Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီး လာရောက်ရိုက်ကူးပြီးတဲ့အခါမှာ ချီးမွမ်းသံတွေ၊ ဝေဖန်သံတွေ နဲ့ ညံသွားတယ်နော်လို့ ဒေါ်ဆွေဇင်ထိုက်နဲ့ တွေ့တဲ့အခါမေးတော့ ‘မြန်မာဆန်တာပေါ့’လို့ သူကပြုံးရင်း ပြော ပါတယ်။ ဘယ်လိုပဲဆိုဆို Line Walker 2 ပြီးတဲ့နောက် မြန်မာနိုင်ငံ ကို ဘယ်သူတွေ လာရောက်ရိုက် ကူးဦးမ လဲဆိုတာ ဒေါ်ဆွေဇင်ထိုက်ကိုမေးဖြစ်တော့ …
“ကျွန်မ LA နဲ့ ရန်ကုန်နဲ့ရိုက်မယ့် ကားတစ်ထုပ်တော့ရှိပါတယ်။ ‘မေတ္တာ’ဆိုတဲ့ ကားလေ။ LAဘက်အ ခြမ်းကတော့ မထွန်းအိန္ဒြာဗိုလ်တို့၊ ကိုလူမင်းတို့နဲ့ ရိုက်နေပါတယ်။ အဲဒါလည်း ဇွန်၊ ဇူလိုင်လောက်ပေါ့။ ရန်ကုန် ဘက်မှာရိုက်ဖို့ဆိုပြီးတော့ စီစဉ်ထားတာ ရှိပါတယ်။ နောက်ပြီး ဂျပန်က လူနှစ်ယောက်က ရှောဘရားသားရိုက် နေတဲ့အချိန်အတွင်းမှာပဲ လာတွေ့ပြီးတော့ သူတို့ရိုက်ဖို့အတွက်ကို နောက်နှစ်ဇန်နဝါရီလောက် ရိုက်ချင်တယ် လို့ပြောပါတယ်။ အဲဒါကိုလည်း ကျွန်မ ကိုအောင်ကိုလတ်နဲ့ချိတ်ပြီးတော့ လုပ်ပေးဖို့အတွက်ကို စီစဉ်နေပါ တယ်”လို့ ပြောပါတယ်။
Line Walker 2 လို နိုင်ငံတကာအဆင့်ရှိတဲ့ ရုပ်ရှင်မျိုး မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးခဲ့တဲ့အတွက် မြန်မာနိုင်ငံအတွင်းရှိ ရိုက်ကွင်းရိုက်ကွက်တွေကို တွေ့သွားလို့ ဒီ့ထက်ပိုပြီး စိတ်ဝင် စားတဲ့သူတွေ လာရောက်ရိုက်ကူးဖို့ မျှော်လင့်မိပါတယ်လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ – မင်းမင်းထွန်း