Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesမြန်မာ့ရုပ်ရှင် အနုပညာ ....

မြန်မာ့ရုပ်ရှင် အနုပညာ . . . အရည်အချင်း၊ အရည်အသွေး၊ အတတ်ပညာနှင့် အနာဂတ်

ထိုင်းနိုင်ငံ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ နည်းပြနဲ့ ကလေးများအကို မိုင်းဖုန်း ဆရာတော်ရဲ့ မေတ္တာတရားနဲ့အတူ ဥရောပနိုင်ငံသားများနဲ့ ထိုင်းနိုင်ငံ ရေတပ်မှ ရေငုပ်ကျွမ်းကျင်သူများ က စွန့်စွန့်စားစား ခက်ခက်ခဲခဲကယ် ထုတ်အောင်မြင်ခြင်းသတင်းများက မြန်မာ့စာနယ်ဇင်းမီဒီယာ၊ ကမ္ဘာ့မီဒီ ယာများမှာ ဖော်ပြခံရမှုနဲ့ ကမ္ဘာ ကျော်အကြောင်းအရာတစ်ခု ဖြစ်ခဲ့ ခြင်းနဲ့အတူ အခုဟောလိဝုဒ်ရုပ်ရှင် လောကမှ အဲဒီအကြောင်း အဖြစ် အပျက်ကို ရုပ်ရှင်ရိုက်ကူးမယ်ဆိုတဲ့ သတင်းရုပ်သံသတင်းဌာနကနေ နား ထောင်လိုက်ရတယ်။ ဒါပဲလေ ရုပ် ရှင်ဆိုတာ ကြီးမားတဲ့အခက်အခဲ ကြားမှာ ပိတ်မိနေမှုကို စွန့်စားမှုများ နဲ့ သည်းထိတ်ရင်ဖိုကြိုးစားရပုံကို ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရုပ်ရှင် ကြည့်ပရိသတ်များအတွက် ရိုက်ကူး ပြသနိုင်ခြင်းဟာ ရုပ်ရှင်ကြည့် ပရိ သတ်လူကြီးလူငယ်များကို လူသား လောကအတွက် လူ့အသက်များကို ရှင်သန်ခွင့်တန်ဖိုးထားရှိမှု၊ မေတ္တာ စိတ်စာနာစိတ်ထားရှိမှု၊ လူနဲ့ လူ အချင်းချင်း ကူညီမှုသရုပ်သဏ္ဌာန် ပြယုဂ်ပဲဖြစ်တယ်။ ရုပ်ရှင်အနုပညာ ရဲ့ ပြည်သူ့ပညာပေးအနု ပညာအမျိုး အစားလို့ ပြောရမှာဖြစ်တယ်။ ဒါ ကြောင့် ကမ္ဘာမှာ အောင်မြင်နေတဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ အနု ပညာ ‘စံ’ပဲ လို့ ပြောရပါမယ်။

မြန်မာ့ရုပ်ရှင်လောကရဲ့ ရုပ်ရှင် အနုပညာစံက အချစ်မပါ ရင်မရိုက် ကူးတတ်ကြသလို အချစ်ကို အမျိုးမျိုး ပုံစံနဲ့ ဖန်တီးရိုက်ကူးပြပြီး လူငယ်တွေ ကို ပညာပေးနေခဲ့ကြတာ ကြာခဲ့သလို ရုပ်ရှင်ကပေးတဲ့ အချစ်ပညာပေးမှု နဲ့ ဘဝတိုးတက်ရေးကို စွန့်ပစ်ပြီး အချစ်စွန့်စားမှုနဲ့ ဘဝပျက်ခဲ့ကြမှု တွေလည်း ဒုနဲ့ဒေး။ နောက်ပြီးတော့ မြန်မာ့ ရုပ်ရှင်က အချစ်နဲ့ပတ်သက်ပြီး စွန့် စားကြလို့ ဆင်းရဲဒုက္ခရောက်ကြပုံ ခဏမျှပြပြီး သူဌေးတစ်ယောက် လုပ် ငန်းရှင်တစ်ဦးကို လူဆိုးများ လက်က ကယ်တင်မိရာမှ ချက်ချင်းကျေးဇူး တင်လို့ သူကောင်းပြုခံရပြီး ဘဝ ပြောင်းလဲတိုးတက်လွယ်ပုံမျိုး အင်မ တန် လူ့လောက သဘာဝနဲ့ ခြားနား စွာ ရိုက်ကူးပြတတ်လေ့ရှိတယ်။ ပြောရရင်တော့ အချစ်ကို စွန့်စားရဲ အောင် မြှောက်ပေးနေသလို ဇာတ် လမ်းမျိုးတွေက ထပ်တလဲလဲ၊ ဆင်းရဲ တဲ့မင်းသားက သူဌေးသမီးနဲ့ အချစ် ဇာတ်လမ်းဖြစ်ဖို့၊ လူဆိုးက နှောင့် ယှက်၊ မင်းသားက ဝင်ကူညီကာ အချစ် ဇာတ်လမ်းဖြစ်ပုံတွေကလည်း မဆန်းပြားတဲ့ပုံစံတွေ များလွန်းနေ ပါပြီ။ ရုပ်ရှင်ထဲမှာ မင်းသားဖြစ်စေ၊ မင်းသမီးဖြစ်စေ ဆင်းရဲမှုမတာရှည် ဘဲ၊ အလွန်သူကောင်းပြုခံရပုံ လွယ် ကူမှု ဇာတ်လမ်းတွေလည်း အထပ် ထပ်အခါခါ။ အဲဒါတွေဟာ ရုပ်ရှင် ကြည့် လူငယ်ပရိသတ်များကို စိတ် ကူးယဉ် နစ်မျောနေစေခြင်းပါပဲ။

