Thursday, May 7, 2026

ချောင်းမငယ်ဆည်မှ နေပြည်တော်သို့ တစ်ရက် ရေဂါလန်...

ချောင်းမငယ်ဆည် ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံးရေ ဂါလန် ၉၄ သိန်း ပေးဝေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ချောင်းမငယ်ဆည်ရေသောက်ဧရိယာအတွင်း...

ရွေးကောက်ပွဲသည် သန့်ရှင်းပြီး သိက္ခာရှိသော အောင်မြင်သည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့အတွင်း၌ အပိုင်း(၃)ပိုင်းခွဲကာအောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေ ၆ ရက်ကကျင်းပသည့်...

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု...

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း:...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍...
HomePopular Academy2017 Academyရွှေသမီး ဘာကြောင့် အကယ်ဒမီပေးပွဲ...

ရွှေသမီး ဘာကြောင့် အကယ်ဒမီပေးပွဲ မတက်တာလဲ . . .

ရွှေသမီးက အနုပညာလောကသားတွေရော ပရိသတ်တွေပါ ရင်ခုန်စွာ ဆင်နွဲကြတဲ့ အကယ်ဒမီပေးပွဲကိုတော့ ဒီနှစ်မှာ ရှောင်လွှဲလို့မရတဲ့ ကိစ္စအခက်အခဲလေးတစ်ခုကြောင့် မတက်ရောက်ဖြစ်တော့ဘူးလို့ဆိုပါတယ်။ ယခင်နှစ် တွေကတော့ နှစ်တိုင်းတက်ရောက် အားပေးဖြစ်ခဲ့ပြီး အခုနှစ်ကိုတော့ အဝေးကနေပဲ အားပေးတော့မှာပါ။ ဒီနှစ်မှာ ဘယ်သူတွေ အကယ်ဒမီရမလဲဆိုတာကိုတော့ …

ရွှေသမီးက အနုပညာလောကသားတွေရော ပရိသတ်တွေပါ ရင်ခုန်စွာ ဆင်နွဲကြတဲ့ အကယ်ဒမီပေးပွဲကိုတော့ ဒီနှစ်မှာ ရှောင်လွှဲလို့မရတဲ့ ကိစ္စအခက်အခဲလေးတစ်ခုကြောင့် မတက်ရောက်ဖြစ်တော့ဘူးလို့ဆိုပါတယ်။ ယခင်နှစ် တွေကတော့ နှစ်တိုင်းတက်ရောက် အားပေးဖြစ်ခဲ့ပြီး အခုနှစ်ကိုတော့ အဝေးကနေပဲ အားပေးတော့မှာပါ။ ဒီနှစ်မှာ ဘယ်သူတွေ အကယ်ဒမီရမလဲဆိုတာကိုတော့ …

”ညီမကိုယ်တိုင်ကလည်း ဒီနှစ်အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေကို နည်းနည်းကြည့်ရှုဖြစ်ပါတယ်။ တကယ့်ကို ဇာတ်ကားကောင်းတွေပါ။ သရုပ်ဆောင်တွေအားလုံးကလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ကြတဲ့သူတွေ တကယ့်ကို ကိုယ့်ရှေ့ကသရုပ်ဆောင်တွေရဲ့ ဇာတ်ကားတွေပါပဲ။ အားလုံးကိုတော့ရစေချင်တယ်။ ဒီနှစ်ကတော့ မအူဝဲ၊ မအေးမြတ်သူ၊ မစိုးပြည့်သဇင်တို့ရမယ်လို့တော့ ကြားပါတယ်။ ဘယ်သူပဲရရပါ၊ အားလုံးအတွက် ရင်ခုန်ပေးနေပါတယ်”လို့ ရွှေသမီးက ပြောပြခဲ့ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေ အချိန်အဟုန်ကောင်း ကောင်းနဲ့ ရိုက်ကူးလာတဲ့ ဒီနှစ်ပိုင်းမှာတော့ သူ့အနေနဲ့ လည်း ရုပ်ရှင်ဇာတ်ကားတွေ ပိုပြီးရိုက်ကူးဖြစ်နေပါတယ်။ဗီဒီယိုဇာတ်ကားတွေလည်း တစ်လတစ်ကား ပုံမှန်ရိုက်ကူး ဖြစ်နေပြီး သရုပ်ဆောင်ရတဲ့အခန်း နည်းပေမယ့် ပညာရ မယ့် ကာရိုက်တာမျိုးဆိုရင်တော့ လက်ခံရိုက်ကူးဖြစ်နေတယ် လို့ဆိုပါတယ်။

