Monday, February 2, 2026

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ်...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော...

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို...
HomePoemငြိမ်းချမ်းလိုသောသဘောရှိသည်

ငြိမ်းချမ်းလိုသောသဘောရှိသည်

လာကဓံရဲ့ အစွန်အဖျားကြားက
ဝဲယာ နံတောင်းတွေ ပြောင်းလဲမိတိုင်း
ဒီ ငြိမ်းချမ်းရေးဆိုတဲ့စကားက
သူ ငါ မကြာမကြာ လျှာ ခလုတ်တိုက်မိ။

သလုံးမြင်းခေါင်း စွမ်းအားတွေနဲ့
ဒီလမ်းကြောင်းကြီး လျှောက်ဖို့
ခြေလှမ်းတွေက တပြင်ပြင်
ဘယ်တော့ပန်းဝင်မှာလဲ။

ယုံကြည်ချက်နဲ့ တာထွက်နေရပေမယ့်
ဟောဒီ မနက်တွေက ကစဥ့်ကလျားနဲ့
စိတ်ပိန်အောင်ခံစားရင်း
နာကျင်မှုတွေ အန်ချနေရဆဲ။

အဲဒီ ရေဆန်လေဆန် ပုံရိပ်တွေက
မိုးသားတိမ်လိပ်တွေလို
အပြောင်းအလဲမြန်ပြီး
ငါတို့ရင်ကို တစ်စစီ ထိမှန်လို့
တစ်သီးတခြား ဆန်လွန်းနေတယ်။

”ငါ့ မနက်ဖြန် ပွင့်ဖို့အတွက်
ဒီနေ့ ဖူးရလိမ့်မယ်” ဆိုတဲ့
အဲဒီမျှော်လင့်ချက်တွေက ဖော်စပ်မိတိုင်း
ဒီရင်ဘတ် ကွက်လပ်ကြီးက
ပွင့်ပွင့်လင်းလင်းကြီးကို
အိပ်မက်တွေရှည်လို့
အဲဒီငြိမ်းချမ်းရေး ပုံပြင်တွေကိုပဲ
နားထောင်လို့ ကောင်းနေခဲ့သလို
သူတို့ ငါတို့ ပါးစပ်ဖျားမှာ
နော မကျေနိုင်အောင် ရေပန်းစားလို့
ကဗျာတွေ စာတွေ ခမ်းနားနေဆဲပါပဲ။

အထဝါစိုး (မန္တလေး)

Ads Space Available


Continue reading

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်မည်

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။ ငလျင်ကာလအလွန် တည်ဆောက်ရေးနှင့် ပြန်လည်ပြု ပြင်ရေးလုပ်ငန်းများတွင် PE/RSE များ၏ အခန်းကဏ္ဍမှာပိုမိုအရေးပါလာရာ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အင်ဂျင်နီယာများ ကျင့်ဝတ်လိုက်နာမှုအားနည်းချက်များအားပြင်ဆင်နိုင်စေရေးနှင့် RSE လက်မှတ်ရ အင်ဂျင်နီယာများအား လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရေးတို့အတွက် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအား လာမည့် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၁...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မင်းကင်းမြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့်အကွာ၊ အနက် (၃၂) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၃ ဒသမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၁၁ နှစ်တာကာလအတွင် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ် (၂၅၄,၁၀၀) ကျော် ပျ-က်ဆီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နေအိမ်အများအပြား ပျ-က်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ ၈ နှစ်တာကာလအတွင်း နေအိမ်ပေါင်း(၈၆,၀၀၀) ကျော်ကို လေပြင်းဒ-ဏ်ခံနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071