Saturday, May 24, 2025

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...

အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath...

ယ‌မန်နေ့ မေလ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath Tagore ၏ ၁၆၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားအား အိန္ဒိယစင်တာ၌ကျင်းပခဲ့သည်။ အခမ်းအနားတွင်...

ပထမအချီမပြီးဆုံးခင် ပြိုင်ဘက်၏ အလဲထိုးခြင်းခံခဲ့ရသည့် အဲမွီ

ယမန်နေ့ မေ(၂၃)ရက် ညပိုင်းက ONE -109 ပွဲစဉ်၏ ဒုခေါင်တွဲဆိုင်းနေရာတွင် ထိုင်းဖိုက်တာ Wuttikrai Wor Chakrawut နှင့် ရိုးရာဖိုက်တာ...

မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ လေ့လာရေးခရီးရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က နန်နင်းမြို့၊...
HomeMoviesမြန်မာ့ရုပ်ရှင်ကားပေါင်းနှစ်ရာကျော် ရုံတင်ပြသဖို့ ...

မြန်မာ့ရုပ်ရှင်ကားပေါင်းနှစ်ရာကျော် ရုံတင်ပြသဖို့ စောင့်ဆိုင်းနေရတဲ့ပြဿနာ . . .ဘယ်လိုဖြေရှင်းကြမလဲ

မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း နှစ်ရာကျော်ဟာ ရုံတင်ပြသခွင့်ရရှိဖို့ စောင့်ဆိုင်းနေရပါတယ်။ ဒီလိုပဲ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း ဆက်တိုက်ရိုက်ကူးမှုတွေ မြင့်တက် နေတာမို့ ရုပ်ရှင်ရုံနည်းပါးလွန်းလှတဲ့ မြန်မာရုပ်ရှင်လောကအတွက်တော့ ခေါင်းခဲစရာ ကိစ္စဖြစ်လာနေပါပြီ။ ရုံ တစ်ရာ စီမံကိန်းကလည်း တစ်စ တစ်စနဲ့ ပေါ်ထွက်လာနေပေမယ့်လည်း လက်ရှိမှာတော့ ရုံတင်ရက်အခက် အခဲတွေက လောကသားတွေအတွက် တော့ အခက်အခဲတစ်ခုပါ။ လက်ရှိ ရုပ်ရှင်ရိုက်ကူးနေမှု အရှိန်အဟုန် ကောင်းကိုလည်း ရပ်တန့်ပစ်လိုက်ဖို့ မဖြစ်နိုင်ပါ။ ထုတ်လုပ်သူတွေဘက်က လည်း ငွေတွေရင်းနှီးပြီး ဇာတ်ကား တွေလက်ဝယ်ပိုက်ကာ မတတ်သာစွာနဲ့ ပဲ ရုံတင်ခွင့်ရမယ့် ရက်ကိုစောင့်ဆိုင်း နေရပါတယ်။ ဒါတွေဟာ ရုပ်ရှင် လောကအတွက်တော့ ခက်ခဲတဲ့ အ ချိန်ကာလဖြတ်သန်းမှုတွေဖြစ်တဲ့ အပြင် လက်ရှိ ၂ဝ၁၈ ခုနှစ်မှာလည်း ရုံတင်ပြသခွင့်ရတဲ့ ဆင်ဆာကျဇာတ် ကားဟာကားပေါင်း ၆ဝအထိရှိခဲ့နေပြီ ဖြစ်တဲ့အပြင်နောက်ထပ်ရိုက်ကူးထား တဲ့ ဇာတ်ကားတွေဟာလည်း အများ ကြီးရှိနေတာကြောင့် ဘာတွေဆက် ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့် ရတော့မယ့် အနေအထားဖြစ်နေပြီလို့ စိမ်းဝါနီရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် အကယ်ဒမီဒေါ်မြင့်မြင့်ခိုင်က သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။

”ဒီကိစ္စတွေကို တစ်ဦးတစ် ယောက်ချင်းစီအနေနဲ့ လုပ်လို့ ရနိုင် မှာမျိုး မဟုတ်ဘူး။ အားလုံးစုစည်း စုပေါင်းပြီးတော့မှ ဖြေရှင်းမှ ရလိမ့် မယ်။ ရုံပိုင်ရှင်တွေ ထုတ်လုပ်သူတွေ အားလုံး စုပေါင်းပြီးတော့ လုပ်ကြ ရမှာ ဖြစ်တယ်။ ဇာတ်ကားတွေဟာ လည်း ကောင်းမွန်ရမယ်။ ပရိသတ် တွေလည်း ကြိုက်နှစ်သက်ရမယ်”လို့ အကယ်ဒမီဒေါ်မြင့်မြင့်ခိုင်က ထပ်ပြီး တော့မှတ်ချက်ပြုပြောဆိုပါတယ်။

