ကိုရီးယား သမ္မတနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်စနစ် (Employment Permit System – EPS) ဖြင့် လုပ်သားများစေလွှတ်နိုင်ရေးအတွက် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် (EPS – TOPIK) စာမေးပွဲအောင်မြင်သူ (၄,၂၄ ၉) ဦးကို အလုပ်လျှောက်လွှာထုတ်ပေးနေကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာဌာနမှ တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကိုရီးယားဘာသာအရည်အချင်းစစ် (EPS) စာမေးပွဲအောင်မြင်သူများအား အလုပ်လျှောက်လွှာထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ချိန်တွင် ကြိုးကြိုးစားစားလုပ်ကိုင်ကြရန်၊ သွားရောက်မည့် နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကို ကြိုတင်လေ့လာထားကြရန်နှင့် မိသားစုလွှဲပို့ငွေများ တရား ဝင်လွှဲပို့ဆောင်ရွက်ကြရန် ဒုတိယဝန်ကြီးက ဆွေးနွေးမှာ ကြားခဲ့သည်။
အလုပ်လျှောက်လွှာထုတ်ပေးခြင်း၊ လက်ခံခြင်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသ င်တန်းကျောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီရုံး၌ ဇူလိုင် (၂၁) ရက်မှ ဩဂုတ် (၁) ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
