Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeArticles့ပြုပြင်စရာအဆစ်အပိုင်းတွေကို အနုပညာ ခေတ်သမိုင်းတင်နိုင်ကြစေလို

့ပြုပြင်စရာအဆစ်အပိုင်းတွေကို အနုပညာ ခေတ်သမိုင်းတင်နိုင်ကြစေလို

ခေတ်တိုင်းခေတ်တိုင်းမှာ’ဥပဒေ’ ဆိုတဲ့ ပြဋ္ဌာန်းမှုရှိတယ်။ ဥပဒေတိုင်းဟာ ဖြစ်ပျက်စဉ်မှာ အ ကြောင်းတရားအတွက် အဂတိမဲ့ အမှန်တရားခံဖြစ်စေမှုနဲ့ ဥပဒေဂုဏ် သိက္ခာရှိစေခြင်းအတွက် အက္ခရာတင် ကမ္ပည်းနှင့် သင်္ချာကိန်းဂဏန်းများ ဖြစ်တယ်။ တချို့ကကမ္ပည်းနဲ့ ကိန်း ဂဏန်းတို့ကို လူဆိုတဲ့လူတွေက လေး စားကြသူရှိသလို၊ မလေးစားတဲ့လူ တွေရှိတယ်။ တချို့က ရိုသေလေးစား သင့်တဲ့ ကမ္ပည်းနဲ့ ကိန်းဂဏန်းကို၊ သိက္ခာကို၊ ရိက္ခာအလုပ်ထဲထည့်ထုပ် ပြီးကြေမွသွား စေသူတွေလည်းရှိ တယ်။ အဲဒီလိုရှိနေတတ်တဲ့၊ လူနဲ့ လူ့ပတ်ဝန်းကျင်ထဲက ဖြစ်တတ်မှု၊ ဖြစ်နေဆဲပုံရိပ်ပြ၊ နေရယ်လရယ် အ မှန်တရားရယ် ဇာတ်လမ်းတွဲလေးကို ကြည့်ရှုဖြစ်နေတယ်။ ကြည့်ရှုဖြစ်ရ ခြင်းက လူမှုအဆောက်အအုံထဲက မသိ သူ၊ နားမလည်သူ၊ ကောက်ကျစ်စဉ်း လဲသူ၊ အဂတိဆေးဝါးမှီဝဲကာ က မ္ပည်းနှင့် ကိန်းဂဏန်းတို့ကို အချိုး အစားယွင်းယိုအခြေပျက်စေသူစတဲ့ လူ့ဘုံဘဝထဲက မြေမြင်အခြေအနေ တို့ကို ဇာတ်လမ်းဖွဲ့စည်း ရိုက်ကူးထား ခြင်းဖြစ်လို့ လူတွေသိသင့်သော၊ ကြည့်ရှုသင့်သော ဗီဒီယိုဇာတ်လမ်းတွဲ ပါလားဆိုတဲ့အသိနဲ့ကြည့်ရှုဖြစ်နေ ခြင်းဖြစ်တယ်။

