Home Music လေးခွေမြောက် စီးရီးသစ်ကို လေးနှစ်အချိန်ယူခဲ့တဲ့ ရှင်ဖုန်း

လေးခွေမြောက် စီးရီးသစ်ကို လေးနှစ်အချိန်ယူခဲ့တဲ့ ရှင်ဖုန်း

0
388

shine bone

အဆိုတော်ရှင်ဖုန်းကသူမရဲ့လေးခွေမြောက်စီးရီးသစ်ကို လေးနှစ်ကြာ အချိန်ယူခဲ့ပြီး ဖေဖော်ဝါရီလ ၅ရက်နေ့မှာ စတင်ဖြန့်ချိတော့ မှာဖြစ်ပါတယ်။ မင်းနဲ့အတူတူလို့ အမည်ပေးထားတဲ့ရှင်ဖုန်းရဲ့စီးရီးသစ်မှာတော့ သီချင်း၁၂ပုဒ် ပါဝင်မှာ ဖြစ်ပြီး ဖြိုးပြည့်စုံ၊မိုးဈာန်၊ကျော်သီဟ၊ ရွှေရည်ဖြိုးမောင်တို့ကလည်း ပါဝင်အားဖြည့်သီဆိုထား ပါတယ်။ ရှင်ဖုန်းရဲ့ စီးရီးသစ်ကိုတော့ ခင်ပွန်းဖြစ်သူ ဥက္ကာဦးသာရဲ့ Plus 3 Band က တာဝန်ယူတီးခတ် ပေးတာဖြစ်ပြီးဥက္ကာဦးသာကပဲ Music Arrangement ကိုတာဝန်ယူစီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။

” ရှင်ဖုန်း စီးရီးသစ်မထွက်တာလည်း တော်တော်ကြာပါပြီ။ စီစဉ်နေတာလည်းတော်တော်ကြာပါပြီ။ အိမ် ထောင်မကျခင်ကတော့ ကိုဥက္ကာကရှင်ဖုန်းရဲ့ သီချင်းတွေအတွက်အချိန်ကို သပ်သပ်ပေး တယ်။ အိမ်ထောင်လည်းကျသွားတော့ လူရင်းတွေလည်း ဖြစ်သွားတော့ အေး ဆေးမှလုပ်မယ်လုပ်မယ်နဲ့ တော်တော် ကြာသွားပါတယ်။ ဒီစီးရီးထဲမှာ ရှင်ဖုန်းအရင်က ကြိုက်ခဲ့တဲ့ သီချင်း ဟောင်းလေး ၃ပုဒ်ကိုလည်း ပြန်ထည့် ထားပါတယ်။ ရှင်ဖုန်း လည်း စီးရီး သစ်မထွက်တာ ကြာပြီဆိုတော့ အသစ် တစ်ယောက်လိုပဲခံစားရပါတယ်။ ရှင်ဖုန်း ကို မေ့နေကြတဲ့ ပရိတ်သတ်တွေလည်းရှိမှာပါ။အသစ်တစ်ယောက်လို နားဆင်ခံစားပေးကြစေချင်ပါ တယ်ရှင်” လို့ ရှင်ဖုန်းက သူ့ရဲ့စီးရီးသစ်နဲ့ပတ်သက်ပြီး ပြောပါတယ်။

ရှင်ဖုန်းက “မင်းနဲ့အတူတူ” စီးရီးထွက်ရှိမယ့် ဖေဖော်ဝါရီလ ၅ရက်နေ့မှာတော့ လှည်းတန်းစင်တာမှာ ညနေ ၄နာရီမှ ၇နာရီအထိ အနုပညာမောင်နှမများနဲ့အတူ ပရိသတ်များကို အမှတ်တရလက်မှတ်ရေးထိုးသီဆို ဖျော်ဖြေပေးသွားဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဂီတသက် တမ်း၁၄နှစ်ရှိခဲ့ပြီဖြစ်တဲ့ ရှင်ဖုန်းက အလိုအပ်ဆုံးအရာ၊ ရင်ခုန်မိသူ၊ ကြင်နာသူကမ်းတဲ့ လက်စတဲ့ တေးစီးရီး ၃ ခွေကိုလည်း ထွက်ရှိထားနိုင်ခဲ့သူဖြစ်ပြီး သူမရဲ့ တယ်လီဖုန်းလေး သီချင်းကလည်း အလွန်အောင် မြင်ကျော် ကြားခဲ့တဲ့သီချင်း ဖြစ်ပါတယ်။

ရဲရဲ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here