Wednesday, May 13, 2026

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ကို ရန်ကုန်စီးတီးအသင်း...

ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း...

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို...

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန်...

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက်...

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း...
HomeNewsLocal News(၂)နှစ် ဆက်တိုက် မွေထိုင်းချန်ပီယံဆု...

(၂)နှစ် ဆက်တိုက် မွေထိုင်းချန်ပီယံဆု ရယူခဲ့သည့် ဘရော်နီကာအတွက် ဂုဏ်ယူကြောင်း အောင်လအန်ဆန် ချီးမွမ်း စကားဆို

ထိုင်းဘုရင့်ဖလား မွေထိုင်းချန်ပီယံဆုအား (၂) နှစ်ဆက်တိုက် ရယူပေးခဲ့သည့် ဘရော်နီကာအား ဂုဏ်ယူကြောင်း အောင်လအန်ဆန် က ချီးမွမ်းစကားဆိုထားသည်။

” Champion ပြန်ဖြစ်သွားတဲ့ ငါ့ညီမလေး Vero Nika အတွက် big congratulations ပါ!!! မင်းက ငါတို့အားလုံးအတွက် ဂုဏ်ယူစရာပါပဲ”လို့ အောင်လအန်ဆန်က ချီးမွမ်းထားခြင်းဖြစ်သည်။

ဒီဇင်ဘာ (၂၄)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် Thai Fight Queen’s Cup ဖိုင်နယ် ဗိုလ်လုပွဲတွင် ဘရော်နီကာက ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာမယ်ကို ပထမအချီတွင်ပင် အလဲထိုးအနိုင်ရရှိခဲ့သည်။

အဆိုပါ ထိုင်းဘုရင့်ဖလားပြိုင်ပွဲ (Thai Fight Queen’s Cup) ကို ဘရော်နီကာအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု၍ ထိုးသ-တ်ခဲ့ခြင်းလည်းဖြစ်ပြီး၊ နိုင်ငံ့အလံခြုံကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် Thai Fight Queen’s Cup ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး၊ ယခုနှစ် အောက်တိုဘာ (၃၀) ရက်က ထိုးသ-တ်ခဲ့သော ပွဲစဉ်တွင် ယခုထပ်မံ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မွေထိုင်းလက်ဝှေ့မယ်ကို သုံးချီဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထား‌သေးသည်။

ဘရော်နီကာသည် လာမည့် ၂၀၂၄ခုနှစ် အတွင်း One Championship သို့ သွား ရောက်ကစားရန် ဆန္ဒရှိနေပြီး၊ လက်ရှိ Thai Fight ပွဲစဉ်များတွင်နှစ်ပွဲသာ ရှုံးပွဲ ရှိဖူးသော ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်သည်။

ဘရော်နီကာအနေဖြင့် Thai Fight ဖြင့် စာချုပ်သက်တမ်းချုပ်ဆိုထားမှုမှာ တစ်နှစ်ဝန်းကျင်သာ ကျန်ရှိပြီး၊ စာချုပ်သက်တမ်းကုန်ပါက One ဖြင့် လက်တွဲသွားရန်ရှိနေကြောင်းနှင့် One ဘက်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း လက်ဝှေ့အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ကို ရန်ကုန်စီးတီးအသင်း (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း အသင်းက အတည်ပြုထုတ်ပြန်လိုက်သည်။ အသက် (၂၆) နှစ်အရွယ် အရပ် (၅) ပေ (၇) လက်မရှိ မြတ်ကောင်းခန့်သည် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ဇာတိဖြစ်ပြီး ပုသိမ်အကယ်ဒမီနှင့် မန္တလေးအကယ်ဒမီတို့တွင် (၄) နှစ်ကြာ ဘောလုံးအခြေခံပညာများကို စနစ်တကျ သင်ယူခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ရတနာပုံအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သည်။ မြတ်ကောင်းခန့်သည် မြန်မာ့လက်ရွေး စင် သက်တမ်းအလိုက်အသင်းများတွင်...

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို တရုတ်နိုင်ငံ Unitree ကုမ္ပဏီက ထုတ်ဖော်ပြသ

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သိပ္ပံစိတ်ကူးယဉ် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အင်ဂျင်နီယာလောကအကြား နယ်နိမိတ်မျဉ်းမှာ လျင်မြန်စွာ ပျောက်ကွယ်လာနေပြီ ဖြစ်သည်။ အနာဂတ်နောက်ခံ ရုပ်ရှင်နမူနာတစ်ခုအတွင်းမှ မြင်ကွင်းကဲ့သို့ပင် Unitree Robotics ကုမ္ပဏီ၏ စီအီးအို ဝမ်ရှင်းရှင်း(Wang Xingxing) သည် အမြောက်အမြား ထုတ်လုပ်ရန် အသင့်ဖြစ်နေသည့် ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်သော စက်ရုပ်အဖြစ်...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာနေသည်။ ဤခရီးစဉ်သည် လွန်ခဲ့သော ကိုးနှစ်နီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။ အပြောင်းအလဲမြန်သည့် အခြေအနေများရှိသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သော နှစ်နိုင်ငံဆက်ဆံရေး ကို ပြန်လည်သုံးသပ်ချက်များအရ ထိပ်သီးခေါင်းဆောင်များ၏ သံတမန်ရေးရာ ဆောင်ရွက်မှုများသည် အမြဲတစေ အကျိုးပြုခဲ့သည်။ ၎င်းသည် အစားထိုးမရနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071