Monday, February 2, 2026

ဖေဖော်ဝါရီလ ရက်ရှည်ရုံးပိတ်ရက်အတွက် ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင်...

လာမည့် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့် တည်းခိုခန်းအားလုံး ၉၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီဖြစ်ကြောင်း...

အက်ပ်စတိန်း ၏ ကျွန်းသို့ သွားရောက်ခဲ့သည်ဆိုသည့်...

ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။ ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃ (တရုတ်၊ဂျပန်၊ကိုးရီးယား) ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉...

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း...

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး...
HomeEntertainmentပြည်တွင်းသတင်း Eventမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က ဦးစီးပြီး အနုပညာရှင်အလှူရှင် များနဲ့ အခြားပြင်ပအလှူရှင်များရဲ့ လှူဒါန်းမှုများပါဝင်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် သားသမီး များ အတွက်ပညာသင်ထောက်ပံ့ကြေး ပေးအပ်လှူဒါန်းပွဲကို ဇူလိုင်လ ၇ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင် အ စည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

အစည်းအရုံးဝင်သားသမီးများ ရဲ့ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းကို နှစ်စဉ် ကျောင်းဖွင့်ရာသီ ရောက် တိုင်းပေးအပ်လျက်ရှိခဲ့တာ လည်း ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ဦးဆောင်တယ်ဆိုပေမယ့် လည်း အနုပညာရှင်၊ အတတ်ပညာ ရှင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ လှူဒါန်းငွေတွေလည်းပါဝင်ပါတယ်။ ဒါ့အပြင် အခြားအပြင်က ကုမ္ပဏီ တွေကလည်း စာရေးကိရိယာနဲ့ ပတ်သက်တာတွေ အသုံးအဆောင် ပစ္စည်းတွေကိုလည်း လာရောက် လှူဒါန်း ကြတာရှိပါတယ်။ သူတို့ တွေရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် သာ အခုလိုမျိုး အစဉ်အလာ မပျက် နှစ်စဉ် လှူဒါန်းနေနိုင်တာ ဖြစ်ပါ တယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေးက မှတ်ချက်ပြုပြောပါတယ်။

ပညာသင်ထောက်ပံ့စရိတ်နဲ့စား ရေးပစ္စည်းတွေ လာရောက်ထုတ်ယူ ကြတဲ့ အများစုဟာ ငွေကြေးအခက် အခဲရှိတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောက သားများဖြစ်ကြပြီး အထူးသဖြင့်စက်မှု အလွှာနဲ့ ဇာတ်ပို့ဇာတ်ရံအလွှာက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပညာသင်ထောက်ပံ့စရိတ်အ နေနဲ့ ကျောင်းသား၊ကျောင်းသူတစ်ဦး စီကို ကျပ်နှစ်သောင်း၊ ဗလာစာအုပ် ၅ ဒါဇင်၊ ကျောင်းဝတ်စုံ၊ ထမင်းချိုင့်နဲ့ ထီး အစရှိတဲ့ ကျောင်းသုံးပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့တာဖြစ် ပါတယ်။
“အဓိကကတော့ ငွေကြေးအ ခက်အခဲရှိတဲ့ လောကသားတွေ အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့သဘောပါ။ အခုလို လှူဒါန်း ပေးလိုက်တာတွေက သူတို့လေးတွေ အတွက် ခဏတာ အဆင်ပြေချောင် လည်သွားတယ် ဆိုရင်ပဲ ကျွန်တော် တို့ ပီတိဖြစ်ပါပြီ” လို့ ဦးအေးကြူ လေးက ပြောပြခဲ့ပါတယ်။

ထက်လူ

 

Ads Space Available


Continue reading

ဖေဖော်ဝါရီလ ရက်ရှည်ရုံးပိတ်ရက်အတွက် ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် ကြိုတင်မှာယူမှု များပြား

လာမည့် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့် တည်းခိုခန်းအားလုံး ၉၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ရုံးပိတ်ရက်ရှည်ဖြစ်သည့် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှ ၁၇ ရက် (တရုတ်နှစ်သစ်ကူး ပိတ်ရက်) အထိ ၆ ရက်တာအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီ ကမ်းခြေတို့၏ အပန်းဖြေခရီးစဉ်တို့အတွက် ဟိုတယ်နှင့်တည်းခိုခန်းများအား ကြိုတင်မှာယူမှုများ ရှိနေခဲ့ခြင်းဖြစ်ကြောင်း...

အက်ပ်စတိန်း ၏ ကျွန်းသို့ သွားရောက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ထရမ့်ငြင်းဆို

ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။ ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန် တို့သည် အဆိုပါကျွန်းသို့ သွားရောက်ခဲ့ကြသည်ဟု တောင်အာဖရိကလူရွှင်တော်နှင့် Grammy ဆုပေးပွဲ တင်ဆက်သူ Trevor Noah က ပွဲတစ်ခုတွင် နောက်ပြောင်ပြောဆိုခဲ့မှုအပေါ် ထရမ့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ "ကလင်တန် အတွက်တော့ ကျွန်တော် ပြောမပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အက်ပ်စတိန်း ကျွန်းကို ဘယ်တုန်းကမှ မသွားခဲ့သလို အနားတောင် မသီဖူးပါဘူး။ ဒီညက...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃ (တရုတ်၊ဂျပန်၊ကိုးရီးယား) ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မနီလာမြို့ မြန်မာသံရုံးမှ သံရုံး ယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အတူ (၂၅) ကြိမ်မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့် ကိုရီးယား)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071