ဘဝဆိုတာ ကံတရားရဲ့ ချပေး တဲ့ ဇာတ်ရုပ်ပါပဲ။ အဲဒါကိုသိဖို့ အရေးကြီးသလို ချမ်းသာခြင်း၊ ဆင်း ရဲခြင်း၊ ပညာတတ်ခြင်း၊ ပညာမတတ် ခြင်း၊ အနိမ့်အမြင့်များနဲ့ ဖြစ်တည် တတ်ကြပေမယ့် လူရယ်လို့ ဖြစ်လာမှု အတွက် ပုံမှန်ရပ်တည်နိုင်ရေး၊ တွေး ဆကြံဆမှု Óဏ်၊ လုံ့လ၊ ဝီရိယ၊ ဇွဲ ကြိုးစားအားစိုက် မဖြစ်ဖြစ်အောင် ပြုလုပ်ချင်စိတ်များကို ပေါင်းစည်း နိုင်မှုတို့နဲ့ ဆင်းရဲတဲ့ဘဝကို ရှင်သန် ရပ်တည်ရေး တဖြည်းဖြည်းတိုးတက် ရေး ရှေးရှုကြရပါတယ်။ မြန်မာ့ရုပ် ရှင်ကားတွေရဲ့ ဖန်တီးမှုက ကယ်တင် ရှင်မျှော်ခိုင်းတဲ့ သဘောတရားတွေ သာဖြစ်နေတယ်လို့ ပြောရမယ်။ လူ့ ဘဝရဲ့ ရှိသင့်တဲ့ လုံ့လ၊ ဝီရိယ၊ ဇွဲဆို တဲ့ လူတို့မှာ ရှိသင့်တဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု အားကိုးမှုတို့ မှေးမှိန် ပျောက်ကွယ်စေတဲ့ ဇာတ်လမ်းအမျိုး အစားတွေပဲ ရိုက်ကူးခြင်းဟာ ရုပ် ရှင်နဲ့ ပြည်သူကို အကျိုးပြုမှု၊ တိုင်း ပြည်ကို အကျိုးပြုမှုတို့ ပျက်ပြားစေ ခြင်းမျိုးပဲ ဖြစ်တယ်ဆိုတာ မြန်မာ့ ရုပ်ရှင်ထုတ်လုပ်သူများ၊ ဒါရိုက်တာ များ သတိထားမိကြဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။