ဒီဗီဖိုက် ရုပ်ရှင်နှင့်ဗီဒီယို ထုတ် လုပ်ရေးပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုအငယ် လေး(ခ)ကိုတင်ထွန်းဝင်းပြောပြမှု အ ရတော့ လက်ရှိမှာတော့ တစ်လကို ရုပ်ရှင် ၈ ကားနှုန်းပြနေတာကြောင့် ၃ နှစ်လောက်အရောက်မှာတော့ အ ခုကိစ္စတွေကို ပြေလျော့လာနိုင်စေ မယ်လို့ မှတ်ချက်ပြုပြောဆိုပါတယ်။

”စီးပွားရေးတစ်ခု လုပ်ကြတော့ မယ်ဆိုရင် ဒီလောကထဲမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို အရင် ဆုံးလေ့လာပြီးမှပဲ ဒီလောကထဲကို ဝင်ရောက်လာသင့်တယ်” လို့ ကိုအ ငယ်လေး (ခ) ကိုတင်ထွန်းဝင်းက ထောက်ပြဆိုပါတယ်။

ရုပ်ရှင်နာယကကြီးတစ်ဦး ဖြစ် သူ ဒါရိုက်တာကြီး ဦးနှင်းမိုးကတော့ သူတို့ခေတ်တုန်းက ရုပ်ရှင်ရုံပေါင်း ရာချီ ရှိခဲ့တဲ့အပြင် ရုပ်ရှင်ထိပ်တိုက် ပြသမှု ၊ ရုံပြိုင်ပြသမှု စတဲ့ ပုံစံမျိုးတွေ နဲ့ ဇာတ်ကားတွေ ရုံတင်ပြသခဲ့ကြတာ ဖြစ်ပြီး အခုလိုမျိုးနှစ်တွေများစွာ အ ကြာကြီးစောင့်ပြီးမှ ရုံတင်ပြသတာမျိုး လည်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

”ဒီဘက်ခေတ်မှာ ရုပ်ရှင်ရုံတွေက လည်း တအားနည်းပါးသွားတယ်။ ဒီ ဘက်ခေတ်မှာ ရုပ်ရှင်ထိပ်တိုက်ပြသ တယ်ဆိုတာကလည်း နည်းသွားတယ်။ ရုံတင်ပြသဖို့ စောင့်နေရတဲ့ဇာတ်ကား တွေအတွက်ကိုလည်း ဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြပြီ။ အခုလည်း သိပ် မစောင့်နိုင်တော့တဲ့သူတွေရတဲ့ ရုံမှာ တင်လာတာတွေလည်း ရှိလာတယ်။ ဒါတွေဟာရုံပိုင်ရှင်တွေနဲ့ ထုတ်လုပ် သူတွေညှိနှိုင်းကြရမယ့်ကိစ္စရပ်တွေ ဖြစ်လာပါတယ်။ အဓိကဇာတ်ကား ပေါင်း ၂ဝဝ ကျော်စောင့် ဆိုင်းနေရမှု ဖြစ်နေတာက ရုပ်ရှင်ရုံနည်းနေတာ ကြောင့်က အဓိကအချက်ပဲ။ ရုပ်ရှင် ရုံတွေသာ အများကြီးပေါ်လာပြီဆိုရင် ဒီပြဿနာတွေဟာမှေးမှိန်သွားမှာ ပါ။ သို့သော် ဇာတ်ကားတွေကတော့ ကွာလတီကောင်းရမှာဖြစ်ပါတယ်။ အဓိကကတော့ ရုပ်ရှင်ရုံရှားပါးသွား တဲ့ပြဿနာကြောင့်ဖြစ်ပါတယ်”လို့ ရုပ်ရှင်နာယကကြီးတစ်ဦးဖြစ်သူ ဒါ ရိုက်တာကြီး ဦးနှင်းမိုးက မှတ်ချက်ပြု ဆိုခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071