Tuesday, May 19, 2026

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ...

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ...

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့်...

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄)...

ငလျင်လှုပ်ခတ်မှုများစိတ်နေသဖြင့် ငလျင်လှုပ်ခတ်ပါက အရေးပေါ်လုပ်ဆောင်ရမည့်အချက်များကို ICRC...

မန္တလေးငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်လှုပ်ခတ်မှုများခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ မေ ၁၈ ရက်ကလည်း ရန်ကုန်တိုင်း ၊ ကျောက်တန်းမြို့နယ်ကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့ (၅...

အိမ်ဖြူတော်တွင် ကျင်းပမည့် UFC ပွဲကြီးတွင်...

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော် (White House) ၌ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံဖွား UFC...
HomeNewsLocal News(၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်နှင့်...

(၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

စိုက်ပျိုးမွေးမြူရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် MSME ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တာတာစတန်ပြည်နယ် ကာဇန်မြို့၌ မေ ၁၃ ရက်မှ ၁၇ ရက်အထိကျင်းပသည့် (၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မေ ၁၃ ရက် မနက်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Roman Chekushov နှင့် တွေ့ဆုံ၍ အမှတ် (၁) သံမဏိစက်ရုံ (ပင်းပက်) ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် MSME ကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုခေတ် ကုန်ဆုံးချိန်တွင် စီးပွားရေးလုပ်ငန်း လွတ်လပ်မှုနှင့် နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာကို သေချာစေခြင်း (Ensuring Freedom of Economic Activity and Technology Sovereigity in the Context of the end of the era of Globalization) ဆွေးနွေးပွဲသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အစ္စလာမ်မစ်နိုင်ငံများတွင် ရုရှားထုတ်ကုန်များကို မြှင့်တင်ခြင်း (Promotion of Russian Product in the Countries of the Islamic World) ဆွေးနွေးပွဲသို့လည်းကောင်း တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ထိုနောက်  ပြည်ထောင်စုဝန်ကြီးများသည် တာတာစတန်ပြည်နယ် အကြီးအကဲ Mr. Rustam Minnikhanov နှင့်တွေ့ဆုံ၍ တာတာစတန်ပြည်နယ်သည် ရေနံဓာတုလုပ်ငန်း၊ Mechanical Engineering IT ၊ စိုက်ပျိုးရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိမှု၊ ရုရှားနှင့် မြန်မာကြားရှိ ဆက်ဆံရေးကိုအခြေခံ၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ Dr. Kz Rais ၏ ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ကုန်သွယ်ရေးနှင့် Alabuga Sez သို့ လုပ်သားစေလွှတ်ရေး၊ LoI နှစ်စောင် လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ လုပ်သားများ အချိန်မီစေလွှတ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် စီးပွားရေးဆွေးနွေးပွဲများ အပြန်အလှန် ကျင်းပရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မေ ၁၅ ရက်တွင် အိုမန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ရေနံထွက်ကုန်များ၊ LNG တင်သွင်းနိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာလယ်ယာထွက်ကုန် ဆန်၊ သရက်သီး၊ ကော်ဖီ၊ ပဲမျိုးစုံတင်ပို့နိုင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် စီးပွား ရေးဆွေးနွေးပွဲများ အပြန်အလှန်ကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် Sber Bank ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Gigachal AI တည်ဆောက်ထားသော AI CyberSecurity ကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ မျိုးသား (၃) ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ခုလုံးတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ထားပြီး ယနေ့ မေ လ (၁၉) ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယနေ့ ယှဉ်ပြိုင်မည့် ပွဲစဉ်ဇယားများမှာ အမျိုးသား (၄) ယောက်တွဲ (Premier Division Quad)တွင် မြန်မာနှင့် အိန္ဒိယအသင်း၊ အမျိုးသား...

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆက်လက်ဖော်ဆောင်မည်

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄) ရွာ၌ “ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သိရသည်။ အဆိုပါစီမံကိန်းသည် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကျား/မ အလိုက် သင့်လျော်မည့် အသက်မွေးဝမ်းကျောင်း နည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်သည်။ ပို့ချပေးမည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ အမျိုးသမီးများအတွက် အထည်ချုပ် (စက်ချုပ်) သင်တန်းများ၊ ဒေသထွက်ကုန်အခြေခံ စားသောက်ကုန်ထုတ်လုပ်မှု...

ငလျင်လှုပ်ခတ်မှုများစိတ်နေသဖြင့် ငလျင်လှုပ်ခတ်ပါက အရေးပေါ်လုပ်ဆောင်ရမည့်အချက်များကို ICRC အသိပေး

မန္တလေးငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်လှုပ်ခတ်မှုများခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ မေ ၁၈ ရက်ကလည်း ရန်ကုန်တိုင်း ၊ ကျောက်တန်းမြို့နယ်ကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့ (၅ ဒသမ ၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ ထို့ကြောင့် ငလျင်လှုပ်ပါကအရေးပေါ်လုပ်ဆောင်ရမည့် အချက်များကို ICRC ကအသိပေးခဲ့ကာ ယင်း အ ချက်များကိုသိရှိထားပါက ငလျင်ကြောင့်ဖြစ်ပေါ်နိုင်သော ထိခိုက်မှုအန္တရာယ်များကိုလျှော့ချပေးနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071