ပြောရရင် ရုပ်ရှင်ဟာ ပြည်သူ့ အတွက် ဖြစ်သင့်ပါတယ်။ ပြည်သူ ဟာ ရုပ်ရှင်အတွက် မဖြစ်သင့်ပါဘူး။ အခု ပြည်သူသဘောကျတဲ့ ဈေး ကွက်ဝင် မင်းသားကို ခေါင်ညွှန့်ထိုး ပြပြီး ခိုင်ခံ့မှုမရှိတဲ့ ကြိုးအဆွေးနဲ့ စုချည်ထားတဲ့ ပန်းစည်းတစ်စည်းလို ပဲ ဇာတ်လမ်းတွေက ကျစ်လျစ်မှုမရှိ တာများတယ်။ အဲဒါဟာ အောင်မြင် ပြီး ဈေးကွက်ဝင် မင်းသားနဲ့ပရိသတ် ဖြစ်တဲ့ ပြည်သူများအားပေးခြင်းကို အခွင့်အရေးယူပြီး ပြည်သူချစ် မင်း သားပါရင် ပိုက်ဆံရမှာပဲဆိုတဲ့ ပြယုဂ် ကောင်းနဲ့ ပေါ့ပေါ့တန်တန် လုပ်တတ် ခြင်းဟာ ပြည်သူရဲ့ဝါသနာကို ရုပ်ရှင် အတွက်ဖြစ်နေခြင်းပါပဲ။ အဲဒါမျိုးတွေ များလာခြင်းနဲ့အမျှ ပြည်သူဟာ ရုပ်ရှင်ကြည့်ရှုခြင်းကို ဝါသနာထုံမှုနဲ့ အတူ ခပ်ပေါ့ပြက်ပြက်ကားကြည့် ရှုကြရင်း၊ တရားဥပဒေဆိုတာ အမှန် တရားအတွက် ဖြစ်တည်ထားတဲ့ လူ သားလောကကောင်းဖို့ ယန္တရားတစ် ခုအဖြစ်၊ နောက်မကောင်းမှုထူ ပြောသူတွေကို လူသားလောကသန့် ရှင်းဖို့၊ စည်းရိုးဘောင်နဲ့ ထိန်းချုပ် နိုင်ခြင်းကိရိယာပါလားလို့လည်း မသိကြတော့ မကောင်းမှုကြီးစိုးခြင်း ကို၊ အကြောက်တရားနဲ့ မျက်လွှာ ချနေတတ်ခြင်းတွေဖြစ်စေတယ်။ အခု’နေရယ်လရယ် အမှန်တရား ရယ်’ဇာတ်လမ်းတွဲဟာ ဥပဒေပညာ ရှင်တစ်ယောက်ရဲ့ အမှန်တရား အတွက် ရဲရင့်ခြင်း၊ ရင်ဆိုင်ခြင်း၊ အမှန်တရားကို ဖော်ထုတ်ပြီး နစ် နာသူ အဖိနှိပ်အနိုင်ကျင့်ခံရသူများ ဘက်ကရင်ဆိုင်ဖြေရှင်းခြင်း၊ တရား ဥပဒေကျွမ်းကျင်လိမ္မာမှုနဲ့ မတရား ခြင်းကို ဖော်ထုတ်အနိုင်ယူပုံတွေ ကိုကြည့်ရင်း၊ တရားဥပဒေဆိုတာ မတရားပြုမှုလိုသူများရဲ့ ရန်ကိုကာ ကွယ်ရေးပြဋ္ဌာန်းမှုဆိုတာကို အဲဒီ ဇာတ်လမ်းတွဲကိုကြည့်ရှုနေကြတဲ့ ပရိ သတ်များကို သိစေချင်တဲ့ပြယုဂ် ဖြစ်ခဲ့တယ်။ ဇာတ်လမ်းတွဲကို ကြည့် ရှုနေကြတဲ့ ပရိသတ်များအနေနှင့် လည်း နားလည်သဘောပေါက်ဖို့ လိုတယ်။ ဒီနေ့လို အဂတိတိုက်ဖျက် ရေးကာလနှင့် အံဝင်ခွင် ကျစေခြင်းပဲဖြစ်တယ်။

ကိုရီးယားဇာတ်လမ်းတွဲများထဲ က အမှုလိုက်ရှေ့နေဆိုတဲ့ အတိုင်း ကိုင်တွယ်ရတဲ့အမှုတစ်ခုကို မိမိ အမှုသည်ကို သိချင်တာမေးမြန်း သက်သေထွက်ဆိုချက်ပေါ်မှာ စဉ်း စားပြီး တရားရုံးမှာထုချေရုံ၊ လျှောက် လဲရုံမဟုတ်။ အမှုရဲ့အရင်းအမြစ်ကို ကိုယ်တိုင်စူးစမ်းခြင်း၊ လေ့လာခြင်း၊ ဒေသနှင့် ပတ်ဝန်းကျင်မှာ တိုးဝင် အကဲခတ်သုံးသပ်ခြင်းတို့က စစ်မှန် တဲ့အမှန်တရားကို ရှာဖွေတွေ့ရှိနိုင် ခြင်းပဲဖြစ်တာကြောင့် အမှုလိုက်တဲ့ တကယ့်အမှု လိုက်ရှေ့နေပီသခြင်း ကြောင့် ကိုရီးယားရဲ့ အယူအဆက အမှုလိုက်ရှေ့ နေလို့ ခေါ်ဝေါ်ခြင်းက မှန်တယ်လို့ ဆိုရပါမယ်။ အခု ရုပ်ရှင် မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်ရဲ့ ထုတ်လုပ်မှု နဲ့ ဒါရိုက်တာအောင်ကို လတ် ရိုက်ကူးတဲ့ ‘နေရယ်လရယ် အမှန်တရားရယ်’ဇာတ်လမ်းတွဲမှာ တကယ့်အမှုလိုက်ရှေ့နေမျိုးကို ဖွဲ့ စည်းထားတဲ့ ဇာတ်လမ်းမျိုးဖြစ်တယ်။ ပြီးတော့ ဥပဒေဆိုတာ လူတိုင်းလူ တိုင်းနားလည်ထား သင့်ခြင်း၊ အသင့်အတင့် လေ့လာသိရှိထားသင့်ခြင်း၊ အဲဒီလို နားလည်သိရှိထားခြင်းအတွက် ဖြစ် ပေါ်လာတဲ့ မတရားမှုအတွက် သိရှိ နေခြင်းနှင့်အတူ သိမှပြောရဲခြင်း၊ ပြောတတ်ခြင်းတို့ကို အသိပေးလိုတဲ့ သရုပ်သကန်ကို ပေါ်လွင်စေတယ်။ အများဆုံးတောနေလူတန်းစား၊ တောင်သူလယ်သမားတွေဟာ ရိုး သားစွာနေထိုင်ကြသူများဖြစ်တဲ့အ တွက် ရိုးသားသလို၊ စူးစမ်းလေ့လာ မှု၊ ဗဟုသုတပါနည်းပါးကြ လွန်း တော့ စီးပွားရေးသမားတွေက အခွင့် ကောင်းယူ၊ အနိုင်ကျင့်မှု၊ မတရား လယ်သိမ်း၊ မြေသိမ်းခြင်းတို့ခံကြရပုံ၊ ဘာမှမသိခြင်းအတွက် ဆင်းရဲမွဲတေ မှုကို အခွင့်ကောင်းယူပြီး ဝင်ငွေနှင့် အလုပ်အကြောင်းပြ၊ လူကုန်ကူးခံ ကြရပုံတို့ကို သရုပ်ပြခဲ့တာကြောင့် ပြည်သူများကြားက ဖြစ်ပျက်စဉ် ဇာတ်လမ်းတွဲတစ်ခုလို့ပြောရပါမယ်။ ဇာတ်လမ်းဆိုတာ ပြည်သူကြားဖြစ် ပျက်တတ်မှုကို တင်ပြနိုင်ခြင်းသာ၊ သဘာဝဗေဒမှန် အနုပညာဖြစ် တယ်။

