Wednesday, September 2, 2026

ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ်...

ရန်ကုန်၊ စက်တင်ဘာ ၂ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍...

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက်...

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့်...

မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ...

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး...

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း...
HomePopular Academy2016 Academy၂ဝ၁၆ ခုနှစ် အကယ်ဒမီစာရင်းဝင်...

၂ဝ၁၆ ခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားများကို စိစစ်အကဲဖြတ်နေကြသူတို့ရဲ့ စကားသံများ

acadmy

၂ဝ၁၆ ခုနှစ် ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးအပ်နိုင်ရေးအတွက် စိစစ်အကဲဖြတ်ရေးဘုတ်အဖွဲ့ကို ဘာသာရပ်တူတစ်ခုချင်းစီမှာ သက်ဆိုင်ရာဘာသာရပ်က အတတ် ပညာရှင်၊ အနုပညာရှင် ၅ ဦးစီနဲ့ ဖွဲ့စည်းပြီး အကယ်ဒမီ စိစစ်မှုတွေကို နိုဝင်ဘာလ ၇ ရက်နေ့ ကတည်းက ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီ စိစစ်မှုပုံစံနဲ့ အမှတ်ပေးရွေးချယ်မှု ပုံစံကိုလည်း ပြောင်းလဲထားတာမို့ မနှစ်က ထွက်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေကို လျှော့ချသွား နိုင်မယ်လို့ တွက်ဆထားကြပါတယ်။ အခုနှစ်အကယ်ဒမီမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၃ဝ ခန့်အထိ အကဲဖြတ်ရဖို့ရှိနေပြီး အကယ်ဒမီ အကဲဖြတ်အဖွဲ့ရဲ့ သုံးသပ်ရှုမြင်စကားသံများ စုစည်းဖော်ပြလိုက်ပါတယ်။

ဦးသန်းညွန့် (ဓာတ်ပုံပညာရှင်)

အခု ကြည့်ခဲ့ရတဲ့ ဇာတ်ကားတွေရဲ့ ဓာတ်ပုံပညာတွေက တစ်ကား နဲ့တစ်ကားဟာ အပြိုင်အဆိုင်ရှိတာကို သွားတွေ့ရတယ်။ ဓာတ်ပုံပညာနဲ့ အယူအဆက တအားကို ကျယ်ပြန့်တဲ့ အတွက် သေချာကို စိစစ်ရပါတယ်။ ရုပ်ရှင်ဓာတ်ပုံပညာဖြစ်တဲ့အတွက် ခက်ခက် ခဲခဲနဲ့ကို ရွေးချယ်ရတာဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းတစ်ခုမှာ ဒီဓာတ်ပုံအလင်းအမှောင် ပညာရပ်တွေက အဲဒီဇာတ်ဝင်ခန်းအတွက် ဘယ်လောက်အထိ ထောက်ပံ့ပေးထားနိုင်သလဲဆိုတာကိုလည်း ကြည့်ရှုပါတယ်။

ဦးဆွေဆက် (တည်းဖြတ်ပညာရှင်)

တည်းဖြတ်မှာတော့ ဇာတ်ကား တစ်ခုလုံးအတွက် ဘယ်လောက်အထိထိရောက်စွာနဲ့ ပံ့ပိုးနိုင်သလဲဆိုတာကို အခြေခံမူအားဖြင့် အဓိကထားပါတယ်။ တည်းဖြတ်ဆုကိုတော့ ဒီနှစ်လည်းပေးနိုင်လိမ့်မယ်လို့ ယုံ ကြည်တယ်။ ဇာတ်ကားတွေက အပြိုင်အဆိုင်နဲ့ တိုးတက်လာတာလေ။ တစ်ကားနဲ့တစ်ကားက သိပ် မကွာခြားတော့ဘူး။

ဦးမြင့်သိန်း (ဆေး)
(ဇာတ်ညွှန်းပညာရှင်)

ဇာတ်ညွှန်းပိုင်းကျတော့ အဓိကထား ကြည့်ရတာက ဇာတ် ညွှန်းရေးဆရာတစ်ဦးက ဇာတ် ညွှန်းအင်္ဂါရပ်နဲ့ညီအောင် ရေးထားရဲ့လား။ ဒါရိုက်တာကို ဘယ်လောက်အထိ ဂိုက်လိုင်းပေးနိုင်သလဲ။ အဲဒီအပေါ်ကိုမှီပြီးမှ ဇာတ်ကားကိုလည်း ကြည့်၊ ဇာတ်ညွှန်းကိုလည်း ပြန်ဖတ် ရင်းနဲ့ စိစစ်ရတာပေါ့။ အဲဒီတော့ ဘုတ်အဖွဲ့ဆီကို ဇာတ်ညွှန်းတင်ပေးဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ညွှန်းကိုလည်း ဖတ်ရသေးတာ ကိုး။ ဒီနှစ်မှာတော့ ကိုယ့်ဘာသာရပ် ဇာတ်ညွှန်းဆိုတာထက် ဇာတ်ကားဆုအပါအဝင် အခြားဆုတွေဖြစ်တဲ့ သရုပ်ဆောင်ဆုတွေကိုလည်း ဝင် ရောက် အကြံÓဏ်ပေးခွင့်ရ တယ်။ အဓိက တာဝန်ကတော့ ဇာတ်ညွှန်းနဲ့ ဇာတ်ကားဆုလို့ ပြောရမှာဖြစ်တယ်။

