Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeCelebrities' News၀င်းသပြေထွန်း ကိုအိမ်ထောင် ပြုစေချင်ပြီဆိုတဲ့ဧကရီစုစံ

ဝင်းသပြေထွန်း ကိုအိမ်ထောင် ပြုစေချင်ပြီဆိုတဲ့ဧကရီစုစံ

အနုပညာလောကထဲမှာ အနု ပညာမောင်နှမတွေ၊ အနုပညာညီ အစ်မတွေဆိုတာ သိပ်ကိုချစ်ခင်ကြတဲ့ သူတွေပါ။ သူတို့ဟာလုပ်ငန်းခွင်မှာ အနုပညာအလုပ် တွေ လုပ် ကိုင်ရင်း နေ့စဉ်ထိတွေ့ပြောဆိုနေ ကြသူတွေ ဖြစ်တဲ့အတွက်လည်း ခင်မင် ရင်းနှီးခဲ့ကြတာလည်းဖြစ် ပါတယ်။ ဝင်းသပြေထွန်းနဲ့ ဧကရီစုစံ တို့ နှစ်ယောက် ကတော့ ရွာဇာတ် လမ်းတွဲရိုက်ကူးခဲ့စဉ်ကစလို့ ခင်မင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့ဟာ တစ် ယောက်နဲ့ တစ်ယောက်ညီအစ်မအ ရင်းတွေသဖွယ် ချစ်ခင်ခဲ့ကြပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖော်တွေ လည်းဖြစ်ခဲ့ပါတယ်။ နှစ်ဦးသားခရီးတွေလည်း အများ ကြီး သွားဖြစ်ခဲ့ကြသလို ခရီး တိုင်းမှာလည်းအမှတ်တရ တွေများစွာရှိခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပေါ်ပြူလာ အနေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလှပုံရိပ် လေးတွေကို ဓာတ်ပုံရိုက်ရင်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းနှစ်ယောက်အမှတ်တရ

ဇာတ်လမ်းတွဲရိုက်ကူးရင်းနဲ့ ခင်မင်သွားကြတာ။ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ခဏခဏ လည်း စိတ်ကောက်ကြတယ်။ တည့်ရင်လည်းသူများတွေအမြင်ကတ် လောက်အောင်တည့် တယ်။ သူမပါ ရင် မသွားဘူးလို့ သူမစားရင်ကိုယ်မစားဘူးလို့ အဲဒီလိုတွေလုပ်ကြတာလေ။ (ရယ်လျက်) မတည့်ရင်လည်း နှစ်ယောက်သား စကားမပြောဖြစ် တာ တစ်နှစ်လောက်တောင်ကြာ သွားတယ်။ အဲဒါကရန်ဖြစ်တာလည်း မဟုတ်ဘူး။ သူကလည်းစိတ်ကောက် ပြီးမခေါ်ဘူး။ ကိုယ်ကလည်းစိတ် ကောက်ပြီးမခေါ်ဘူး။ ပြီးတော့ သူကလည်း တနင်္လာ၊ စုကလည်းတနင်္လာ ဆိုတော့ စိတ်ထဲမှာ ကောက်နေကြတာပေါ့။ စိတ်ထဲမှာတစ်ယောက်နဲ့ တစ်ယောက် ကျိတ် ကောက်နေကြတာပေါ့။ အခုကျတော့ ပြန်တည့်သွားတော့ သူမပါရင်ကိုယ်မသွားဘူးဆိုပြီး ပြန်ဖြစ်နေကြပြန်ပြီ။ အဲဒါလေးတွေ ကတော့ အမှတ်တရပါပဲ။

ဝင်းသပြေထွန်းကို မကြိုက်တာ ဘာရှိလဲ

သူကအမှတ်မထားဘူး။ စုကကျတော့မှတ်ထားတယ်။ မှတ်ထားတယ် ဆိုတာက ဥပမာ ကိုယ့်အပေါ်တစ်ယောက်ယောက်က မကောင်းဘူးဆိုရင်လည်း မှတ်ထားတယ်။ ကိုယ့်အ ပေါ်ကောင်းရင်လည်း ကိုယ်ကမှတ်ထားတယ်။ သူက အဲဒီလိုမဟုတ်ဘူး။ သူ့အပေါ်ကောင်းကောင်းမကောင်းကောင်း သူကကောင်းတယ်။ သူ့အ ပေါ် မကောင်းတဲ့လူဆိုရင်လည်း မှတ်မထားဘဲနဲ့ ဒုက္ခတွေ ခံတယ်။ အဲဒါကိုတွေ့ရင် ကိုယ်တွေကသူ့ကို ကြည့်ပြီးအားမရဘူး။ သူ့ကို အဲဒါတော့မကြိုက်ဘူး ။ ပြင်စေချင်တယ်။

