Monday, June 8, 2026

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...

လာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

       ရှာဖွေရေးနယ်မြေသည် မြေသားမတည်ငြိမ်ဖြစ်လာခြင်းနှင့် အသက်ရှင်သန်နိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့ကြောင့် လာအိုနိုင်ငံရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့သော အမျိုးသားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်မှုကို စနေနေ့တွင်...
HomeArticlesမြန်မာစာဌာန ပေါ်ပေါက်ရန်အတွက်

မြန်မာစာဌာန ပေါ်ပေါက်ရန်အတွက်

mkm

၁၉၂၀ ပြည့်နှစ်မှ ၁၉၄ဝ ပြည့်နှစ်အထိ ၂၁ နှစ်ကြာကာလသည် ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းပညာ ဌာန၏ လက်အောက်၌ ဆရာကြီး ဦးဖေမောင်တင်၏ ကြီးကြပ်မှုဖြင့် မြန်မာစာဘာသာရပ်ကို သင်ကြားပို့ ချပေးသော ကာလဖြစ်သည်။ (ဆရာကြီး ဦးဖေမောင်တင် အင်္ဂလန်သို့ ပညာတော်သင်သွားနေသော ၁၉၂ဝ ခုနှစ်မှ ၁၉၂၄ခုနှစ်အထိ ၄နှစ်ကာလတွင် ပါမောက္ခဆရာကြီးကာဆင် (Professor A Cassim) က အရှေ့ တိုင်းပညာဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဆရာကြီး ဦးဖေမောင်တင်သည် မြန်မာနိုင်ငံသုတေသနအသင်း၏ အကူအညီဖြင့် ရှေးမြန်မာစာပေ များကို တည်းဖြတ်ထုတ်ဝေပြီးနောက် မြန်မာစာအတန်း အသီးသီးတွင် ပြဋ္ဌာန်းသည်။ ဥပစာတန်းတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကို သင်ကြားခြင်း၊ မြန်မာစာဂုဏ်ထူး တန်း၊ မဟာဝိဇ္ဇာတန်းကို ဖွင့်လှစ်ခြင်း ဖြင့် မြန်မာစာကို တက္ကသိုလ်ဘာသာ ရပ်တစ်ခုအဖြစ်သင်ကြားနိုင်အောင် ဆောင်ရွက်သည်။ ဆရာကြီးသည် မြန်မာစာပေ လေ့လာသင်ကြားရေးအတွက် အခိုင် အမာ အုတ်မြစ်ချပြီးနောက် မြန်မာ ဘာသာစကား လေ့လာသင်ကြားရေးအတွက် ဆက်လက် ဆောင်ရွက် သည်။ ရှေးခေတ် မြန်မာဘာသာ စကားနှင့်တကွ ပျူ၊ မွန် ဘာသာ စကားများကို လေ့လာနိုင်ရန်အတွက် ၁၉၂၈ခုနှစ်တွင် ပထမဦးစွာ ပုဂံခေတ် မြန်မာကျောက်စာများကို ရွေးချယ်၍ ပုဂံခေတ် စာလုံးပေါင်း ပုံအတိုင်း ပုံနှိပ်ထုတ်ဝေသည်။ ပုဂံ ကျောက်စာ ညွန့်ပေါင်းဟူ၍ ထင်ရှား သည်။ ပုဂံခေတ်ကျောက်စာများကို မူလစာလုံးပေါင်းပုံအတိုင်း လေ့လာ ဖတ်ရှုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ထို့နောက် ဆရာကြီး၂ဦးသည် ပို၍အရေးပါသော အစီအစဉ် တစ်ခု ကို အကောင်အထည်ဖော်သည်။ ရှေးဟောင်း မြန်မာကျောက်စာများကို တစ်တိုင်ချင်း မှိုင်းကိုင်စက္ကူကပ်ပြီး မင်လှိမ့် ကူးယူပြီးနောက် ထိုမင်ကူး ကျောက်စာများကို တစ်ချပ်ချင်း ဓာတ်ပုံရိုက်၍ မြန်မာတိုင်းရင်း ကျောက်စာများ Inscriptions of Burma ခေါ် ဓာတ်ပုံစာထုပ်ကြီး ၅ထုပ်ကို စီစဉ် ထုတ်ဝေခြင်းဖြစ်သည်။ ပထမထုပ်ကို ၁၉၃၃ခုနှစ်တွင် ထုတ်ဝေပြီး ပဉ္စမထုပ်ကို ၁၉၅၆ ခုနှစ်ကျမှ ထုတ်ဝေနိုင်သည်။ ကျောက်စာ တစ်ချပ်ချင်းကို မူရင်းအက္ခရာပုံ သဏ္ဌာန်အတိုင်း မူရင်းစာလုံးပေါင်း ပုံအတိုင်း လေ့လာနိုင်သည့်အတွက် များစွာအကျိုးရှိ သည်။ ထို့ပြင် ရှေးဟောင်း မွန် ကျောက်စာ၊ ပျူ ကျောက်စာများကို မြန်မာဘာသာ ပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေသည့် အစီအစဉ်များကို ဆောင် ရွက်သည်။