ဦးဌေးအောင် (ဆွေဗမာ)
(ဒါရိုက်တာပညာရှင်)

ပြီးခဲ့တဲ့နှစ်က သရုပ်ဆောင်ဆိုရင် သရုပ်ဆောင်အဖွဲ့ကပဲ ရွေး ချယ်ကြတယ်။ ဒါရိုက်တာဆိုရင် ဒါရိုက်တာအဖွဲ့ကပဲ ရွေးချယ်ပေး ကြတယ်။ ဒီနှစ်မှာကျတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ဒါရိုက်တာ ဆုကို အကဲဖြတ်ပေးရတဲ့သူတွေက ဆု ၁၁ ဆုလုံးကို ကြည့်ရမှာဖြစ်ပါ တယ်။ ကျန်တဲ့ ဘာသာရပ်ဆိုင်ရာတွေက ဆု ၆ ဆုစီ အကဲဖြတ်ပေးရ မှာဖြစ်တယ်။ အဲဒီလိုမူဖြစ်လာတဲ့အတွက် မနှစ်က သရုပ်ဆောင်အကဲ ဖြတ်မှုမှာ ပါဝင်ပေးခဲ့တဲ့ ကျွန်တော်က ဒီနှစ်မှာ ဒါရိုက်တာအလွှာဘက်ကို ရောက်လာပြီး အကဲဖြတ်ပေးဖြစ်တာ ဖြစ်တယ်။ ဒါရိုက်တာဆု ဆိုတာကိုလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်း တွေထဲကပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကအစ ချို့ယွင်းချက်မပါအောင် ကြည့်ရှုစိစစ်ရတာဖြစ်ပါတယ်။

ဦးဆန်းဦး (အသံ ပညာရှင်)

ဒီနှစ်မှာတော့ ကျွန်တော်တို့တွေလည်း ဆု ၆ ဆုကို ပေးခွင့်ရပါတယ်။ အဓိက ပညာရပ်ဖြစ်တဲ့ အသံဆုအပြင် ဇာတ်ကားဆုနဲ့ သရုပ်ဆောင် ၄ ဆုတို့ကို မှတ်ချက်ပေးခွင့်ရပါတယ်။ အသံဆုကိုတော့ ထုတ်လုပ်သူရယ်၊ ဒါရိုက်တာရယ် နာမည်စာရင်းတင်သွင်းထားတဲ့ အသံပညာရှင်အတွက်ကိုပဲ ပေးမှာဖြစ်ပါတယ်။ ဒီနှစ်မှာ ပြုလုပ်လိုက်တဲ့ အကဲဖြတ်မှုပုံစံက အားလုံးကို စည်းစည်းလုံးလုံးလေး ဖြစ်သွားစေတာကို သွားတွေ့ရတယ်။ အမှားအယွင်းလည်း ပိုနည်းသွားမယ်လို့ ထင်ပါတယ်။

ချစ်ချစ်ဇော် ( သရုပ်ဆောင်ပညာရှင်)

ဒီနှစ်မှာ အစ်မတို့က မနှစ်ကလို မဟုတ်တော့ဘဲနဲ့ ဆု ၆ ဆုကို ရွေး ချယ်ရမှာဖြစ်တယ်။ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုတွေကို ရွေးချယ်ပေးရ မှာပါ။ အခု အကဲဖြတ်ပြီးသလောက်ဆိုရင် အရင်နှစ်တွေကထက် အရည် အသွေးကောင်းတဲ့ ဇာတ်ကားတွေကို တွေ့ရပါတယ်။ အရင်နှစ်တွေတုန်းက ဝေဖန်မှုတွေရှိသလို ဒီနှစ်မှာလည်း ရှိလာနိုင်တာပါပဲ။ လူဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းက မတူညီသလို စိတ်ချင်းလည်း မတူညီကြဘူးလေ။ တစ်ယောက်က “အေ” ကြိုက်ရင် တစ်ယောက်က “ဘီ” ကြိုက်တာမျိုးလေ။ အဲဒီအတွက် ဝေဖန်မှုတွေကတော့ လွတ်မယ်မထင်မိဘူး။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071