ပရိသတ် တွေက အဆိုတော် ကြီး တစ် ဦးဖြစ် သောမိုင် ကိုချစ် ခင် ရုံသာ မက သူ၏သမီးဖြစ် သော အဆိုတော် ရတနာမိုင် ကိုလည်း ချစ် ခင် အားပေး ကြပါတယ် ။ အမေဖြစ် သူနဲ့ သမီးဖြစ် သူနှစ် ယောက် အတူတူပူးပေါင်းဖန် တီးထားတဲ့ သီချင်း တွေကိုလည်း ပရိ သတ် တွေက သဘောကျကြိုက် နှစ် သက် ကြပါတယ် ။ သားအမိနှစ် ယောက် ပူးပေါင်းပြီးပြုလုပ် မယ့် Two Ladies Show ကိုလည်း ပရိသတ် တွေက မျှော်လင့် စောင့် စားနေကြသ လို အဆိုပါ Show ပွဲ ပြုလုပ်ဖြစ် မှာနဲ့ ပတ် သက် ပြီး ရတနာမိုင် က . . .
“အမေ နဲ့တွဲပြီးရှိုးပွဲလုပ် ဖို့ကို အစ် မက ဒီနှစ် ထဲပြောလိုက် ၊ မနှစ် ကပြောလိုက် နဲ့ အခုတော့ ၂ဝ၁၉ ဖြစ် လာပြီ။မေမေ က အခုအချိန် ထိ သီချင်းဆိုနိုင် သေး တယ် ။ မေမေဆိုနိုင် သေးတဲ့အရွယ် ထိ အစ် မက အမေနဲ့ပေါင်း ပြီး two ladies show လုပ် ဖို့ချိန် နေတယ် ။ မေမေကတော့ ၂ဝ၁၉ နှစ် အကုန် လောက် မှာ လုပ် မလားလို့ အစ် မကို ပြော တယ် ။ ဒီနှစ် ထဲတော့ ကျိန်းသေတွေ့ရမှာပါ”လို့ ပြောပြပါတယ်။
မိခင်ဖြစ် သူနဲ့ အတူတူပူးပေါင်းပြီး သီချင်းတွေလည်း လုပ် ဖို့ရှိတယ် ဆိုတာကို . . .
“မေမေနဲ့ကအတူတူပူးပေါင်းပြီးတော့ သီချင်းလေးတစ် ပုဒ် လုပ် ဖို့ရှိ တယ်။ မေမေအရင် တုန်းက ဆိုခဲ့တဲ့ သီချင်းဟောင်းလေးတစ် ပုဒ် ကို နှစ် ယောက် အတူတူ ပြန် ဆိုဖြစ် မလား၊ ဒါမှမဟုတ် သီချင်းအသစ် တစ် ပုဒ် ကို နှစ် ယောက် အတူတူ ပြန် ဆိုဖြစ် မလား တော့မသိသေးဘူး။ ပြီးတော့ အစ်မတစ် ကိုယ် တော် Single Album အခွေကတော့ ဒီနှစ် ထဲမှာ ထပ် ထွက် ဖို့ ရှိတယ် ။Mini Album မျိုးလေးပဲထွက် မှာပါ။ သီချင်း ၅ ပုဒ် လောက်ပါ မယ် ။ အစ် မတစ် ခါမှ မဆိုဖူးတဲ့ Music ပုံစံမျိုးကို ဆိုသွားဖို့ရှိပါတယ် ” လို့လည်း ရတနာမိုင် က ပြောပြခဲ့ပါတယ်။
အခုအချိန် ထိ အနုပညာ လောကမှာ ရပ် တည် လာနိုင် တာနဲ့ ပတ် သက် ပြီး ရတနာမိုင် က . . .
“အစ် မ အနုပညာအလုပ် လုပ် တာ ၁၄ နှစ် ရှိ ပြီ။ ယနေ့အချိန် အထိ ပရိသတ် တွေက အားပေးလို့လည်း ရတနာမိုင် ဆိုပြီး ရပ် တည် နေနိုင် တာ။ အစ် မ အခုအချိန် အထိ မလျော့သောဇွဲ၊ လုံ့လနဲ့ ကြိုးစားခဲ့တာ ကြောင့် လည်း ပါမယ် ။ နောက် ပြီး ကံ၊ ကံ၏ အကျိုး အနန္တော၊ အနန္တငါးပါးရဲ့ မိဘဂုဏ် ၊ ဆရာသမားဂုဏ် တွေ ကြောင့် လည်းပါမယ် ။ အောင် မြင် မှုဆိုတာ အောင် မြင် ပြီးရင် ကျရှုံးမှာ ပဲလေ။ တရားသ ဘောအရကြည့် မယ် ဆိုရင် ။ အစ် မ က ကိုယ့် ကိုယ် ကိုယ် အောင် မြင် တယ် လို့လည်း မသတ် မှတ် ဘူး။ ကိုယ် အောင် မြင် တယ် လို့ သတ် မှတ် တဲ့နေ့ က ကိုယ် ကျရှုံးတဲ့နေ့ပဲ။ အဓိကတော့ ကိုယ့် အလုပ် ကို လုပ် နေရတာ ပျော် ရွှင် တယ် ဆိုရင် ကိုယ့် ရဲ့အောင် မြင် မှုတစ် ခုပါ ပဲ။ ပြီးတော့ အခုအချိန် ထိ အားပေး လာတဲ့ချစ် ပရိသတ် ကြီးကိုလည်း ကျေးဇူးအများကြီးတင် ပါတယ် “လို့ လည်းပြောပြခဲ့ပါသေးတယ်။
ခိုင် ဝါဝင်း
ဓာတ် ပုံ- အောင် ဇော် မင်း