Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeNewsLocal News၁၂ ကြိမ်မြောက်အာရှနိုင်ငံရေးပါတီများအစည်းအဝေး ကမ္ဘောဒီးယား၌ကျင်းပ

၁၂ ကြိမ်မြောက်အာရှနိုင်ငံရေးပါတီများအစည်းအဝေး ကမ္ဘောဒီးယား၌ကျင်းပ

ဖနောင်ပင်၊နိုဝင်ဘာ ၂၃

ကမ္ဘောဒီးယားနိုင်ငံသည် အာရှနိုင်ငံရေးပါတီများညီလာခံ (ICAPP) ၏ ၁၂ ကြိမ်မြောက် အထွေထွေညီလာခံကို “ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရှာဖွေခြင်း” ဟူသောဆောင်ပုဒ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

လေးရက်ကြာကျင်းပပြုလုပ်သည့်အဆိုပါအစည်းဝေးပွဲသို့ နိုင်ငံပေါင်း ၄၂ နိုင်ငံရှိ နိုင်ငံရေးပါတီ ၅၇ ပါတီမှ ကိုယ်စားလှယ် ၂၀၀ ကျော်တက်ရောက်ခဲ့ရာ မြန်မာနိုင်ငံမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဥက္ကဌဦးခင်ရီအပါအဝင် ကိုယ်စားလှယ် လေးဦးတက်ရောက်ခဲ့သည်။

အဆိုပါ အထွေထွေညီလာခံကို ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုဖြေရှင်းရန် အာရှနိုင်ငံရေးပါတီများအကြား ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်လျှက် အိမ်ရှင်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်များကိုလည်းအလေးအနက်ပြုပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာကြာခဲ့သည့် ပဋိပက္ခများအပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးဆီသို့ ဦးတည်နိုင်ခဲ့သည့် ကမ္ဘောဒီးယား၏အတွေ့အကြုံသည် ဒေသတွင်းရှိအခြားနိုင်ငံများအတွက်ပါ အဖိုးတန်သင်ခန်းစာတစ်ခုဖြစ်သည်ဟုဆိုသည်။

နိုဝင်ဘာ ၂၄ ရက်အထိကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် အာရှနိုင်ငံရေးပါတီများ အထွေထွေညီလာခံတွင် ဒေသတွင်း လုံခြုံရေး၊စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးအပါအဝင် ကဏ္ဍအသီးသီးတွင် ဆွေးနွေးမှုများနှင့်အလုပ်ရုံဆွေးနွေးပွဲများလည်းပါဝင်ခဲ့သည်။

ကမ္ဘောဒီးယားသည် အထွေထွေညီလာခံ၏ပြင်ပတွင် ဆက်စပ် အစည်းအဝေးများအဖြစ်အာရှယဉ်ကျေးမှုကောင်စီ (ACC) ၏ တတိယအကြိမ်အစည်းအဝေး နှင့် သတ္တမ အကြိမ်မြောက် ICAPP မီဒီယာဖိုရမ် တို့ကိုပါ လက်ခံကျင်းပခဲ့သည်။ မီဒီယာဖိုရမ်သို့ ဂလိုဘယ်နူးလိုက်အော့ဖ်မြန်မာ အယ်ဒီတာချုပ်ဟောင်း ဦးခင်မောင်အေးသည် ပေါ်ပြူလာနူးစ်ကို ကိုယ်စားပြု၍ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။

ICAPP ကို ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးများကိုမြှင့်တင်မည့် ဆွေးနွေးပွဲများပြုလုပ်ရန်အတွက် အာရှ၊အရှေ့အလယ်ပိုင်းနှင့် သမုဒ္ဒရာတစ်ဝန်းနိုင်ငံများ မှ နိုင်ငံရေးပါတီများစုစည်းကာ ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် နိုင်ငံပေါင်း ၅၂ မှ အဖွဲ့ဝင် ၃၅၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အာရှ၏အကြီးဆုံးနိုင်ငံရေးပါတီကွန်ရက်တစ်ခုလည်းဖြစ်သည်။ ၁၃ ကြိမ်မြောက် အထွေထွေညီလာခံကို တောင်ကိုရီးယား နိုင်ငံ က ဆိုးလ်မြို့တွင် အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်သည်။

Source : ပေါ်ပြူလာနူးစ်
ပုံစာ -ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဌမစ္စတာဟွန်ဆန် နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071