ပရိသတ်ဆိုတာ ပညာရှင်တို့ ရိုက်ကူးပြမှုကို ဖျော်ဖြေမှုနှင့် အထင် ကြီးလေးစားလို့ ကြည့်ကြခြင်းဖြစ် တယ်။ ပညာရှင်အနုပညာသမားတို့ ဟာ ဖျော်ဖြေရေးရုပ်ရှင်ဇာတ်ကားတစ်ကားကို သဘာဝပုံစံနဲ့ ပသာဒနဲ့ လှပအောင် တင်ပြရသလို ရသဖြစ် စေတဲ့၊ ပရိသတ်တို့ရင်ထဲမှာ တက်ကြွ မှု၊ အသိစိတ်ဖြစ်မှုစတဲ့ ခံစားစွဲကပ် စေအောင် အတတ်ပညာနဲ့ ဖန်တီး ပြုစားတဲ့ အတတ်ပညာပဲဖြစ်ပါတယ်။ အောက် လမ်းဆရာလို ကိုယ်ကျိုး စီးပွားအတွက် ပြုစားခြင်းမျိုးက တစ် ဖက်သား ဒုက္ခရောက်စေသလို ဖြစ် တတ်ခြင်းမျိုးပါ။ ပရိသတ်အတွက် မေတ္တာစေတနာနဲ့ အသိပညာတိုး တက်ရေးပြုစားနိုင်ခြင်းက ဂုဏ်သိက္ခာ လို့ပဲ ပြောရမယ်။ ဖျော်ဖြေရေးရှု ထောင့် တစ်မျိုးတည်းနှင့် ရိုက်ကူး ပြသခြင်းဟာ ရုပ်ရှင်ဆိုတဲ့ အနုပညာ ကို အသုံးချပြီး ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ ကိုယ်ကျိုးစီးပွား ဈေးကွက်ဖွင့်ခြင်းလို့သာ ပြောချင် မိတယ်။ အနုပညာသမားဟာ နေရာ တစ်ခုရဖို့ အပင်ပန်းခံ၊ အနစ်နာခံ ဆည်းပူးလေ့လာသင်ယူပြီးမှ အနု ပညာသမားရယ်၊ ဖြစ်တည်နိုင်ခဲ့ကြ တာပါ။

ထုတ်လုပ်သူများရဲ့ သား သမီးမျိုး၊ ငွေရှင် ကြေးရှင်တို့ရဲ့ သား သမီးမျိုးတွေကတော့ အနုပညာရဲ့ အနှစ်သာရ အတိမ်အနက်သိလို့ဖြစ် စေ၊ မသိလို့ဖြစ်စေ အနုပညာအလုပ် ကို ချက်ချင်း ထလုပ်လို့ရတယ်။ အဲဒီနေရာမှ ဆန္ဒနဲ့ ရည်ရွယ်ချက်ထား ရှိမှုမှာ ပြည်သူ့အတွက်၊ တိုင်းပြည် အတွက် ကောင်းစေလိုတဲ့ အသိပညာ နဲ့ အားမာန် သတ္တိပေးစွမ်းမှုစေတနာ မျိုး ရှိသင့်သလို လူသားချင်း စာနာ စိတ်အချက် ပြပုံသဏ္ဌာန်မျိုးတွေ လည်း အနုပညာ အနှစ်သာရတစ်မျိုး ဖြစ်စေခြင်း စိတ်စေတနာ မေတ္တာမျိုး လည်း ပါရပါတယ်။ အဲဒါ အနုပညာ သမားတိုင်းရဲ့ အနုပညာ တာဝန်ပဲ ဆိုတာ နားလည်ထားရမှာဖြစ်တယ်။ ဆိုပါစို့ ဟောလိဝုဒ်စစ်ကားတွေမှာ ရန်သူကို စစ်ရေးအရ မညှာမတာ တိုက်ခိုက်ကြပေမယ့်လည်း ရန်သူ ဘက်က မသေဘဲ ထိခိုက်ဒဏ်ရာနဲ့ လဲနေရင် အနိုင်ရတယ်ဆို အသေပစ် မသတ်ဘူး။ လက်နက်ကို သိမ်းပြီး၊ ဒဏ်ရာအနာတရကို ပြုစု ကုသပေး ခဲ့ပုံတွေ ကြည့်ရတော့ ရန်သူဆို ပေမယ့် တိုက်ပွဲဆိုတဲ့ တာဝန်အရ တိုက်နေရပေမယ့် လူ့အသက်တစ် ချောင်းကို တန်ဖိုးထားတတ်ပုံ၊ လူ သားချင်းစာနာ စိတ်မေတ္တာထားပုံ တို့ကို ပေါ်လွင်စေတဲ့ အနုပညာရသ ပဲဖြစ်တယ်။ ကိုရီးယား ဇာတ်လမ်း တွဲတွေမှာဆိုရင် ရင်းနှီး ခင်မင်စိတ်နဲ့ ဆင်းရဲလို့ ငွေကြေး ကူညီရင်တောင် လက်မခံဘဲ လိမ္မာစွာငြင်းဆိုပြီး ကိုယ့်အားကိုယ်ကိုး စိတ်မွေးတဲ့ ပြယုဂ်မျိုးတွေ ရိုက်ကူးပြလေ့ရှိတယ်။ ချက်ချင်းသူကောင်းပြု ခံရတာမျိုး မရှိဘူး။ အဲဒါကောင်းမွန်တဲ့ ရည် ရွယ်ချက်စေတနာရဲ့ ပြယုဂ်တွေပဲ ဖြစ်တယ်။