သူငယ်ချင်းကိုအားကျရတဲ့အချက်

အားကျရတာကဘာလဲဆိုတော့ သူနဲ့ကိုယ်နဲ့အနုပညာအလုပ်လုပ် ကိုင်နေတာချင်းတူပေမယ့် လမ်းကြောင်းကမတူဘူး။ သူကကျတော့ အငြိမ့်ဘက်မှာ ကတာတွေလည်း တအားကောင်းတယ်။ သူ့နာမည် လေးနဲ့ သူရပ်တည်နေတယ်။ ကိုယ်ကကျတော့ အကနဲ့ပတ်သက်လို့ လုံးဝနား မလည်ဘူး။ ကလည်းမက တတ်ဘူး။ အကပညာကိုဒီလောက် ခက်ခဲမှန်းလည်းမသိဘူး။ သူနဲ့ပွဲလေးတွေ လိုက်ကြည့်တော့ သူက အပြင်မှာနေတာနဲ့ မတူဘူး။ စင်ပေါ်ရောက်ရင် တအားလှတယ်။ ကိုယ့် သူငယ်ချင်းက အဲဒီလိုတော်တဲ့ အခါကျတော့ ကိုယ့်အနေနဲ့က ဂုဏ်လည်း ယူတယ်။ သူကနေတာကို ကြည့်ပြီးလည်း မြန်မာအကက တအား ခက်ခဲပါလား ဆိုတာ တွေးမိလာတယ်။ သူ့ကိုလည်း ပိုပြီးတော့ လေးစားလာတယ်။

ဘယ်သူအရင်အိမ်ထောင်ပြုဖြစ်မလဲ

သူ့ကိုတော့အရင်အိမ်ထောင်ပြု စေချင်တယ်။ ပြုစေချင်တယ်ဆို တာက တစ်ခါတလေကျရင် သူက တအားစိတ်နှစ်လွန်းတယ်။ ကိုယ် တွေလည်း ရည်းစားတော့ထားတာ ပေါ့လေ။ သူလည်းရည်းစားထား တယ်။ သူလည်းအဆင် မပြေ ပြတ်တဲ့အချိန်ရှိတယ်။ ကိုယ်လည်း အဆင်မပြေ ပြတ်တဲ့အချိန်ရှိတယ်။ သူက စိတ်ကြီးတအားနှစ်ပြီးနေတော့ သူစိတ်မချမ်းသာတာမျိုးကို ကိုယ်ကမမြင် ချင်ဘူး။ စုလည်းစိတ် နှစ်တယ်။ ဒါပေမဲ့ အကန့်လေးတွေ ခွဲထားနိုင်တယ်။ သူနဲ့ စာရင်ကိုယ်က စိတ်နည်းနည်း မာတယ်ပြောရမလားပဲ။ အဲဒီတော့ သူပျော်နေတယ်ဆိုရင် အိမ်ထောင်ပြုစေချင်ပြီ။

Ads Space Available


Continue reading

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့ သီလဝါစက်မှုဇုန်ရှိ Good Brothers(United Agri)တန် ၅၀၀ ကျဆန်စက်ကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United Agri) တန် ၅၀၀ ကျဆန်စက်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများသည် ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင် ငံသား (၄၁)ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ သတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၁) ဦးအနက် မလေးရှားနိုင်ငံသို့ ဆတ်လက်ထွက်ခွာမည့် အမျိုးသား (၃၃) ဦးပါဝင်ပြီး၊ အမျိုးသမီး (၈)ဦးမှာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှာနိုင်ငံသို့ ဆက်လက် ထွက်ခွာမည့်အမျိုးသား (၃၃)ဦးမှာ တစ်ဦးလျှင် ပွဲစားခဘတ် (၅၅,၀၀၀)ပေးခဲ့ရပြီး ၊ အမျိုးသမီး (၈)ဦးမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071