Sunday, May 25, 2025

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာကြား

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့်...

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...
HomeInternational၁၉၄၉ ခုနှစ်နောက်ပိုင်း အကြီးဆုံးတိုက်ဖွန်းမုန်တိုင်း...

၁၉၄၉ ခုနှစ်နောက်ပိုင်း အကြီးဆုံးတိုက်ဖွန်းမုန်တိုင်း ရှန်ဟိုင်းကို ဝင်ရောက်

ဆယ်စုနှစ် ၇ ခုကျော်အတွင်း အကြီးမားဆုံး တိုက်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အရှေ့ပိုင်းကမ်းရိုးတန်းဒေသတွင် လေပြင်းများနှင့် မိုးသည်းထန်မှုများဖြစ်စေခဲ့ကာ ရက်ရှည်ကျင်းပသော အမျိုးသားပွဲတော်တစ်ခုအစတွင် အားလပ်ရက်အပန်းဖြေသူများကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

တရုတ်တွင် Beibijia ဟု သိသော တိုက်ဖွန်း Bebinca သည် တနင်္လာနေ့(စက်တင်ဘာ ၁၆) ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ယန်စီမြစ် မြစ်ဝကျွန်းပေါ်ဒေသရှိ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက သတင်း ထုတ်ပြန်သည်။

မုန်တိုင်းသည် ရှီကျန်းပြည်နယ် Ningbo မှသည် ရှန်ဟိုင်းနှင့် ကျန်စုပြည်နယ် Qidong အထိ ကျယ်ပြန့်သောဒေသတကျောတွင် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်စေနိုင်သည်ဟု ခန့်မှန်းထားသည်။

လူဦးရေ ၂၅ သန်းနေထိုင်ရာ မဟာမြို့တော်တစ်ခုဖြစ်သည့် ရှန်ဟိုင်းတွင် တနင်္ဂနွေနေ့မှစကာ ထိပ်တန်းအဆင့် အရေးပေါ်တုန့်ပြန်မှု အစီအမံတစ်ရပ်လုပ်ခဲ့ပြီး ရထားခရီးစဉ်များကို ရပ်ဆိုင်းကာ ဆိပ်ကမ်းများ၊ တံတားများနှင့် အဝေးပြေးလမ်းများကို ပိတ်ထားခဲ့သည်။

ထို့အပြင် မြို့၏ လေဆိပ်နှစ်ခုရှိ လေယာဉ်အတက်အဆင်းများအားလုံးကို ညနေပိုင်းမှစကာ ဖျက်သိမ်းခဲ့သည်ဟု လေဆိပ်အော်ပရေတာက ပြောဆိုသည်။

နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းတွင် လူ‌ေ-သဆုံးမှုများဖြစ်ခဲ့ကာ ပျက်စီးထိခိုက်မှု များပြားခဲ့သော ဆူပါတိုက်ဖွန်း ယာဂီ ဝင်ရောက်ခဲ့ပြီးနောက် သီတင်းပတ်များအကြာတွင်ပင် Bebinca သည် တရုတ်နိုင်ငံသို့ ဒုတိယမြောက် ဝင်ရောက်လာသည့် တိုက်ဖွန်းဖြစ်သည်။

နောက်ပိုင်းတွင် ယာဂီသည် ဗီယက်နမ်မြောက်ပိုင်းနှင့် ထိုင်းနိုင်ငံဘက်သို့ ရွေ့လျားခဲ့မှုအတွင်း အိမ်ထောင်စုများစွာနှင့် အခြေခံအဆောက်အအုံများ ရေနစ်မြုပ် ပျက်စီးမှုဖြစ်စေခဲ့သည်။

တိုက်ဖွန်း Bebinca ကြောင့် ရှန်ဟိုင်းနှင့် အခြား ကမ်းရိုးတန်းမြို့ကြီးများတွင် ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ရပြီး ဆောင်းဦးပွဲတော်အစအတွက် သန်းနှင့်ချီသော ဒေသခံများ၏ အစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

Ref: သည်ဂျပန်တိုင်းမ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာကြား

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ တပ်များအလိုက် မိမိတို့တာဝန်ယူထားရသည့် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်နိုင်ရန်လိုကာ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲဂရုပြုပြီး အလေးအနက်ထားဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်း အားပြည့်ဝနေရန်လိုပြီး တစ်ဦးချင်းစီအလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည်ဖြစ်ကာ လေ့ကျင့်ရေးသင်တန်းကျောင်းများမှလည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန်လိုအပ်၍ အဆင့်ဆင့်သောခေါင်းဆောင်များကိုယ်တိုင်က...

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071