Saturday, June 13, 2026

နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို...

နိုင်ငံတော်အဆင့် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၁၃ ရက်က နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ တစ်ရက်တည်း/တစ်ချိန်တည်းစိုက်ပျိုးခဲ့ကြကြောင်း...

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂...

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...
HomeCelebrities' Newsဝေဖန်မှုတွေကို အကယ်ဒမီခိုင်သင်းကြည် ဘယ်လိုဖြေရှင်းမလဲ

ဝေဖန်မှုတွေကို အကယ်ဒမီခိုင်သင်းကြည် ဘယ်လိုဖြေရှင်းမလဲ

ဟာသဇာတ်ရုပ်တွေကို ပီပြင်စွာသရုပ်ဆောင်နိုင်မှုတို့ကြောင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ အောင်ပရိသတ်များရဲ့ အချစ်ကို ရရှိထားသူကတော့ သရုပ်ဆောင် ခိုင်သင်းကြည်ပါ။ သူက လက်ရှိမှာ ရုံတင်ပြသနေတဲ့ ‘စိန်ယောက်မ’ ဟာသရုပ်ရှင် ဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေတီဦး၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာစတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ခိုင်သင်းကြည်က အခုလို ပြောပြခဲ့ပါတယ်။

”ဒီရုပ်ရှင်ဇာတ်ကားကတော့ စိန်ယောက်မဆိုတဲ့အတိုင်း ယောက်မ သုံးယောက်ပတ်မွှေတဲ့ဇာတ်ပါ။ ပတ်မွှေတာကလည်း တော်တော်လေး ရယ်နေရပါ တယ်။ သူတို့က ကိုယ့်ကို အနိုင်ကျင့်တော့ ကိုယ်ကလည်း သူတို့ကို အနိုင်ကျင့်ရ တာပေါ့။ ကရတဲ့ အခန်းဆိုရင် သူတို့က ကိုယ့်ကို အနိုင်ကျင့်ထားတော့ ကိုယ်လည်း သူတို့ထက်သာအောင် ပညာပေးရမယ်ဆိုပြီး အသံကုန်အော်ပြီးတော့ ကလိုက် တာပေါ့။ အတူပါဝင်သရုပ်ဆောင်ရတဲ့သူတွေကလည်း မခိုင်ငယ်ငယ်လေး ကတည်းက လေးစားရတဲ့စီနီယာတွေပါ။ မမို့ဆိုလည်း ငယ်ငယ်လေးကတည်းက အရမ်းကို အားကျရတဲ့ မင်းသမီး။ မကြီးဆိုလည်း ခုနောက်ပိုင်း အလွန်တွဲဖြစ်ပြီး ညီ အစ်မလို ချစ်ကြတဲ့ မင်းသမီး။ တီတီ ဆိုတာလည်း မင်းသားထဲမှာ အလွန် ကို သဘောကောင်းတဲ့မင်းသား။ ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ်ချစ်တဲ့လူ တွေဖြစ်နေတော့ ရိုက်ကူးကြရတာလည်း သိပ်ပျော်စရာကောင်းပါတယ်။ ရိုက်ကူးတုန်းကလည်း အတူ ရယ်ကြ စားကြပြောကြနဲ့ ပျော်စရာကောင်းတယ်။ အခုပြန်ကြည့်တော့လည်း တော်တော် အားရပါတယ်။ ပါဝင်ထားတဲ့ ဇာတ်ကောင်စရိုက်ကတော့ မခိုင်မှာယောက်မသုံးယောက် ရှိတယ်။ ကိုခန့်ကအကြီးဆုံး။ သုံးယောက်စလုံးနဲ့လည်း အဆင်ပြေပါတယ်။ ယောက်မ သုံးယောက်မှာ အကြီးဆုံးနဲ့ အငယ်ဆုံးဆိုရင် သိပ်ချစ်ကြတယ်။ သူတို့က လည်း မခိုင်ဆိုအကုန်လုပ်ပေးတယ်။ ကိုယ်လည်း သူတို့အတွက်ဆို အကုန်လုပ်ပေး တယ်။ အဲဒီလိုမျိုးပါ” လို့ ပြောပြခဲ့ပါ တယ်။

‘စိန်ယောက်မ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ် ကောင်စရိုက်ပိုင်းနဲ့ပတ်သက်ပြီး ခိုင်သင်းကြည်အတွက် ဝေဖန်မှုတချို့လည်း ရှိနေပါတယ်။ အဆိုပါဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး …

”ဒီခေတ်ကြီးထဲမှာ ကိုယ့်ယောက်ျားနဲ့မှ အတူနေရတယ်လို့ ဘယ်သူ က ပြောလဲဆိုတဲ့ အပြောတွေ ဒါတွေကို ဇာတ်ကားထဲမှာ မခိုင်လေး မပြောသင့် ဘူးပေါ့။ ပြီးတော့ ကိုယ့်ထက်ကြီးတဲ့သူတွေကို ရိုက်တယ် နှက်တယ် ဆိုတာတွေကို တချို့ဝေဖန်တာတွေလည်းတွေ့ရပါတယ်။ အဲဒါက သူတို့ ဇာတ်ကားကို သေချာ မကြည့်ရသေးလို့ပါ။ အမှန်ကအဲဒီမှာ မခိုင်က ယောက်မအစစ်မဟုတ်ဘူး။ ကိုယ်နဲ့သဘောမတူတဲ့အခါကျတော့ နည်းနည်းပျက်စီးနေတဲ့ မိန်းကလေးဆိုရင် ပိုဆိုးတယ်ဆိုတာကို ပြတဲ့အနေနဲ့ ဒီအခန်းလေးကို ထည့်လိုက်တာပေါ့နော်။ အဲဒီအခန်းကတော့ မခိုင်ကပဲ နှစ်ကိုယ်ခွဲပြီး လုပ်ပေးလိုက်တာပါ။ ရိုက်တာတွေက လည်းတကယ်မရိုက်ပါဘူး။ အိုက်တင်တွေရော ကင်မရာရိုက်ချက်ပါ အလွန် ကောင်းသွားလို့ တကယ်ရိုက်တယ်လို့ ထင်ရတာပါ။ ဇာတ်ကား ရိုက်ကူးရင် ဘယ်သူ့ကိုမှ တကယ်မရိုက်နှက်ဖူးပါဘူး” လို့ ခိုင်သင်းကြည်ကပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071