Monday, March 17, 2025

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...

ပူတင် နှင့် ထရမ့် နက်ဖြန်...

အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ စကားပြောဆို‌ဆွေးနွေးရန်အတွက် ပြင်ဆင်နေကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ယနေ့...
HomeNewsLocal News(၁) လအတွင်း PDF...

(၁) လအတွင်း PDF အဖွဲ့ဝင် ၂၀၅ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော

(၁) လအတွင်း PDF အဖွဲ့ဝင် ၂၀၅ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော

ဇွန်လ (၆) ရက်မှ (၂၉) ရက်အတွင်း ဥပဒေဘောင်းအတွင်း ပြန်လည် ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၀၅ ဦး ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဇူလိုင်လ (၁) ရက်တွင် နေပြည်တော်၌ ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” (၆) လပိုင်း (၆) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ဥပဒေဘောင်ထဲ ပြန်လည် ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင် အမျိုးသား (၁၅၆) နဲ့ အမျိုးသမီး (၄၉) ဦး စုစုပေါင်း ၂၀၅ ဦး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရာတွင် ဧရာဝတီတိုင်း ဒေသကြီး (၁၁၉) ဦး၊ ရန်ကုန် တိုင်းအတွင်းမှ (၈) ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် (၄၁) ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ (၁၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ (၁၈) ဦး ၊ ကရင်၊ ရှမ်းနှင့် မွန်ပြည်တို့မှ (၁) ဦးစီ၊ ပဲခူးတိုင်းအတွင်း (၉) ဦး၊ ကယားပြည်နယ်မှ (၃)ဦး စသဖြင့် ရှိကြောင်း သိရသည်။

“လမ်းမှားရောက်နေတဲ့ လူငယ်လူရွယ်တွေကို ပြန်လည်ဝင်ရောက်ဖို့ဖိတ်ခေါ်နေတဲ့အချိန်မှာ ဆက်သွယ်ဆောင်ရွက်သွားကြဖို့ စေတနာနဲ့ တိုက်တွန်းလိုပါတယ် သက်ဆိုင်သူတွေကလည်း ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ ဇွန် ၆ ရက်မှ ၂၉ ရက်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၁၅၆ ဦးနှင့်အမျိုးသမီး ၄၉ ဦး(စုစုပေါင်း ၂၀၅ ဦး)အား နစက ၏တာဝန်ရှိသူများမှထောက် ပံ့ပစ္စည်းများပေးအပ်၍ မိဘများထံသို့ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက် ခံသွားမည်ဟု နစက မှထုတ်ပြန်ကြေညာထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၃၅၆) ဦးရှိ

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း သိရသည်။ ယနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက်၌ မြန်မာစာဘာသာဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၄၁) ဦး၊ ကျောင်းသူ (၂၁၅) ဦး စုစုပေါင်း (၃၅၆) ဦး၊ ပျက်ကွက် ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၄) ဦး စုစုပေါင်း (၇) ဦး ရာခိုင်နှုန်းအားဖြင့် (၉၈.၀၇)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071