မြန်မာဇာတ်ကားတွေမှာ အင် မတန် ရည်ရွယ်ချက်မဲ့ စေတနာမဲ့ ဖျော်ဖြေ ရေး ဟာသဇာတ်ကားတွေမှာ မိန်းမလျာ ဇာတ်ရုပ်တွေ ထည့်သုံးပြီး မောင်နဲ့နှမ၊ သားနဲ့အမိ၊ အိမ်မှာ အတူ မကြည့်သင့်တဲ့ စကားလုံး ခပ်ရိုင်းရိုင်းတွေကို သုံးနှုန်းပြီး ဖျော် ဖြေရေးဟာ သလုပ်ပုံတွေဟာ ဆင်ဆာလူကြီးမင်းများရဲ့ ခွင့်ပြုမှု ကိုပင် အံ့သြမိပါရဲ့လို့ ပြောချင်မိ တယ်။ ဘာကြောင့်လဲဆိုတော့ ရုပ် ရှင်တစ်ကားရဲ့ ရည်ရွယ်ချက် စေတနာမပါတဲ့ဇာတ်ကားမျိုးတွေကို အတော်ကြပ်မတ်စဉ်းစားသင့်ပြီလို့ လည်း ပြောချင်တယ်။ အဲဒီလိုသာ မကြပ်မတ်နိုင်ခဲ့ရင် မြန်မာ့ရုပ်ရှင် အဆင့်မြင့်လာရေး၊ တိုးတက် အနာ ဂတ်မဲ့ မြန်မာ့ရုပ်ရှင်လောကလို့ ပြော ရမှာပဲဖြစ်တယ်။ ဘာကြောင့်လဲဆို တော့ ကမ္ဘာကြီးကို ရင်ပေါင်တန်းချင် လို့ မြန်မာ့ယဉ်ကျေးမှုတွေ မေ့လျော့ ပြီး၊ မလုံမခြုံ မပေါ်တပေါ် ဝတ်ပြနေ ကြတဲ့ မော်ဒယ်လ်တွေ၊ မင်းသမီးတွေ ရဲ့ သတင်းတွေ ပျံ့လွင့်နေခဲ့တယ်။ ကဲ ပြောကြည့်ရအောင် . . .။

ဘောလိဝုဒ်အိန္ဒိယရုပ်ရှင်ဇာတ် ကားတွေဟာ ဟောလိဝုဒ်ကို ယှဉ် ပြိုင်တဲ့ ဇာတ်လမ်းမျိုးတွေ ရိုက်ကူး ယှဉ်ပြိုင်ခဲ့ကြပေမယ့် ရိုးရာယဉ်ကျေး မှုကို အလေးထားမှု အခြေပြုတာ သတိထားမိခဲ့တယ်။ ယှဉ်ပြိုင်ပါ။ ကမ္ဘာကြီးကိုလည်း ယှဉ်ပြိုင်ရပါမယ်။ အနုပညာအရည်အချင်းနဲ့ အတတ် ပညာအရည်အချင်းနဲ့ ယှဉ်ပြိုင်ကြရ ပါတယ်။ မပေါ်တပေါ် မြှူဆွယ်မှုဆို တာ အနုပညာအရည်အချင်းနည်းသူ တွေရဲ့ မက်လုံးပေးမှုပဲ ဖြစ်တယ်လို့ မြန်မာ့ရုပ်ရှင်လောကကြီး အနုပညာ အရည်အချင်း၊ အရည်အသွေးတိုးတက် စေချင်စိတ်နဲ့ ပြောလိုက်ပါရစေတော့ ။ ။

အောင်ဟိဏ်း (ကျိုက်ထော်)

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071