
မြန်မာဂီတပွဲတော်ကို ဇွန်လ ၁၇ ရက်နေ့ ညနေ၆နာရီတွင် ရန် ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာပြုလုပ်မှာ ဖြစ်ပါတယ်။
Myanmar Music Festival က မြန်မာ နိုင်ငံမှာကျင်းပလာ ခဲ့တာ အခုနှစ်နဲ့ဆိုရင်၅နှစ်ပြည့်ခဲ့ ပြီဖြစ်ပါတယ်။နှစ်စဉ်ကျင်းပ တိုင်းမှာလည်း နိုင်ငံတကာမှ ဂီတ ပညာရှင်တွေကမြန်မာနိုင်ငံမှ ဂီတ ပညာရှင်တွေနဲ့ တွဲဖက်ကာ သီချင်း များ သီဆိုခဲ့ ကြသလို မြန်မာနိုင်ငံမှ လူငယ်တွေကိုလည်း ဂီတနဲ့ပတ် သက်ပြီး သင်ကြားပြသပေးခဲ့ပါတယ်။ အခု ၅နှစ်ပြည့်ပွဲမှာတော့တစ်မူ ထူးခြားတဲ့ တင်ဆက်မှုတွေကို ပရိ သတ်တွေအနေနဲ့ကြည့်ရှုရမှာ ဖြစ်ပါ တယ်။
အခုနှစ်ရဲ့ Theme ကတော့ မြန်မာတိုင်းရင်းသား ၂၅ ယောက်နဲ့ နိုင်ငံခြားသား ၃၅ ယောက်ပါဝင်တဲ့ Choir Group နဲ့ ဖျော်ဖြေတာပဲ ဖြစ် ပါတယ်။ ဒီ Concert ရဲ့ Organizer အနေနဲ့ရော Presenter အနေနဲ့ ပါ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ပတ္တမြားကေခိုင်က ဆောင် ရွက်မှာဖြစ်ပြီး တေးသံရှင် မေဆွိနဲ့ ရခိုင်တေးသံရှင် ဝင်းကိုခိုင်တို့လည်း ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။
လင်းအက္ခရာ