တစ်နည်းပြောရရင် အနု ပညာဆိုတာ ပြည်သူ့အတွက်ဖြစ် စေခြင်း၊ စေတနာဖန်တီးမှုလို့ပြော ရမယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တို့ဟာ ပြည်သူ့နားမျက်စေ့ဖြစ်စေ သလို၊ ဗီဒီယို၊ ရုပ်ရှင်တို့လည်း ပြည် သူ့အတွက် အမြင်ကျယ်၊ အသြိ<ွကယ်၊ အနုပညာအမျိုးအစားအဖြစ် ထုတ် လုပ်သူ၊ ရိုက်ကူးသူ၊ သရုပ်ဆောင် ကြသူများကအစ နားလည်ခံယူ ထားသင့်ကြပါတယ်။ လုပ်ကြံဘဝ၊ လုပ်ကြံဟာသများနဲ့ ဈေးကွက်ဖွင့် စီးပွားရှာခဲ့ကြတဲ့ ကာလတွေကြာ လွန်းခဲ့ပါပြီ။ လူဆိုတာတစ်နေ့နဲ့ တစ်နေ့ မတူပြောင်းလဲမှုတွေနဲ့ ရှင် သန်နေကြသလို၊ ခေတ်ဆိုတာလည်း ပြောင်းလဲနေပါတယ်။ အယူအဆ ဟောင်းတွေ ပွေ့ပိုက်ပြီး ဖုန်တက်နေ တဲ့ အသိပညာ၊ အတတ်ပညာများနဲ့ လုပ်ကိုင်ကျင်လည်ခြင်းဟာ အခန်း ကျဉ်းလေးထဲမှာ သော့ခတ်ခံထားရ တဲ့ အနုပညာသည်မျိုးလို့ဆိုရပါ မယ်။ ဘဝဆိုတာ အနိမ့်အမြင့် အ ဆင့်အတန်းအမျိုးမျိုးလို့ သိရပါ မယ်။ အဲဒီမတူညီတဲ့ ဘဝတွေရဲ့ စိတ်ကိုသိရပါမယ်။ အကျင့်စရိုက်၊ ယဉ်ကျေးမှုကို သိရပါမယ်။ ဒါမှ ဇာတ်လမ်းရေး၊ ဝတÄုရေးကောင်းသူ တစ်ယောက်၊ ဒါရိုက်တာကောင်း တစ်ယောက်ဖြစ်လာမှာပါ။

ဒါကြောင့် ဇာတ်လမ်းရေးသူ တွေ (စာရေးဆရာရဲ့ ဝတ္တုကောင်း ကို ဝယ်ယူရိုက်ကူးမှုမရှိတဲ့ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားများ)၊ ဒါရိုက်တာတွေ မိမိကိုယ်တိုင် ရေး သားနေပုံ၊ ရိုက်ကူးနေပုံများကို စဉ်း စားသင့်ကြပြီလို့ ဆိုချင်မိတယ်။အခု လို ရေးသားခွင့်၊ ရိုက်ကူးခွင့်အချိန် ကာလကို ဇာတ်သမားပြန်ရင် မှတ် သားစရာ ကျန်ရမယ် ဆိုသလို မိမိ တို့ရဲ့ ပြုလုပ်ခဲ့မှု အနုပညာဟာ ပြော စမှတ် သမိုင်းကျန်ရစ်ကြဖို့လိုတာ ပေါ့နော်။ ကဲ အခုဆိုရင် စာရေးဆရာ တွေလည်း ခေတ်သမိုင်းတင်နိုင်ဖို့ ရေးနေကြပါပြီ။ ဒါရိုက်တာတွေလည်း ခေတ်သမိုင်းတင်ဖို့ ရိုက်ကူးသူ ရိုက် ကူးနေကြတာမို့ ခေတ်သမိုင်းမှာ ကျန်ရစ်ကြဖို့ ကြိုးစားကြပါလို့ ပြော လိုက်ပါရစေတော့ဗျာ။

အောင်ဟိဏ်း (ကျိုက်ထော်)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071