“မြန်မာပေါကားတွေရပ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ဟာသ သရုပ်ဆောင်ခင်လှိုင်က ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းကို တရားစွဲဆိုသွားမယ့် သရုပ် ဆောင်ခင်လှိုင်အဖြစ် သရုပ်ဆောင် နေတာဖြစ်ပါတယ်။ တရားစွဲဖို့ ဖြစ် လာတာကလည်း ဇာတ်ဝင်ခန်းရဲ့ ဇာတ်လမ်းအရ သရုပ်ဆောင်ခင်လှိုင်က သူရဲ့သားဖြစ်သူရဲ့ ရုပ်ရှင်ဇာတ် ကားကို အိမ်တွေဘာတွေပေါင်နှံပြီး တော့ ရိုက်ကူးပြီးစီးကာမှ ဆင်ဆာ ဖြတ်တောက်ခြင်းခံလာရတဲ့အခါမှာ တော့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း ထင်ပြီးတော့ သွားရောက်ရန်တွေ့တဲ့ ပုံစံမျိုး ဖြစ်ပြီး တကယ်တော့ဆင်ဆာကိစ္စ ဟာ ဦးလူမင်းနဲ့ မဆိုင်ကြောင်းကို မသိလို့သွားရောက် ရန်တွေ့တဲ့ပုံစံမျိုး ဖြစ်တယ်လို့ခင်လှိုင်က ပြောပြပေးပါတယ်။
“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် ခင်လှိုင်အဖြစ်ပဲ နာမည်အရင်းကို သုံးထားခဲ့ပြီး အရင်တုန်းက ရိုက်ကူးခဲ့ဖူး တဲ့ ဇာတ်ကားတွေ ထဲမှာလည်း ခင် လှိုင်ဆိုတဲ့နာမည်အရင်းကို အသုံးပြု ခဲ့ဖူးပေမယ့် သိပ်ပြီးတော့ မသက်ဆိုင်သလို ခံစားခဲ့ရကြောင်းလည်း ဆိုပါတယ်။
” ဒီဇာတ်ကားထဲမှာတော့ အပြင်က ခင်လှိုင်အတိုင်းပဲ ကိုယ့်ရဲ့ မိသားစုပါတယ်။ ကိုယ့်မိန်းမရယ်။ ကလေးတွေရယ်၊ ချွေးမ၊ မြေးမလေးတွေအဆုံး ဒီဇာတ်ကားထဲမှာပါတယ်။ မိသားစု အကုန်လုံးကလည်း နာမည်အရင်းတွေချည်းပဲပေါ့။ ကိုအရိုင်းတို့လည်း ဒီလိုပါပဲ။ ကိုကျော်ထူးလည်းအပြင်က အတိုင်းပါပဲ။ ပြေတီဦးလည်းအပြင်က အတိုင်းပဲ။ ရုပ်ရှင်ဥက္ကဋ္ဌကလည်း ကိုလူမင်းပါပဲ” လို့ ပြောပြပေးပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲကို တက်ဖြစ်၊ မတက်ဖြစ် မသေချာသေး ပေမယ့်လည်း သူနဲ့တွဲဖော်တွဲဖက် တွေ ဖြစ်တဲ့မြင့်မြတ်နဲ့ထွန်းထွန်းတို့ကို အကယ်ဒမီရစေချင်တယ်လို့ သူ့ရဲ့ဆန္ဒကိုပြောပြပါတယ်။
” ညီလေး မြင့်မြတ်ကို ရစေချင်တယ်။ ရမယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ရခြင်း၊ မရခြင်းဆိုတာကတော့ ဘယ်လိုမှ မမြင်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ ညီလေး ထွန်းထွန်းကိုလည်း ရစေချင်တယ်။ “ခိုးဆိုးလုနှိုက်” ဇာတ်ကားမှာဆိုရင် ၄ ယောက်လုံး အတူတူလုပ်ကြတယ်ဆိုပေမဲ့ သူတို့နေရာလေးတွေကို အစ်ကိုကတော့ ပိုကြိုက်တယ်။ အကယ်ဒမီ ရလည်းရစေချင်တယ်။ သူတို့နှစ်ယောက်ကို။ ကျွန်တော်ကတော့ အကယ်ဒမီတက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး” လို့ ပြောပြပေးခဲ့ပါတယ်။
ထက်လူ
ဓာတ်ပုံ-မင်းမင်းထွန်း