ဆရာကြီး ဦးဖေမောင်တင် သည် မြန်မာစာဌာန သီးခြား မပေါ် ပေါက်မီကပင် အဘက်ဘက်က ပြည့်စုံအောင် စီမံဆောင်ရွက်ထား သည့်အတွက် ၁၉၄၁ခုနှစ်ဆန်းတွင် မြန်မာစာဌာနဟူ၍ ပေါ်ပေါက်လာ သောအခါ မိဘထားခဲ့သော အမွေ အနှစ်ကို ပြည့်ပြည့်စုံစုံ ခံယူရသော သားသမီးကဲ့သို့ အခြေအနေ ကောင်းမွန်လှပါသည်။ ဆရာကြီးဦးဖေမောင်တင် မွေးထုတ်ပေးသော တပည့်များတွင် ဦးစိန်တင်သည် ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ပထမဆုံး ရသူဖြစ်သည်။ ဦးညွှန့်နှင့် ဦးဧမောင်တို့သည် မဟာဝိဇ္ဇာဘွဲ့ ကို ပထမဆုံး ရသူများဖြစ်ကြသည်။ နှစ်အလိုက် ဝိဇ္ဇာဂုဏ်ထူးဘွဲ့ မဟာ ဝိဇ္ဇာဘွဲ့ရသည့် တပည့် အများစုသည် မြန်မာစာဌာနတွင် ဆရာ၊ ဆရာမများအဖြစ် အမှုထမ်းသည့်အတွက် သင်ကြားရေးဘက်တွင် အင်သစ် အားသစ်များ တိုးပွားလာသည်။

မြန်မာစာဌာန သီးခြားမဖြစ်မီ ၁၉၄ဝပြည့်နှစ်က ထုတ်ပြန်သော အရှေ့တိုင်းပညာဌာန၏ စာသင်ချိန် ဇယားတစ်ခုကို ပါမောက္ခ ဦးဧ မောင်၏ မှတ်တမ်းဖိုင်တစ်ခုတွင် တွေ့ရပါသည်။ ထိုဇယားအရ မြန်မာစာ ဆရာ၊ ဆရာမများ၏ အမည်နှင့် ရာထူးတို့ကို သိရသည်။ ထိုစဉ်က လက်ထောက်ကထိက၂ဦး မှာ ဦးဧမောင်နှင့် ဦးဝန်တို့ဖြစ်သည်။ နည်းပြများမှာ ဆရာလင်း (အဂ္ဂ မဟာပဏ္ဍိတ ဆရာကြီးဦးလင်း)၊ ဦးတိုးအောင်နှင့် ဦးတင်တို့ဖြစ်သည်။ ယာယီအချိန်ပိုင်း နည်းပြအဆင့် ၁ (Temporary part time Tutor Grade 1) မှာ ဦးချမ်းမြဖြစ်သည်။ ယာယီအချိန်ပိုင်းနည်းပြ အဆင့်၂ အဖြစ် ဒေါ်စောသင်၊ ဦးမောင်မောင် ကြီးနှင့် ဦးတင်ဧတို့၏ အမည်များကို တွေ့ရပါသည်။ ထိုအချိန်က ရန်ကုန် တက္ကသိုလ်တွင် မြန်မာစာ သင်ကြား ပို့ချ ပေးနေသော ဆရာ၊ ဆရာမများ ၁၉၄ဝခုနှစ် မတိုင်မီကာလအတွင်း မြန်မာစာဌာနက မွေးထုတ်ပေး လိုက်သော ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာ ဝိဇ္ဇာဘွဲ့များရသည့် ဆရာ ၄ ဦး အစိုးရပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့ သွားရောက်
ပညာသင်ကြားရန် ရွေးချယ်ခံရသည်။

