Tuesday, February 3, 2026

လှည်းကူးတွင် စက်ရုံဖယ်ရီနှင့် လိုင်းကားတိုက်မိပြီး လူ...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယနေ့ ဖေဖော်၀ါရီ (၃) ရက် ၊ နံနက်ပိုင်းက စက်ရုံဖယ်ရီနှင့် လိုင်းကားတို-က်မိပြီး (၄)ဦး အသက်ဆုံးကာ (၂၆)ဦး...

နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဌာန်း

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) ကို ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင်...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း...

တညင်းကုန်းလက်ကားဈေးကြီးရှိ ဆိုင်ခန်းများရောင်းချရန်နှင့် ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း...

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ Shop House ဆိုင်ခန်းအဆောက်အဦများရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း ၅၇ ခုတို့အတွက် တစ်နှစ်တာလုပ်ကိုင်ခွင့် တင်ဒါခေါ်ယူနေကြောင်း နိုင်ငံပိုင်သတင်းစာတွင်...
HomeNewsEntertainment Newsဟောင်ကောင်မှာ ဓာတ်ပုံဆုသွားယူမယ့် ဝဏ္ဏခွာနီး

ဟောင်ကောင်မှာ ဓာတ်ပုံဆုသွားယူမယ့် ဝဏ္ဏခွာနီး

နိုင်ငံတကာ ဓာတ်ပုံပညာရှင်များစွာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ AWPA International Photo Academy ရဲ့ ဓာတ်ပုံ ပြိုင်ပွဲမှာ ဆုများရရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဓာတ်ပုံပညာရှင်ဝဏ္ဏခွာနီးက ဇန်နဝါရီလ ၁၅ရက်နေ့မှာ ဟောင်ကောင်မှာ ဆုသွားယူမယ်လို့ သိရပါတယ်။

”ဒီပြိုင်ပွဲကို သိခဲ့တာက လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော် နိုင်ငံတကာသင်တန်းတွေ တက်ခဲ့တယ်။ တရုတ်ပြည်ကို စတက်ပြီး၊ ဂျပန်၊ ကိုရီးယားသင်တန်းတက်ပြီး နောက်ပိုင်းမှာမှ ဒီလိုအဖွဲ့အစည်းတွေ ရှိတာသိလာတယ်။ နိုင်ငံတကာကလူတွေ ဟောင်ကောင်ကလူတွေနဲ့ အပေါင်းအသင်းဖြစ်လာတယ်။ ပထမသူတို့ ဖေ့စ် ဘုတ်ခ် Page မှာ photo of the week လောက်ပဲ ဝင်ပြိုင်တယ်။ ယိုးဒယားကလုပ်တဲ့ ပြိုင်ပွဲမှာလည်း ဝင်ပြိုင်တယ်။ ကိုယ်ရိုက်တဲ့ဟာ ဘယ်အဆင့်ရှိလဲဆိုတာ သိအောင်လုပ်ကြည့်တာပါ။ လုပ်ကြည့်ရင်းနဲ့ ပထမအသုတ်မှာ ဝင်ပြိုင်ကြည့်လိုက် တာပါ။ member ဝင်ပြီးတော့ ဝင်ပြိုင်ကြည့်ရင်းနဲ့ သင်ဇာဝင့်ကျော်ပုံနဲ့ Portrait မှာExcellent Award ရတယ်။ အဲဒီတုန်းက ၅ပုံလောက် ဝင်ပြိုင်ဖြစ်တယ်။ မင်းပုံဘာကြောင့် ဆုမရတာလဲ။ ဘာကြောင့် အမှတ်လျော့တာလဲဆိုတာ ပါပြောတယ်။ အဲဒီတော့ ဒုတိယအသုတ်မှာပါ ဝင်ပြိုင်တယ်။ ကိုယ့် pre wedding ရိုက်တဲ့ အတွဲတွေကိုလည်း သူတို့ အကြိုက်ရော ကိုယ့်အကြိုက်ရော၊ ပြိုင်ပွဲအဆင့်ရောက်အောင် သေချာကြိုးစားရိုက်တယ်။ ဒီနှစ်ကတော့ ပုံ ၂၃ ပုံလောက် ဝင်ပြိုင်ကြည့်လိုက်တယ်။Landscape က ဒုတိယဆုရတယ်။ portrait က ၅ ပုံလောက် Excellent Award ရတယ်။ prewedding single ရတယ်။ couple ရတယ်။ Excellent ရတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာပြိုင်ပွဲတွေ ဆုရဖူးတဲ့ ဓာတ်ပုံဆရာတွေအများကြီး ရှိပါတယ်။ အခုပြိုင်ပွဲကတော့ တခြားလိုင်းနဲ့မတူဘူး။pre wedding သမားတွေ Group လိုဖြစ်နေတာပေါ့။” လို့ပြောပါတယ်။

P-060 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071