မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ တတိယအကြိမ် သက်ကြီး သတင်းစာပညာရှင်ကြီးများအား ပူဇော် ကန်တော့ပွဲအတွက် လှူဒါန်းငွေ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုလွှာပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီကOrchid Hotel တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အလှူရှင်များက လှူဒါန်းငွေများ ပေး အပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ တာဝန်ရှိသူများ မှ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၅ဝ၅၅ဝဝဝ ရရှိခဲ့ပြီး သတင်းစာ ပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလထဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
AZM