ပရိသတ်ကြိုက်ပြီးသား သီချင်းတွေကို ပုံစံတစ်မျိုးနဲ့ ခံစားနားဆင်ရမယ့် အဆိုတော် ဖြူဖြူကျော်သိန်းရဲ့Remix 2019 သီချင်းခွေက မကြာခင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီခွေကတော့ သူ့ရဲ့ ရှစ်ခွေမြောက် ထွက်ရှိခြင်းဖြစ်ပြီး ပရိသတ်ကြိုက် ပြီးသားသီချင်းတွေကို မြူးမြူးကြွကြွ ပုံစံတစ်မျိုးနဲ့ ပြောင်းလဲသီဆိုထား ခြင်းလည်း ဖြစ်ပါတယ်။ ဒီတေးစီးရီးနဲ့ပတ်သက်ပြီး…
“သင်္ကြန်သီချင်းခွေတော့ မဟုတ်ပေမယ့် သင်္ကြန်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ကိုရွှေဂျော်ဂျော်ရဲ့ ဝါတာပါတီ ရေပါတီ သီချင်းကို ပြန်တီးပြီးတော့ ထည့်ထားတယ်။သင်္ကြန်အမီထွက်လာတဲ့ အခွေဖြစ်တဲ့ အတွက် ဖြူဖြူရဲ့ သီချင်းဟောင်း သီချင်းကောင်းတွေနဲ့ ဒွန့်ချင်တဲ့ ပရိသတ်တွေအတွက် အရမ်း အဆင်ပြေမယ့် အခွေလေးပါ။ ဒီခွေလေးကတော့ တိုးတိုးတိတ် တိတ် ဖြူဖြူတို့ မောင်နှမတွေလုပ် ခဲ့ကြတာပေါ့။ ခုထွက်တော့မယ်ဆို တော့မှ ပရိသတ်တွေကို ကြေညာလိုက် တာပါ။ အမှန်တော့ ဒီခေတ်ဒီခါမှာ ခွေ တစ်ခွေထွက်ဖို့ဆိုတာ အားလုံးသိတဲ့အတိုင်း မလွယ် ပါဘူး။ DJ သော်သော် ကိုသော်က ဖြူဖြူကို အကြံ ဥာဏ်တွေလည်းပေးတယ်။ အားလုံးဝိုင်းလို့တိုင် ပင်ပြီးလုပ်ထားတဲ့ ခွေလေးလည်း ဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ဒီသီချင်းခွေကိုတော့ မတ်လ ၁၆ ရက်နေ့မှာ မြန်မာတစ်နိုင်လုံးမှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ပရိသတ်ကြိုက်ပြီးသား သီချင်းတွေ ကို Version ပြောင်းပြီး ပြန်ဆိုဖြစ်တဲ့အကြောင်း ကိုလည်း …
“ဒီခွေကတော့ သီချင်းခြောက် ပုဒ်ဘဲရွေးပြီးတော့ Mini Album အနေနဲ့တင် ဆက်တာဖြစ်ပါတယ်။ ပါဝင်တဲ့သီချင်းတွေ ကတော့ အရှုံးထက်ပိုသော၊ လှည်းစားလိုက်စတဲ့ ပရိသတ်ကြိုက်ပြီးသွားသီချင်းတွေပေါ့။ ဘာလို့ ဒီသီချင်းတွေထည့်ဖြစ်လည်း ဆိုရင် ပြီးခဲ့တဲ့နှစ်အတွင်း Music Festival တွေမှာ Version ပြောင်းပြီး ပုံစံသစ်နဲ့ဖျော်ဖြေဖြစ်တယ်။ အဲ့လိုလုပ်ဖြစ်တဲ့အခါ ကျတော့ ပရိသတ်တွေကလည်း အရမ်းအားပေးကြ တယ်။ ပြီးတော့ ဒီလို Version သစ်နဲ့ သီချင်းတွေကို ဘယ်မှာဒေါင်းရမလဲ ဘယ်လိုဝယ်ရမလဲလို့ မေးကြ တယ်။ အဲ့တုန်းကတည်းက လုပ်ချင်ခဲ့တာပါ။ ခုမှ ထွက်ဖြစ်တာပါ”လို့လည်း ပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင်
ဓာတ်ပုံ – မင်းမင်းထွန်း