နဲ့ အထူးနီးစပ် မယ်လို့ ယူဆရပါတယ်။ ဆုပေါင်း ၁၁ ဆု၊ အထူးဆုနဲ့ဆို ၁၂ ဆုပေါ့။ မနှစ်က အထူးဆုချီးမြှင့်နိုင်ခဲ့ခြင်း မရှိဘူး။

၁။ ဇာတ်ကားဆု – မုန်းစွဲ၊ ဥပါ ဒါန်၊ ရွှေကြာ
၂။ ဇာတ်ညွှန်းဆု – သမ္မတကြီး ထံပေးစာ၊ ကြတ်ဂူ၊ ရွှေကြာ
၃။ ဒါရိုက်တာဆု – မုန်းစွဲ၊ ကြတ်ဂူ၊ ရွှေကြာ
၎။ အဓိကဇာတ်ဆောင် (အမျိုး သား) – မုန်းစွဲ၊ ဥပါယ်တံမျဉ်၊ မှော် ဝင်သမန်းကျား
၅။ အဓိကဇာတ်ဆောင် (အမျိုး သမီး) – မီ၊ ရန်သူ၊ သတို့သမီး၊ မုန်း စွဲ၊ ရွှေကြာ
၆။ အမျိုးသားဇာတ်ပို့ – ကာ ဘွန်ဒိုင်အောက်ဆိုဒ်၊ ပြည်ထောင်စု သစ္စာ၊ မုန်းစွဲ
၇။ အမျိုးသမီးဇာတ်ပို့ – နောင် တွင်ဥဒါန်းတွင်စေသတည်း၊ မုန်းစွဲ၊ သမ္မတကြီးထံပေးစာ
၈။ ဓာတ်ပုံဆု – မီ၊ ဇာတိမြေ၊ ကြတ်ဂူ၊ မုန်းစွဲ
၉။ အသံဆု – မျက်နှာပြင်များ၊ တိမ်တိုက်တံတား၊ ပြည်ထောင်စု သစ္စာ၊ မုန်းစွဲ
၁ဝ။ တည်းဖြတ်ဆု – ငါ့ကိုနမ်း တဲ့ မုန်တိုင်း၊ မီ၊ မုန်းစွဲ၊ ရွှေကြာ
၁၁။ နောက်ခံတေးဂီတဆု – မုန်းစွဲ၊ ကြတ်ဂူ၊ မျက်နှာပြင်များ
၁၂။ အထူးဆု – သတို့သမီး၊ မိုးပန်းပွင့်ရဲ့ သင်္ကေတ၊ မျက်နှာပြင် များ
ပရိသတ်ရင်ခုန်ခြင်းနှင့်အတူ ၂၅ ကားထဲကနေ ခန့်မှန်းတာပါ။ ဒီနှစ် ဆုရသူများ ပျော်ကြမှာဖြစ်သလို၊ ဆုလွဲသူများ ထပ်မံကြိုးစားကြပါစို့ လား။

အောင်ကျော်ထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071