Saturday, June 27, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeMoviesပြန်လည်ပြုပြင်မွမ်းမံနေသည့် ရုပ်ရှင်သမိုင်းပြတိုက်အား အမှုဆောင်သစ်လက်ထက်တွင်...

ပြန်လည်ပြုပြင်မွမ်းမံနေသည့် ရုပ်ရှင်သမိုင်းပြတိုက်အား အမှုဆောင်သစ်လက်ထက်တွင် ဖွင့်လှစ်မည်

Yoke-Shin-2

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာရှိတဲ့ ရုပ်ရှင်သမိုင်းပြတိုက်ကို လက်ရှိအချိန်မှာ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ လက်ရှိ အမှု ဆောင် သက်တမ်းအတွင်းမှာတော့ အဆောက်အအုံ ကြံ့ခိုင်အောင် အထိပဲ ပြုလုပ်နိုင်လိမ့်မယ်လို့ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးအေးကြူလေးက ပြောပြီး နောက်ထပ်အမှုဆောင်သစ် လက်ထက်မှပဲ ဖွင့်လှစ်နိုင်လိမ့်မယ်လို့ သိရှိရပါတယ်။

“၁၉၉၈ခုနှစ်ကနေ အခု ၂ဝ၁၇ ခုနှစ်ဆိုတော့ ၁၉နှစ်ရှိသွားပြီဆိုတော့ တစ်ကြိမ်မှမပြင်ဆင်ရသေးဘူး။ အထဲက ပန်းချီကားတွေလည်းဆွေး၊ ဓာတ်ပုံ တွေလည်း ကျဆိုတော့ ဒါကြီးက ပြင်သင့်တယ်ဆိုပြီးတော့ ပြင်လိုက်တာပါ။ အခုလောလောဆယ်တော့ အဆောက်အအုံကို ကြံ့ခိုင်အောင် လုပ်ရတာပေါ့။ အဆောက်အအုံ ကလည်း ကြာလှပြီလေ။ ဒီအဆောက်အအုံက ၁၉၄၆ခုနှစ် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးစတင်တည်ထောင်ကတည်းက ရှိနေတာ။ ခြံကိုဝယ်လိုက်တဲ့အချိန်မှာ ဒီအ ဆောက်အအုံကြီးက ပါလာတာ။ အဆောက်အအုံကို ကြံ့ခိုင်အောင် လုပ်ပြီးသွားရင် ရုပ်ရှင်ပြတိုက် လုပ်တုန်းက ပညာရှင်တွေရှိတယ်။ တချို့လူတွေက ကွယ်လွန်သွားပြီ ဆိုပေမယ့် တချို့ လူတွေကရှိသေးတယ်။ အဲဒီလူကြီးတွေနဲ့ ပြန်တိုင်ပင် ပြီးတော့ ကျွန်တော်တို့ ဒီအဆောက် အအုံကိုဖွင့်လှစ်ရမှာပေါ့” လို့ ဦးအေးကြူ လေးက ပြောပါတယ်။

ရုပ်ရှင်သမိုင်းပြတိုက် စတင်ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး လည်း ဦးအေးကြူလေးက
“မြန်မာ့ရုပ်ရှင်က ၁၉၂ဝခုနှစ်၊ အောက်တိုဘာလ ၁၃ရက်ကစတာ။’ မေတ္တာနဲ့ သူရာ’ ကစတယ်လို့ သတ်မှတ်လိုက်တော့ ၁၉၉၅ခုနှစ် ကျတော့ ရုပ်ရှင်ရဲ့ စိန်ရတုသဘင် ဖြစ်နေတယ်။ စိန်ရတု သဘင်လုပ်တော့ ကျွန်တော်တို့ က ကြေညာလိုက်တယ်။ အနယ်နယ်၊ အရပ်ရပ် မှာရှိတဲ့ ရုပ်ရှင်ချစ်သူတွေ မှာ ကြော်ငြာပိုစတာတွေ၊ ရုပ်ရှင်ပစ္စည်းတွေ၊ ဓာတ်ပုံတွေ ရှိလို့ရှိရင်လည်း လှူကြပါဆိုပြီးကြေညာလိုက်တော့ တစ်တိုင်းပြည်လုံးက ဝိုင်းပြီး လှူကြတယ်။ ပစ္စည်းတွေက တော်တော်များများ စုံစုံလင်လင်ရလာတယ်။ ရလာတဲ့အခါကျ တော့တပ်မတော်ခန်းမမှာ ရုပ်ရှင်ပြပွဲလုပ်တော့ အခန်းလေးတွေနဲ့ ဒါက ၁၉၂ဝ ခုနှစ်ကနေ ၁၉၄၅ ခုနှစ် ငွေရတုကာလမှာဒီလိုရှိတယ်၊ ရွှေရတုကာ လမှာ ဒီလိုရှိတယ်”လို့ မြန်မာ့ရုပ်ရှင်သမိုင်းဖော်ညွှန်းဆိုခွင့်ရှိခဲ့တာပေါ့။ အဲဒီ မှာ လူကြီးတွေက မင်းတို့ ဒီလိုပြပြီး ပစ်လိုက်လို့ရှိရင် သမိုင်းဝင်ပစ္စည်းတွေက ပျောက်ပျက်သွားလိမ့်မယ်။ အဲဒီတော့ ဒါလေးကို ပြတိုက်တစ်ခုလုပ်ထား လိုက်လို့ရှိရင်ကောင်းလိမ့်မယ် ဖြစ်သလို နောက်လူတွေ အတွက် ပြတိုက်ထား လိုက်လို့ရှိရင် အဆင်ပြေသွားလိမ့်မယ်ဆိုပြီး ၁၉၉၅ ခုနှစ် စိန်ရတုပြီးတဲ့ကာလ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလမှာဖွင့်လှစ်ခဲ့ တယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071