မြန်မာစာဌာနတွင် ဆရာ များအဖြစ် တာဝန်ထမ်းဆောင်စဉ် ရွေးချယ်ခံရခြင်းဖြစ်သည်။ ပထမဆုံး မြန်မာစာဂုဏ်ထူးတန်းတက်သူ ဦးစိန်တင် (သိပ္ပံမောင်ဝ) သည် အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ICS အိုင်စီအက်စ် (အိန္ဒိယနိုင်ငံ ပဋိညာဉ်ခံ ဝန်ထမ်း) ဖြစ်ရန် ပညာသင်ပြီး နိုင်ငံဝန်ထမ်းအဖြစ် တာဝန်အဆင့်ဆင့် ထမ်း ဆောင်ရသည်။ ဦးသိန်းဟန် (ဇော်ဂျီ) သည် ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးဥပစာ ကောလိပ်တို့တွင် မြန်မာစာနည်းပြဆရာအဖြစ် ဆောင် ရွက်ပြီး အင်္ဂလန်နိုင်ငံ၊ လန်ဒန် တက္ကသိုလ်နှင့် ဒဗ္ဗလင်တက္ကသိုလ်တို့၌ စာကြည့်တိုက် ပညာကို ဆည်းပူးရာ ဒီပလိုမာဘွဲ့ရသည်။ ဦးဝန် (မင်း သုဝဏ်) သည် ရန်ကုန်တက္ကသိုလ် တွင် မြန်မာစာနည်းပြဆရာအဖြစ် ဆောင်ရွက်စဉ် ပညာတော်သင် အဖြစ် အရွေးခံရ၍ အောက်စ်ဖို့ဒ် တက္ကသိုလ် စိန့်ကက်သရင်း ကျောင်း တွင် သက္ကတ၊ တိဘက်၊ အထွေထွေ ဘာသာဗေဒပညာရပ်များ ဆည်းပူး ပြီး B.Litt ဘီလစ် (စာပေဝိဇ္ဇာ) ဘွဲ့ ရသည်။ ဦးလှဘေ (ဒေါက်တာ လှဘေ) သည်လည်း ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ် ဆောင်ရွက်စဉ် ပညာတော်သင်အဖြစ် အရွေးခံရ၍ လန်ဒန်တက္ကသိုလ် ပညာရေးသိပ္ပံ ကျောင်းမှ ပညာရေးဒီပလိုမာဘွဲ့ရပြီး အရှေ့တိုင်းပညာ လေ့လာရေး ကျောင်း (နောင်တွင် အရှေ့တိုင်းနှင့် အာဖရိကပညာ လေ့လာရေး ကျောင်း) တွင် ဆက်လက်ပညာ ဆည်းပူးရာ ပီအိပ်ခ်ျဒီ (ပါရဂူ) ဘွဲ့ရသည်။ ထိုပုဂ္ဂိုလ်များသည် မြန်မာစာပညာရှင်များအဖြစ် ထူး ချွန်သည့်အတွက် ပညာရေးခရီး လမ်းတွင် အောင်မြင်မှုများ ဆက် လက် ရရှိခြင်းဖြစ်သည်။