အခုလတ်တလော မှာတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးနေတဲ့ “လူခေါ်ခေါင်း လောင်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းမော် ကွန်း၊ ထွန်းထွန်း၊ နေယံ၊ ထူးခြား၊ သိန်းလင်း စိုးတို့နဲ့အတူပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ ရွှေသမီးက ပိုက်ဆံရှိတဲ့သူဌေးသမီး၊ ဒါပေမဲ့ မိဘမေတ္တာ တအား လိုချင်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကာရိုက်တာနေရာကနေ ပါဝင်သရုပ်ဆောင်ထား တယ်လို့ပြောပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ချောင်းမငယ်ဆည်မှ နေပြည်တော်သို့ တစ်ရက် ရေဂါလန် ၉၄ သိန်းပေးဝေ၊ နွေစပါးစိုက်ဧက ၄၇၀၀ ကျော် အောင်မြင်စွာစိုက်ပျိုးပြီးစီး

ချောင်းမငယ်ဆည် ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံးရေ ဂါလန် ၉၄ သိန်း ပေးဝေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ချောင်းမငယ်ဆည်ရေသောက်ဧရိယာအတွင်း (၂၀၂၅-၂၀၂၆) ခုနှစ် နွေစပါးနှင့် နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မတ် ၁ ရက်မှစတင်ကာ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေအလေအလွင့်နည်းပါးစွာဖြင့် စနစ်တကျ စီမံကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် နွေစပါး ၄၂၆၆ ဧကနှင့် နွေသီးနှံ ၄၄၁ ဧက၊ စုစုပေါင်း စိုက်ဧက ၄၇၀၇ ဧက စိုက်ပျိုးပြီးစီးထားကြောင်း...

ရွေးကောက်ပွဲသည် သန့်ရှင်းပြီး သိက္ခာရှိသော အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ခဲ့ဟု နိုင်ငံတော်သမ္မတ ပြော”

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့အတွင်း၌ အပိုင်း(၃)ပိုင်းခွဲကာအောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ခဲ့သည်ဟု ပြောသည်။ " တစ်နိုင်ငံလုံးအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၄ ဒသမ ၂၃)သန်းအနက် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၃)သန်းကျော်ရှိခဲ့ပါတယ်။ ဆန္ဒမဲပေးမှုရာခိုင်နှုန်းက (၅၄ ဒသ မ ၂၂)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဆန္ဒမဲပေးရာမှာ လူငယ်ပိုင်းနဲ့...

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်မှတ်တမ်း

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း: နှစ်ပေါင်း ၁၀၀ ကျော် (ကိုလိုနီခေတ် မြေပုံအငြင်းပွားမှုမှ အစပြု)။ သံတမန်ဆက်ဆံရေးသက်တမ်း: ၇၅ နှစ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု: ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် ထိခိုက်မှု: ကမ္ဘောဒီးယားဘက်မှ ၁ ဦး ‌ေ-သဆုံး။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက် Timeline ကြားဝင်စေ့စပ်မှု ပုံစံများ ၁။ Track I (တရားဝင်လမ်းကြောင်း): ဝန်ကြီးဌာနအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ခြင်း။၂။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071