Saturday, May 30, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal News၁၉၄၇ ခုနှစ်က ပင်လုံတွင်...

၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင် တည်ဆောက်သွားကြရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား

၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင် တည်ဆောက်သွားကြရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား

လွန်ခဲ့သော ၇၅ နှစ်က ပင်လုံမြို့ကလေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သလို ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားသွားကြဖို့ နစကဥက္ကဋ္ဌကယနေ့ဖေဖော်ဝါရီလ (၇)ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ပန်ကြားခဲ့သည်။

နိုင်ငံအတွင်း ယနေ့ဖြစ်ပေါ်ကြုံတွေ့နေရသည့် တည်ငြိမ်အေးချမ်းမှု မရှိခြင်းအတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ကြရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေလျက်ရှိနေရာ နိုင်ငံနှင့် ပြည်သူအကျိုးကိုမကြည့်ဘဲ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲစိတ်ဖြင့် လွဲမှားစွာဆောင်ရွက်နေသည့် လုပ်ရပ်များကို တိုင်းရင်းသားပြည်သူအားလုံးက အသိ၊ သတိဖြင့် သုံးသပ်ဆင်ခြင်ပြီး လမ်းကြောင်းမှန် ပေါ်ရောက်ရှိရေး သတိပြုသင့်ကြောင်းလည်း သဝဏ်လွှာထဲ ထည့်သွင်းပြောဆိုခဲ့သည်။

သတိမပြုမိပါက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေပြီး နိုင်ငံ၏ရှေ့ရေးမှာ ရင်လေးဖွယ်ရာ ကောင်းလှ၍ တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့သည်။

ယင်းအပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည်စည်းလုံးစွာဖြင့် အတူပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရန်ပါ နစကဥက္ကဋ္ဌက တိုက်တွန်းစကားဆိုခဲ့သည်။

Zaw Gyi

၁၉၄၇ ခုႏွစ္က ပင္လုံတြင္ တည္ေဆာက္ခဲ့ေသာ စည္းလုံးညီၫြတ္မႈမ်ိဳး၊ နားလည္ယုံၾကည္မႈပုံစံမ်ိဳးတို႔ကို ျပန္လည္ရရွိေအာင္ တည္ေဆာက္သြားၾကရမည္ဟု နစကဥကၠ႒ ေျပာၾကား

လြန္ခဲ့ေသာ ၇၅ ႏွစ္က ပင္လုံၿမိဳ႕ကေလးတြင္ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈကို ျပသႏိုင္ခဲ့သလို ယေန႔အခ်ိန္အခါတြင္လည္း တိုင္းရင္းသားစည္းလုံး ညီၫြတ္မႈကို အျမန္ဆုံးျပသႏိုင္ဖို႔ အားလုံးဝိုင္းဝန္း ႀကိဳးစားသြားၾကဖို႔ နစကဥကၠ႒ကယေန႔ေဖေဖာ္ဝါရီလ (၇)ရက္ေန႔တြင္က်ေရာက္ေသာ (၇၅)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ ဂုဏ္ျပဳသဝဏ္လႊာတြင္ ပန္ၾကားခဲ့သည္။

ႏိုင္ငံအတြင္း ယေန႔ျဖစ္ေပၚႀကဳံေတြ႕ေနရသည့္ တည္ၿငိမ္ေအးခ်မ္းမႈ မရွိျခင္းအတြက္ တိုင္းရင္းသားျပည္သူမ်ားအေနျဖင့္ ဆင္းရဲဒုကၡမ်ားစြာ ႀကဳံေတြ႕ၾကရၿပီး ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈကို မ်ားစြာထိခိုက္ေစလ်က္ရွိေနရာ ႏိုင္ငံႏွင့္ ျပည္သူအက်ိဳးကိုမၾကည့္ဘဲ ပုဂၢိဳလ္စြဲ၊ ပါတီစြဲစိတ္ျဖင့္ လြဲမွားစြာေဆာင္႐ြက္ေနသည့္ လုပ္ရပ္မ်ားကို တိုင္းရင္းသားျပည္သူအားလုံးက အသိ၊ သတိျဖင့္ သုံးသပ္ဆင္ျခင္ၿပီး လမ္းေၾကာင္းမွန္ ေပၚေရာက္ရွိေရး သတိျပဳသင့္ေၾကာင္းလည္း သဝဏ္လႊာထဲ ထည့္သြင္းေျပာဆိုခဲ့သည္။

သတိမျပဳမိပါက ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးတို႔ကို ထိခိုက္ေစၿပီး ႏိုင္ငံ၏ေရွ႕ေရးမွာ ရင္ေလးဖြယ္ရာ ေကာင္းလွ၍ တိုင္းရင္းသားျပည္သူအားလုံးက ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို အမ်ိဳးသားေရးစိတ္ဓာတ္၊ ျပည္ေထာင္စုစိတ္ဓာတ္တို႔ျဖင့္ ပူးေပါင္းေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းခဲ့သည္။

ယင္းအျပင္ တိုင္းရင္းသားျပည္သူတစ္ရပ္လုံးက တရားမွ်တျခင္း၊ လြတ္လပ္ျခင္း၊ သာတူညီမွ် အခြင့္အေရးရရွိျခင္းဟူသည့္ အႏွစ္သာရမ်ားျဖင့္ ျပည့္ဝေသာ ဖက္ဒရယ္စနစ္ကို အေျခခံေသာ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ေရး ရည္မွန္းခ်က္ပန္းတိုင္ကို မလြဲမေသြ ေအာင္ျမင္စြာ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ ပင္လုံစိတ္ဓာတ္အရင္းခံကာ ခ်စ္ၾကည္စည္းလုံးစြာျဖင့္ အတူပူးေပါင္းလက္တြဲ ေဆာင္႐ြက္သြားၾကရန္ပါ နစကဥကၠ႒က တိုက္တြန္းစကားဆိုခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071