ဆရာကြီး ဦးဖေမောင်တင် သည် ထိုခေတ်ကထင်ရှားသော မဂ္ဂဇင်းများဖြစ်သည့် ဂနÄလောက မဂ္ဂဇင်း၊ တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း၊ ကျောင်းသားသမဂ္ဂ မဂ္ဂဇင်း တို့တွင် ဝတÄုများ၊ ကဗျာများ ရေးဖွဲ့ ကာ ကလောင်သွေးနေကြသော တပည့်များကို “ခေတ်စမ်းစာပေ” လှုပ်ရှားမှုဖြင့် မြေတောင်မြှောက် ပေးခဲ့သည်။ ထိုတပည့်များ၏ စာများကို စုစည်း၍ “ခေတ်စမ်းပုံပြင်များ နှင့် ခေတ်စမ်းကဗျာများ” ဟူသော စာအုပ်နှစ်အုပ်ကို ထုတ်ဝေခြင်းဖြင့် ထိုစာများသည် မြန်မာ စာပေလောကတွင် ရှေးကပေါ်ပေါက်ခဲ့သော စာများနှင့် လမ်းခွဲထွက်လာသော စာသစ်ပေသစ်များအဖြစ် ထင်ရှားလာရသည်။ တက္ကသိုလ် ပရိဝုဏ်အတွင်းရှိ စာရေးဆရာများ ကို အကြောင်းပြု၍ ရန်ကုန် တက္ကသိုလ်နှင့် ပြင်ပစာပေလောက တို့၏ ဆက်သွယ်ရေးလမ်းကြောင်းသည် ပို၍ချောမွေ့လာရသည်။

ဆရာကြီး ဦးဖေမောင်တင် သည် မြန်မာဘာသာစကားနှင့် မြန်မာစာပေဆိုင်ရာ ဆောင်းပါးများ၊ သုတေသနစာတမ်းများ၊ ကျမ်းများ ကို အများအပြားရေးသားခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်အတွဲ- ၁၊ အပိုင်း- ၁ တွင် ပါဝင်သော Missionary Burmese ဆောင်းပါးက အစပြု၍ ထိုဂျာနယ် တွင် ဆောင်းပါးများ အဆက်မပြတ် ရေးသားသည်။ မြန်မာဘာသာစကား နှင့် မြန်မာစာပေ လေ့လာသုံးသပ် ချက်များ၊ စာအုပ်ဝေဖန်ချက်များ လည်း ပါဝင်သည်။ အခြေခံအဖြစ် သူငယ်တန်းမှစ၍ မြန်မာဖတ်စာ များကိုလည်း အတန်းအဆင့်ဆင့် အတွက် ရေးသားသည်။ နောက်ပိုင်း တွင် မြန်မာသဒ္ဒါကျမ်းများလည်း ပြုစုသည်။ ဤသို့ဖြင့် မြန်မာစာ အခြေခံခိုင်မာအောင် အခြေချပေး ခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ဆရာကြီး ဦးဖေမောင်တင်ကိုအစိုးရက ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်သည်။ ဆရာကြီး ရာထူးတိုး မြင့်သွားသောအခါ အရှေ့တိုင်း ပညာဌာနတွင် ပါဠိဘာသာအပိုင်း ကို ပါမောက္ခဆရာကြီး ကာဆင် က အုပ်ချုပ်၍ မြန်မာစာအပိုင်းကို ဆရာကြီး ဦးဧမောင်က အုပ်ချုပ် သည်။ ၁၉၄၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာစာဌာနသည် သီးခြားဌာနဖြစ်လာသောအခါ ဆရာ ကြီး ဦးဧမောင်သည် အရှေ့တိုင်း ပညာဌာန လက်ထောက်ကထိက အဖြစ်မှ မြန်မာစာဌာန ကထိက ဌာနမှူးအဖြစ် ရာထူးတိုးမြှင့် ထမ်း ဆောင်ရသည်။ အရှေ့တိုင်းပညာ ဌာနကိုလည်း ဆရာကြီး ကာဆင် က သီးခြားအုပ်ချုပ်ရသည်။ ဤသို့ဖြင့် တက္ကသိုလ်တွင် မြန်မာစာ နေရာမှန်ရောက်ရန် အနှစ် ၂ဝ မျှ ကြိုးပမ်းရသော ရလဒ် အဖြစ် မြန်မာစာဌာနသည် သီးခြား ဌာနအဖြစ် ရန်ကုန်တက္ကသိုလ်တွင် တင့်တင့်တယ်တယ် ပေါ်ပေါက်လာရ ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071