Tuesday, May 5, 2026

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...
HomeMoviesပြန့်ကျဲနေတဲ့ ကမ္ဘာထဲ

ပြန့်ကျဲနေတဲ့ ကမ္ဘာထဲ

ယင်ကောင်ဆိုတာ ရွံစရာတွေကြား ပျော်နေတာ
မနေ့ကဆိုတာ အိပ်မက်ဆန်လွန်းတဲ့အရာ
ဘာမှ နှစ်ခါထပ်မရဘူး

ရခဲ့လည်း မတူနိုင်တော့ဘူးဆိုတော့
မနက်ဖြန်ကို ရောက်တိုင်း ဘုရားရှင်ကို ကျေးဇူးတင်နေရ
ရယ်စရာရလို့ ရယ်တိုင်း စိတ်ထဲက အမြဲမပါတော့ဘူး
ခေတ်ကြောင့် လူတွေကြောင့် အငြင်းပွားမှုတွေ ပိုများလာ
ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးလည်း ချစ်ခိုက်မှာတောင် ဆွေးစပြုနေ
မမြင်ဖူးတဲ့ နိဗ္ဗာန်ကို ခင်ဗျားတို့ လိုချင်သလိုမျိုး
အဲဒီထက်ပိုတဲ့ လိုအပ်ချက်မျိုးနဲ့

ငြိမ်းချမ်းရေးကို ကျွန်တော်တို့ လိုအပ်ခဲ့တာ
ရတာ၊ မရတာ အသာထားဦး
မျှော်တော်ယောင်ဘဝဆိုတာလည်း သေမှကျွတ်မယ့် ဝဋ်နာကံနာတစ်မျိုးပဲ
အထွတ်အထိပ်ရောက်ဖို့ ကြိုးစားရင်း
နောက်ပြန်ပြုတ်ကျနေတာ ခေတ်လား လူတွေလား
တဖြည်းဖြည်းနဲ့ ကမ္ဘာကြီးလည်း လည်ပတ်နှုန်းတွေ နှေးသွားပြီလား
အခြေအနေအရ
ကိုယ့်စိတ်ဟာ ဘုရားတနေပြီး
ကိုယ့်လက်ဟာ အကုသိုလ်သီးတွေဆီ လှမ်းနေ
ပျော်စရာရှိရင် အများနည်းတူပျော်ပြီး
ဝမ်းနည်းစရာရှိရင် ဖွဲမီးလိုလောင်ပြီး
နေတတ်တာကလည်း

ကိုယ်ကပဲ တရားမဲ့တာလား ဘဝပေး ကုသိုလ်ပဲလား
ငါစဉ်းစားနေတဲ့အကြောင်း ပြန်စဉ်းစား နေရတာနဲ့
နှစ်တွေဟာ ဆွေးမြေ့ပျောက်ဆုံးကုန်ခဲ့ရ
ပျော်ခဲ့ကြဖူးလားဆို ပျော်ခဲ့ကြဖူးပါရဲ့
ငိုခဲ့ကြဖူးလားဆို ငိုခဲ့ကြဖူးပါရဲ့
အားလုံးဟာ ဓမ္မတာကြောင့်ချည်းပဲ
အဲ့ဒီလို လွှဲချလို့ ရခဲ့သော်ငြားလည်း
လျှောက်ရမယ့်လမ်းနဲ့ လှမ်းနေဆဲ ခြေထောက်ဟာ
အခုထိ ထပ်တူမကျသေး။

ငြိမ်းသွေး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071